Tuesday 24 February 2009

အုန်းသီးနှင့် တူသော မိန်းမပျိုလေးများ


"မိန်းမ" ဆိုတာ တစ်ကယ်တော့ "အုန်းသီး" တစ်လုံးလိုပါပဲ… အထဲ ထဲက အသားကို စားရဖို့ အတွက် အဆင့်ဆင့် ဖြတ်တောက် ခုတ်ပိုင်းရပါတယ်။ ပထမဦးဆုံး အုန်းသီးစားချင်ပြီးဆို ရင်တော့ ဓားကောင်းကောင်း တစ်လက်တော့ လိုပြီပေါ့ဗျာ၊ ဘာလို့ လဲဆိုတော့ အပေါ်ခွံ ကနဲနဲမာတယ်လေ… ငှက်ပျောသီးကို အခွံနွှာ စားသလိုမျိုး မလွယ်ဘူးဗျ….ထားပါတော့ အရင်ဆုံးဓားသုံးပေါ့ ဗျာ… ပထမအဆင့် အခွံနွှာပြီးတော့ ဒုတိယ အဆင့် မှာတော့ လက် နဲနဲဝင်တယ် ခင်မျ… အုန်းသီးအမျှင်တွေလေ.. လက်အားများမသန်လို့ ကတော့ တော်တော်နဲ့  ပြီးမှာမဟုတ်ဘူး…ဆွဲဆွဲဖြဲရတာ…ပြီးပြီဆိုတာနဲ့  အချောသတ်ပေါ့ဗျာ.. အုန်းသီး ကို အချောသတ် အဆင့်ပေါ့.. ဒါကတော့နဲနဲလွယ်တယ်ခင်မျ.. ဓားနဲ့ ဟိုခြစ်ဒီခြစ်.. ပန်းပုထုသလိုပါပဲ… အချောသတ် ပြီးပြီဆိုတာနဲ့ သူ့ ညီမ မိညိုကို ထပ်သတ်ကျတာပေါ့ဗျာ……… အဲ.. မှားလို့ .. အဲလို အချောသတ်ပြီးပြီဆိုတာနဲ့  နောက်ဆုံအဆင့်ကတော့ ခွဲဖို့  ပေါ့ဗျာ.....။

ဒီအဆင့်မှာတော့ နဲနဲပညာသား ပါတယ်ခင်မျ…မခွဲတတ်လို့ကတော့လေ… အုန်းသီးက ထပ်ခြမ်းတော့ မကွဲဘူး… အစိတ်စိတ် အမွှာမွှာဖြစ်သွားမယ်… ခွဲတတ်ဖို့ တော့လိုတာပေါ့ ဗျာ..မခွဲတတ်ဘူးဆိုရင်လဲ ခွဲတတ်တဲ့ သူဆီသင်ပေါ့ဗျာ..ကျွန်တော့်ဆရာရှိတယ်..သူ့ ဆီ မှာသင်..ခွဲချင်တာနဲ့ စွပ်ဆပ်မခွဲနဲ့ အုန်း..အုန်းရေတွေ အလကား ဖြစ်ကုန်မယ်.. ခံဖို့ ခွပ် အရင်ရှာအုန်း…ခွပ်ရတော့မှ ခွဲ..အဲဒါမှအုန်းရေသောက်ရမှာ..မဟုတ်ရင် အလကားဖြစ် ကုန်မယ်…ပင်ပန်းရကျိုးမနပ်ဖြစ်သွားမယ်… ပြီးမှအုန်းသီးဖတ်လေးတွေကို နွှာစားကြပေါ့ ဗျာ..ရေငတ်လာရင် အုန်းရေလေးသောက်… ဘယ်လောက်အရသာရှိသလဲ.. ကောင်းမှ ကောင်းပဲ..
သတိ.. စားကောင်းတိုင်း စွပ်မစားနဲ့ အပူကန်မယ်၊ ချောင်းဆိုးမယ်၊ လည် ချောင်းနာမယ်…အုန်းသီး ခွဲဘူးပြီး… အုန်းသီးစားဘူးတဲ့  သူတိုင်းသိမှာပါ။
ထွေထွေထူးထူး ပြောစရာမရှိပါဘူး..အဲလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ ဆိုတာလဲမလွယ် ဘူးခင်မျ… အုန်းသီးခွာရသလို နဲနဲတော့ပင်ပန်းတယ် လက်ပေါက်ကပ်တယ်ပေါ့ဗျာ.. ဒါကလဲ ကိုယ်က ခွာနေကျ မဟုတ်တာလဲပါမှာပေါ့လေ.. အဲ. . ခွာနေကျဖြစ်တဲ့ အုန်းသီး ဆိုင်က ကောင်မျိုးတွေကျတော့လဲ မပြောတတ်ဘူး… ဟုတ်တယ်.. သူတို့ ကအုန်းသီးကို ငှက်ပျောသီးခွာသလို ခွာတာ.. အရမ်းမြန်တာ.. ဟော..တစ်လုံး..ဟော..တစ်လုံးပဲ… အင်းပေါ့လေ ဘယ်တတ်နိုင်မလဲ ကိုယ်ကအုန်းသီးစားချင်တာကို နဲနဲတော့ ပင်ပန်းမှာ ပေါ့.. ဒါပေမယ့်သတိတော့ထားရမယ်….နောက်ဆက်တွဲ အပူကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း တွေကိုလဲ ခံနိုင်ရည်ရှိရမယ်..ဒါမှ...အုန်းသီးတစ်လုံးရဲ့  အရသာကို သိမှာပေါ့…..။
အုန်းသီးရဲ့  အရသာနဲ့ ဆိုးကျိုးတွေပဲပြောနေတာ.. တစ်ကယ်တော့ဆိုးကျိုး ထက် ကောင်းကျိုးတွေက ပိုများပါတယ်…ဥပမာ မြန်မာရိုးရာ မုန့်တွေမှာအုန်းသီးမပါတဲ့  မုန့် မရှိသလောက်ပါပဲ..ရှိရင် Comment လေးပေးပါအုန်းဗျာ.. ပြောရရင်တော့ ပါလေရာ ငပိချက်ပေါ့ဗျာ..ဆိုလိုတာက သူမရှိလို့ မဖြစ်ဘူး အသုံးဝင်တယ် အသုံးတဲ့ တယ်ဆိုတဲ့ သဘောပါ။ပြီးတော့ အုန်းနို့ ခေါက်ဆွဲ၊ အုန်းဆီ၊အုန်းထမင်းပြီးတော့ အုန်းနို့ နဲ့ဓညင်းသီး အစရှိသဖြင့်ပေါ့… နောက်အများကြီးရှိပါသေးတယ်.. ရေးရင်လဲပြီးတော့မှာမဟုတ်တော့ဘူး… ကျွန်တော် ကတော့ အုန်းသီးဆိုရင် ရင့်ရင်မကြိုက်ဘူးခင်မျ.. ဇွန်းခြစ်ပဲကြိုက်တယ်… ဟီဟီ… အရည် ကလဲချိုတယ်.. အဖတ်ကလဲနုတယ်လေ.. အရမ်းအရသာရှိတာ… ခင်များတို့လဲစားဘူးပါတယ်ဗျာ…အရသာရှိတယ်… ဟုတ်တယ်ဟုတ်… ပြီးတော့ အခွံလည်းနွှာစရာ မလိုဘူး..ဓားနဲ့ တစ်ချက်တဲ တိလိုက်ရုံပဲ…ဟီဟီ.. တစ်အားအဆင်ပြေတယ်… ပြောမယ့်သာပြောရတာပါ.. လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲဟာကို ကိုယ်
ကြိုက်တာကို စားကျပေါ့.. အုန်းသီးအကြောင်းပြောနေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး.....။
ပြောချင်တာက ဒီလိုဗျ… မိန်းကလေးတွေရဲ့ အချစ်ကိုရဖို့ ဆိုတာ မလွယ်ဘူးဆိုတဲ့ သဘောပါ.. သူတို့ ရဲ့ အပြင်ပန်းက ဘယ်လောက်ပဲမာကျောနေပါစေ.သူတို့ ရဲ့ နှလုံးသား ကတော့ အုန်းသီး ဆံလေးတွေလိုဖြူစင်ပြီး၊ အုန်းရေလို့ အေးမြပါတယ်ဗျာ.. ယောက်ကျား လေးများနဲ့ အနေနဲ့ အုန်းသီးစားပြီး အုန်းရေ သောက်ချင်ရင် နဲနဲတော့ ပင်ပန်းခံရမှာပေါ့ဗျာ ကိုယ်ကဖြူစင်တဲ့ နှလုံးသားနဲ့ အေးမြတဲ့ မေတ္တာရေ ကြည် ကို လိုချင်တယ်ဆိုရင်ပေါ့နော်။

ကျွန်တော်လိုလွယ်လွယ်ကူကူစားလို့ ရတဲ့ ဇွန်းခြစ်ကိုတော့ရှောင်ပေါ့ဗျာ.. ဒါပေမယ့်.. ဟီဟီ…စားလို့ တော့ ကောင်းတယ်နော်… အလကား အတည်ပါ.. နောက်တာပါ… ဒါတောင်အုန်းသီးစားချင်လို့ ဓားနဲ့ စပြီးခွဲတဲ့ အဆင့်ပဲ ရှိသေးတယ်.. အုန်းပင်ပေါ်မတက်ခိုင်းသေးဘူး.. တက်များ တက်ခိုင်းလို့ ကတော့…ဟီဟီ…ပြောတတ်တော့ဘူးဗျာ… တက်ချင်တဲ့ သူကတော့ တက်မှာပေါ့..ကျွန်တော်ကတော့ မတက်တော့ပါဘူး… ရသေ့စိတ်ဖြေနဲ့ ပဲနေတော့မယ်… ကုသိုလ်ကံ ကောင်းရင်တော့ အုန်းပင်လဲတက်စရာ မလိုပါဘူး..အုန်းသီးလဲခွဲစရာ မလိုပါဘူး.. အဆင်သင့်လာကျွေးမယ့်သူ ရှိမှာပါဗျာ… ဒါပေမယ့်လဲ အဲဒါတော်တော်လေးကို ကံထူးတဲ့ သူပဲဖြစ်မှာပါ… ကျွန်တော်လဲ အဲဒီ အထဲပါမယ်ထင်တာပဲ..အခုထိတော့ ဘယ်သူမှ လာမကျွေးကျသေးဘူး.. ဟီဟီ.. ရေးတာလဲ တော်တော်ရှည်သွားပြီ..ဆက်ရေးရင်လဲ ဖတ်တဲ့ သူငယ်ချင်းတွေက ရှည် တယ်ဆိုပြီး မေတ္တာပို့ မှာလဲစိုးရသေးတယ်…တော်ပြီနော်..လောက်ပဲ…သူငယ်ချင်းများ အားလုံး အုန်းသီးနဲ့  အုန်းရေ စားနိုင်သောက်နိုင်ကြပါစေ… လို့ ဆုတောင်းရင်း…..

အသူရာကောင်လေး(ခေတ္တနတ်ပြည်)




Monday 23 February 2009

ကျွန်တော်နဲ့ Sensor Gate


ကိုယ်တွေ့ အဖြစ်အပျက်လေးပေါ့ဗျာ...
ပြောရမှာတောင်..... ဟီးဟီး..... ရှက်ပါဘူး....

ပြောရရင် ဟို ကောင် ဘိုထက် မကောင်းလို့ ပေါ့ဗျာ... “ ဈေးသွားခေါ်သူ ပိုးဟတ်ကြီး.... အင်္ကျီ ငှားသူ မောင်ဘိုထက် အဖော်လိုက်သူ ကျွန်တော်.... ကြံဖော်ကြံဖက် ၃ ယောက်သား အနက်မှ .... ငမိုက်သား မောင်သိဟ် ရေ... နင်ကြီး ပဲ ခံလေတော့....”ဆိုရ အောင်ပဲ .... ကံကောင်းလို့ ရဲစခန်း မရောက်တယ်.....ဇာတ်လမ်း လေလို ပြောပြမယ်ဗျာ....အဖြစ်အပျက်က ဒီလို ဒီလို...........။

“လမ်းတွေ့ ပြုံးပြ အကြွေးတောင်း..... လတိုင်းဒီလိုပဲ ဘာမှမထူး.....
ခင်ဗျားကြောင့် လစဉ် အတိုးတက်..... ဖုန်းဆက်တောင်း လည်း မပေးနိုင်ဘူး....
ခင်ဗျားမသိ သလို ဘဲလား... ရင်ထဲ အကြင်နာတရား တကယ် မရှိဘူး....
ကြာပါတယ်ကွာ... မြန်မြန်သာ သင်္ချိုင်း သွားတော့
ကြာပါတယ်ကွာ..... တော်တော်ကြာ သတ်မိ လိမ့်မယ်.. ကြာကြာ......”

“ဟကောင်......... ဘာတွေလျောက်အော်နေတာတုံး... ငါ့ ကောင်မလေး သီချင်းတော့ ပျက်ပါ ပြီကွာ”
ကျွန်တော်ရဲ့ ရင်ဖွင့်သံစဉ်လေးတွေ ဆိုနေတုံး ငှက်စုန်း ထိုးသံ လိုလို ဘာလိုလို ကြားလို့ လှည့်ကြည့်လိုက် တော့ ..... ပိုးဟတ်ကြီး....
”ဟီးဟီး...... ရင်တွင်းဖြစ် ဝေဒနာလေး တွေပါကွာ.....”
“ဘာလဲ..အကြွေးက မကျေသေးဘူးလား....ဒီကျောင်းကပဲ ချေးတာပဲလား....”
“ဘယ်ကသာ.... ဒီကျောင်းက အကြွေးယူရင် မျက်နှာပူလို့....ရှောင်လို့လဲ မရဘူးလေ... တခြားကျောင်း က ဆွဲထားတာ....ဟဲဟဲ”
“ယူတုန်း က ယူပြီး တော့ တောင်းတော့ကျ တစ်မျိုး….မင်းလိုကောင်မျိုး ငါဆိုမချေးဘူး”
“ဟ….ပိုးဟတ်ကြီး ရ……. ရှေးထုံးလည်း မပယ်နဲ့၊ဈေးသုံးလဲ မလွယ်နဲ့ တဲ့….. ငါ ကရှေး ဟောင်း အမွေ အနှစ်တွေ ထိမ်းသိမ်းလာတဲ့ ကောင်ပါကွာ….”
“မဆိုင်… မဆိုင်… မဆိုင်ရေးချမဆိုင်”
“ဆိုင်တာပေါ့ဟ…. ကြွေးယူပြုံးပြုံး၊ကြွေးတောင်းတော့မုန်း တဲ့…..” စကားပုံ မပျောက်အောင်ထိမ်းသိမ်း နေတာ….ရှာကြည့်လိုက်ဦး…. ငါ့လို ယဉ်ကျေးမှုအမွေအနှစ်ထိမ်းသိမ်း တဲ့ လူမျိုး……”
“ဟာ....မိုက်ရိုင်းဘူးလားကွာ....” “ရိုင်းပါဘူးကွာ.... နော့ အသူရာကြီးရာ....”
ဂိမ်းဆော့နေသော....အသူရာကောင်လေး ကို စစ်ကူတောင်း လိုက်တော့........အဆိုင်းမတွ ပါပဲ...ပြန် တွက်လိုက်တယ်.....
“အေးလကွာ....သူ့ဘာသာ ဆပ်နိုင်လို့ ချေးတာပဲ...”
“အေးပါကွာ.....အာရှန် သွားမလို့ ..... လိုက်ခဲ့စမ်းပါဟ....ငါရယ် ဘိုထက်ရယ် နှစ်ယောက်ထဲပျင်းလို့......”

ပိုးဟတ်ကြီး ပြောတုန်း ရှိသေး...ဘိုထက် ပါအခန်းထဲ ရောက်လာပါတယ်.....
“အလဲ့ .....ရှိုး စမိုး အပြည့်နဲ့ တယ်လှနေပလား........ မုန့်ကျွေးနော်....”
လူစုံလာတော့....အသူရာကြီးလဲ ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး... သူ့ရဲ့ ဂိမ်းကစားချင်းကို လက်စသတ်ပြီး စကားဝိုင်းထဲကိုရောက် လာပါတော့တယ်.... ကျွန်တော်တော်တို့အဖွဲ့ကဒီလိုပါပဲ....လူစုံ လာတာနဲ့ တစ်ယောက် တစ်ပေါက် နဲ့... ဆူညံသွားတာပါပဲ..... ပြေးကြည့်မှလဲ ဒီလူတွေပဲရှိ တာကိုး.... ရေးခြားမြေခြား ဆိုတော့လဲ ပိုပြီး စည်းလုံး ကြတာပေါ့ဗျာ....။

“မင်းတို့ ၂ ကောင်လိုက်မှာမလား.... လိုက်ခဲ့ပါကွာ...နော”
“အေး.... လိုက်ခဲ့ပါဟ.... အလန်းလေးတွေ ရှိုးရမှာနော်... ဟင်းဟင်း” ဘိုထက်နဲ့ ပိုးဟတ်ကြီး စကား အဆွယ်စကားကသိပ်မကောင်းရှာပါဘူး...... အသူရာကြီး က ခေါင်းလေးထောင်လာပါတယ်....
“ဟေ့ကောင်တွေ... မင်းတို့ ငါတို့ကို အဲဒီ မာတုဂါမ တွေနဲ့ မဆွယ်စမ်းပါနဲ့ ကွာ....”
“မင်းက မကြိုက်လို့လား...”
“ကြိုက်တာပေါ့....ဟီးဟီး”
ဒီကောင်တွေ တွေ့ရင်အလိုပါပဲ... ကိုက် လိုက် ခွေ့လိုက် လုပ်နေတာနဲ့လိုရင်း ကို မရောက်တာနဲ့ ကျွန်တော် စကားကို အစသတ်ဖို့ပြင်လိုက် ရတယ်....

“လိုက်ပေးတာတော့ ဟုတ်ပါပြီ.....ဒါပေမယ့်ငါမှာက လမ်းစရိတ် ကို မရှိတာ....”
“ငါ စိုက်ပါမယ် နယ်သားရာ...”
ပိုးဟတ်ကြီး နဲ့ ကျွန်တော်က တစ်နယ်ထဲက ပါ...နယ်သား တော်တယ် ပေါ့ဗျာ….ကျွန်တော်တို့အခေါ်ပေါ့လေ….နယ်ချင်းတူရင် နယ်သား ခေါ်ကြတာပဲ…..တစ်ခါတစ်လေဆို တစ်တိုင်းလုံး..တစ်ပြည်နယ် လုံးမှာနေတာ တူရင် တောင် နယ်သား ပိတ်တော်ပြစ်တာ….မှတ်ကရောပဲ…..ခုလိုတိုင်းခြားပြည်ခြား ရောက်တော့လဲ ဘယ်လိုတော်တယ် မှတ်လဲ……..မြန်မာပြည်သား တဲ့…….မိုက်ဖူးလား….ဟီးဟီး……အဲလိုအဲလို
“အင်း….. လမ်းစရိတ်ကတော့ ဟုတ်ပါပြီ….. ငါ့အဝတ်အစား တွေက လျော်လျော်……”
“အဖေ ပေးမယ်…..နော်…အသစ်….ငါတောင်မဝတ်ရသေးဘူး…..”
“ကျေးဇူးကြီး လှပါပေတယ် ယောက်ခမသားရယ်….ဟီး”
အဲလိုပါပဲ….ကျွန်တော့်ဘော်ဘော် ယောက်ခမသား တွေက ချစ်ဖို့ကောင်း တာ……..ဇာတ်လမ်းကလည်း အဲဒီမှာစတာ ပဲလေ….။

“ကဲကဲသွားကြမယ်….ငါတို့ကပြင်ပြီးပြီ…မင်းတို့ပြင်တော့…..ဟိုကောင်တွေသွားမေးလိုက်ဦးမယ် လိုက်ကြဦးမလားလို့ ’’
“လှပြီးသား တွေ ကို ပြင်စရာလား…ဟုတ်တယ်မလား သိဟ်ကြီးရာ…”
“ဟုတ်တာပေါ့ အသူရာကောင်လေးရာ….”
အတိုင်အဖောက်ညီညီနဲ့ ရေချိုးခန်းကို သုတ်ခြေတင်နဲ့ ထွက်ဖို့ပြင်လိုက်ပါတော့တယ်…….
“နေဦး….ဟိုကောင် ဂျလုန်းကို ဝင်မေးကြည့်လိုက်ဦး…..လိုက်မှာလားလို့….ငါတို့က ဟို၂ ကောင်စီသွားလိုက်ဦးမယ်…မြန်မြန်လုပ်” “အေးအေး….”
ဒါနဲ့ပဲ ဘိုထက်နဲ့ပိုးဟတ်ကြီး အဆွယ်ကောင်း မှုကြောင့် အစီအစဉ်မရှိဘဲ လိုက်ဖို့ပြင်ဆင်လိုက် ရတော့တယ်….။ ရေအမြန်ချိုး ကသုတ်ကရုတ် ပြင်လိုက်ရတယ်…….။ မှောင်ရင်မကောင်ဘူးလေ….. အာရှန် သွားရင် ညကြရင် နောက်ဆက်တွဲ လုပ်ငန်းစဉ် တွေက တွဲရက် ပါမှာ သိနေတော့……ကိုယ့်အဖွဲ့အကြောင်းကို ကိုယ်ပဲ သိတယ်…….။

ရေမချိုး ခင် လေး ဂျလုန်း ကို ဝင်ခေါ် လိုက်တော့ …
အမ်မာ….. ဆရာသမား က လူ့ဘောင်လောက ကြီး ကို ခဏ အဆက်ဖြတ် နေတယ်…သိလိုက်တယ်….ဒီလောက်ဆို မှောက်နေတာပဲရှိမှာပဲ……။
“အိုင်ဆေးမောင်သိဟ်…. ဒီအလောင်းကောင်ကြီး ကဘယ်လိုလုပ် မှာတုန်း”
“ဘယ်လိုလုပ် မှာလဲ အိုင်ပီ အသူရာ ရယ်….ရပ်ကွက် အကြောင်းကြားပြီး ဖဲဝိုင်းထောင်တာပေါ့…..မကစားရတာလဲကြာပြီ …. အပျင်းပြေပေါ့…..ဒီကောင့်ကို ၁ ပတ်မထား ဘူး…၁ လ ထားမယ်….အကောက်လဲ များများ ရတာပေါ့…၁ ချက်ခုတ် ၂ ချက်ပြတ် …..ဂွတ်ဘူးလား…..ဟဲဟဲ”
“ပုတ်စော် တွေ နံပေ မပေါ့ ဗျ….”
“ အာ….ဖရုံသီး ခွဲထည့် လိုက်တာပေါ့ ….. ဘာခက်တာမှတ်လို့…”
“သွားမယ်….သွားမယ်….ဟိုကောင်တွေစောင့်နေတာ ကြာပြီ…..”
”လိမ့်မယ်….”

ဒီလိုနဲ့ပဲ ကျွန်တော်တို့ခရီးစဉ်ကြီး ကို အောင်မြင်စွာ ပဲ စတင် လိုက်ပါတော့တယ်….ကျွန်တော့်ရဲ့ ဆန်ဆာ ဇာတ်လမ်းကြီးနဲ့ လဲ တဖြည်းဖြည်း နီးကပ်လာတယ် ဆိုရမှာပေါ့ဗျာ…..။ ၄ ယောက် သား ကော့တော့ကော့တော့ နဲ့ ကားဂိတ်ကို ချီတက် သွားကြတာပါလေရော…..။
“စလစ် တို့က မလိုက်ဘူးလား ”
“မလိုက်ဘူးတဲ့…..ရွာက သူ့မိန်းမနဲ့ ကလေး တွေ ရောက်လာလို့ တဲ့……စကားပြောနေတယ်….
ဆိုက်ဘို ကလည်း ဧည့်တွေ့ လာနေတယ်…လိုက်မယ်ပြောတယ်….ကားဂိတ်က စောင့်တဲ့ ”
“ဟုတ်လား……ငါလည်း kim tae hee(ကိုရီးယားမင်းသမီး) နဲ့ချိန်း ထား တာ…. မင်းတို့ အားနာလို့ လိုက် လာတာ…..ဟီးဟီး ”

“ဟုတ်လား အသူရာကောင်လေး ရ အဝတ်တွေ ပုံနေ ပြန်ပြီတဲ့လား…..အလုပ်ကို လေးစားပါကွာ…..”
အသူရာကောင်လေး တစ်ချက် အလစ်ခံလိုက်ရတယ်…. ထိချက် က နဲနဲပြင်းသွား တယ်ထင်ပါတယ်…ပိုးဟတ်ကြီး မိုးမွှန်အောင် အဆဲ ခံ လိုက်ရတယ်…..။
“ ဟိုကောင် ကလည်း မလာသေး ဘူး ကွာ…. ကားတောင် ၂ စီးလွတ် သွား ပြီ”
ဘိုထက်ကြီး ညည်းတုန်း တန်းလန်း ပါပဲ ဆိုက်ဘို ရောက်လာ တာနဲ့ ကားအလာစောင့် ပြီး အာရှန် ကို လစ်ကြပါတော့တယ်.......။
အာရှန် ဆိုတာ က ဆူပါမားကပ် အကြီးစားကြီးပေါ့ဗျာ….. ကြီးတာမှ တော်တော်ကြီး တာ…. စလစ် တို့ရွာ တောင် စီးကရက် တစ်လိပ် မကုန်ဘူး… ရွာတစ် ပတ် ပြီး နေပြီ…ဒီဆိုင်ကြီး က ဆေးလိပ် အကြမ်း ၁ စီး လောက် ကုန်မှ ဆိုင်ကို လျောက် လည်ပြီးတာရယ် ဗျ…….. အမြဲတန်းတော့ မသွား ဖြစ်ပါဘူး…. တစ်ကူး တစ်က မလို့ တစ်ခါတစ်လေ မှ သွား ဖြစ်တယ်…. ကျောင်း ပိတ် ရက်တို့ ဝယ်စရာ တွေ လိုမှသွား ဖြစ်တယ်….

ကျွန်တော်တို့ အခု နေတဲ့ မြို့နဲ့ နဲနဲ ဝေးလို့…. မိနစ် ၂၀ လောက် တော့ ကားစီး ရတယ်ဗျ…..။ ပုံမှန် စားစရာ သောက်စရာ လောက် ကတော့ ကျွန်တော်တို့ အဆောင် နားက ဆိုင် က ပဲဝယ်စား ဖြစ်တယ်…..။ အဲဒီလို နဲ့ ပဲ အာရှန်ကို ကျွန်တော်တို့ အဖွဲ့ ရောက် သွား ကြပါလေရော…..။

“ကဲ…ရောက်တော့ရောက်လာပြီ…..မင်းတို့က ဘာဝယ်ကြမလို့တုန်း”
…ဟုတ်တယ်လေ…သူတို့ခေါ်လို့ သာ လိုက်လာရတယ်….ကိုယ်တွေက အညောင်းခံ ပြီးတော့ တစ်ကူး တစ်က လိုက် လာရ တာလေ…..စဉ်းစားကြည့်ရင် ကိုယ့်ကိုယ် တောင် သနားမိသေး….။
“ဟုတ်တယ်နော်…ငါတို့က ပင်ပန်းရင် ဗိုက်ဆာတတ် တယ်…..ဘာမှ မကျွေး ရင် ဒီက နေလှည့်ပြန်မှာ…ပြန်မှာ နော်..ဟင်းဟင်း”
အသူရာကောင်လေး က စိတ်ဆိုးချင်ယောင်ဆောင် ပြီး နှုတ်ခမ်းကြီး ထော်ပြီး ပြောနေသော်လည်း ကျွန်တော် ကတော့ မလုပ်…. ဟန်မဆောင် နိုင်ပါဘူးလေ….ကိုယ့်မှာမှ ပိုက်ဆံတစ်ပြားမှ မပါတာကိုး
“ ပိုးဟတ်ကြီး နဲ့ ဘိုထက် …. ငါကတော့ပြန်ဖူး နော်…. မင်းတို့သွားတဲ့ နောက် လိုက် မှာပဲ… မထားခဲ့နဲ့နော်….ဟီး”
“ဒီမယ် သိဟ်ကြီး….. မင်းကတော့ မင်းကြိုက်သလို ဆုံးဖြတ်နိုင်တယ်…. ပြန်ချင်ပြန်လို့ရတယ်…..”
“အဲလို သစ်စိမ်းချိုးမချိုးနဲ့ လေ…… သူများသား ကိုခေါ်တုန်းက ခေါ်ပြီးတော့……..”
သိတယ်…. အဲဒီ သတောင်းစားတွေ ကျွန်တော် ပိုက်ဆံမပါ မှန်းသိလို့ ကပ်ဖဲ့နေတာ…. အောင့်သက်သက်နဲ့ ကျိတ်မှိတ် တေးထားလိုက်တယ်…. တွေ့မယ် KFC ဆိုင်ရောက်မှ ငါ့အကြောင်း ကောင်းကောင်းသိတာပေါ့ ဆိုပြီးတော့…… ဝေသလီပြည် ဘီလူး စီးသလို စား သောက်ပြစ်လိုက်မယ်….. ဟင်းဟင်း…….။ အဲဒါနဲ့ ပဲ ဆိုင်ကြီး ထဲကို စတင် ဝင်ရောက်ခဲ့ကြ ပါတော့တယ်…..။

ကျွန်တော်နဲ့ ဆန်ဆာ ကလဲ စတွေ့တာပဲလေ….။ ဟိုငေး ဒီငေး လျောက်ကြည့်ရင်း နဲ့ အသူရာကောင်လေး က ဖိနပ်ကြည့် ချင်တယ် ဆိုတာနဲ့ ဖိနပ် ဆိုင် ထဲကို စဝင်လိုက် ကြတယ်….။ ရှေ့ က ဟိုကောင် တွေ ဝင်သွား တာ အကောင်း……ကျွန်တော် လဲ ဝင်ရော စတွေ့တာပဲ……ကိုယ်တော်ချော မောင်ဆန်ဆာ က ထ အော် ပါလေ ရော……..။
“တီတီ….တီတီ…….တီတီ”
ဟာ….. ဘာတုန်းဟ….
ကျွန်တော်တောင် ခေါင်းနပမ်း တွေ ကြီး သွား တယ်…..ပြန်စဉ်းစားကြည့် တော့လဲ ငါဘာများ မှားလို့ လည်းပေါ့….. ကျွန်တော်က သာ စဉ်းစား နေတာ…. ဆိုင်က Security နှစ်ယောက် လာပါလေရော…… သူတို့ ကလည်း ယဉ်ယဉ် ကျေးကျေး ပါပဲ….လူကြီးမင်း ကို စစ်ခွင့် ရှိမလားဆို ပြီး စစ်ပါလေရော…….ကျွန်တော်ဝတ်လာတဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျွန်တော်လွယ် နေကျ လွယ်အိတ်လေး ကို စစ်ရော……. စစ်တော့ရော ဘာတွေ့မှာ တုန်း…. လွယ်တဲ့ အိတ်ကလည်း အပြင်သွားရင် လွယ်နေကျ မလို့ သာ လွယ်တာ….ဘာမှပါတာ မဟုတ်ဘူး ရယ်ဗျ……သူတို့လဲ ကျွန်တော့်ကို စစ်ပြီး ဘာမှ မတွေ့တော့ ခေါင်းလေးကုတ်တုတ် ကုတ်တုတ် နဲ့ တောင်းပန်ပြီးပြန်သွား ကြ ရော…..။

ဟို ကောင် ၄ ကောင် ကတော့ ဘာမှတောင် မသိလိုက်ဘူး…….။ အဲဒါနဲ့ ကျွန်တော်လဲ ဘာမှ မပြောသေးဘူး…… ဒီဆိုင် က ဆန်ဆာ မကောင်းလို့ဖြစ်မယ် ဆိုပြီး ငြိမ်နေ လိုက်တယ်…..။ ဆိုင်ထဲမှာ ဟိုကြည့်ဒီကြည့် ကြည့်ပြီး ထွက်လာခဲ့ကြတယ်…. ဘာ ဖိနပ် မှလဲ မဝယ် ဖြစ်ပါဘူး…. ရှင်းရှင်း ပြောရင် ခြေအိတ် တောင် မဝယ် ဘူးထင်တာပဲ…..
ဟီးဟီး…….။
ဒီလိုနဲ့ဟို ဆိုင် ကြည့်လိုက် …… အပြင်အဆင်လေးကြိုက်ရင် ဝင်ကြည့်လိုက် နဲ့ ပေါ့…..။အဲ…..ဝင် တိုင်းလဲ ဆန်ဆာ က အော်တယ် ဗျာ…. သူ့လည်းပင်း တက်နင်းသွား တာကြတာနေပဲ… တတီတီ နဲ့…. အဲကြမှ ပဲ ဟိုကောင်တွေ ရိပ်မိသွား တယ်… အခွက်တွေ ကို က ပြုံးစိစိ နဲ့….. မင်းဟာမင်းရှင်း ဆို ပြီး လက်တောင် ခါလိုက်သေးတယ်….. သူ့တို့ သူငယ်ချင်း ကြီးရဲ့ အကျင့်စာရိတ္တကို လဲ ယုံလို့ လွှတ်လိုက်တယ် ထင်ပါတယ်……ကိုယ်ထင်တာ ကိုယ်ဆွဲတွေး ပြစ်လိုက်တာပဲ…..။ အဲဒါနဲ့ ကျွန်တော်လဲ တော်ပြီလို့…. ဒီကောင်တွေ ဝင်တိုင်း လိုက်မဝင်တော့ ဘူး လို့ ဆုံးဖြတ်လိုက် ပြီး အပြင် ကပဲ စောင့်ပဲ နေလိုက် တော့တယ်…..။ ဗိုက်ကလဲ ဆာ နေပြီ….ခြေကလဲတိုလွန်းလို့ ခေါင်းနဲ့ဖနောင့် ထိတော့မတတ်ပဲ….။

“ညီလေးမောင်သိဟ်……ပျင်းတော်မူ နေပြီလားကွဲ့…..”
အသူရာကောင်လေး ကအရွှန်းလာဖောက်လာ ပေမယ့်လဲ လူ က ဗိုက်လဲဆာ၊ညောင်းလဲ ညောင်းနေတာနဲ့ ပြန်ရွဲ့ လိုက်တယ်…
“မှန်လှပါ အစ်ကိုတော်..... ရွှေဗိုက်တော်လဲ ဆာတော်မူနေပြီ...သွားမယ်” ဆိုပြီး တော့ မနည်းဆွဲခေါ်ပြီး Mcdonalds နဲ့ KFC မုန့်ဆိုင်တန်းတွေ ဘက် ကို မနည်းဆွဲခေါ်လိုက်ရတယ်…..။လာကတည်း က ဆွဲ မယ်ဆို ပြီးကျိန်း လာ တော့ အသားကုန်ဆွဲလိုက် တယ်….။ စားသောက်ပြီးတော့ ဟိုကောင် တွေ က သိချင်ရှာနေတဲ့ ဆန်ဆာ ဂိတ်အကြောင်း မေး ပါတော့တယ်……။
“သိဟ်….မင်းဘာတွေ တို ထားတာလဲ….ငါတို့ သိက္ခာကျ အောင်မလုပ် ပါနဲ့ကွာ….”
“ခွီးတဲ့မှပဲ…. ငါ့မှာ ဆိုင် တစ်ခါ ဝင်တိုင်း မျက် ခုံး တစ်ခါလှုပ်တယ်….”
“အေး….. ထပ်လှုပ်ရဦးမယ်…. ဒါနောက်ဆုံး ပဲ…..အစားအသောက်တန်းဘက် သွားပြီးရင်ပြန်မယ်….”
သူတို့ပြောမှပဲ ဒူးတောင် တုန်ချင်လာတယ်…. ဟုတ်တယ်ဗျ….. စားသောက်ကုန်တန်းက Security ပိုများတယ်….. ကောင်တာ ၁ခုကို ၂ ယောက်ကိုရှိတာ…. ကောင်တာကလည်း ၃၀ ကျော်လောက်ရှိမယ် ထင်တာပဲ…. ကျော်ရင်လည်းကျော်လောက်တယ်….. ပြီးတော့ လူကောင်ကြီးတွေကလဲ အကြီးကြီးတွေရယ်…..ဟီးဟီး….. တော်ကြာမှ ဆန်ဆာ ထပ်မြည်ရင် မပြော မဆို နဲ့ဝိုင်း သမလိုက်လို့ကတော့….. အမလေး…..မလိုက်ချင်လိုက်ချင်နဲ့လိုက်ဝင် ဖို့ဆုံး ဖြတ်လိုက် တယ်…… အပြင်ကလည်း မစောင့် ချင်ဘူး……. ကိုယ်ကလည်း စောင့်ရမှာ ပြင်းတာရယ်….. လုပ်စရာလေးလဲ ရှိတာ နဲ့ ဝင်လိုက်တယ်…… ကိုယ့်ကိုယ်မာန်တင်းရင်း…… အော် ငါလည်း တရုတ်သိုင်းကားတွေ ကြည့်ထားတာပဲ ဆိုပြီး မျက်စိ ဇုံမှိတ်ပြီး လိုက်ဝင်လိုက် တယ်……ဘာဖြစ်ဖြစ်ကွာဆိုပြီးတောပေါ့….. နောက်တစ်ခုက ခုထိ အဖြေမပေါ်သေးတဲ့ ဆန်ဆာ ကိစ္စလဲ နောက်ဆုံး အဖြေပေါ်နိုင် ကောင်းရဲ့ဆိုပြီး ဝင်လိုက်ပါတော့တယ်…..။ အထဲ ရောက်တော့လဲ လမ်းလျောက်တဲ့ ဂျိုကာပုံ ပါတဲ့ပုလင်းလေး ကိုင်ပြီး ဟိုကောင်တွေခြင်းထဲ ထည့်လိုက်တယ်…..။
“ဘာလုပ်တာတုန်း….အဲဒါဘာလုပ်တာတုန်း ”
ခြင်းထဲထည့်တုန်းတန်းလန်း အလန့်တကြားနဲ့ ဆိုက်ဘို က ခြင်းတောင်းကြီးကို သူ့ဘက်ဆွဲပြီးအတင်း ကျောက်ကန်ငြင်းပါလေရော……
“ဟ….ဆေးထည့်ပေးနေတာဟ…….မြွေထည့်ပေး တာကြနေတာပဲ….. မြင်လားလမ်းလျောက်နေတဲ့ပုံလေး…..လမ်းလျောက်တာများလို့ ညောင်းညာ ရင် ဒီဆေး သောက် ပေးရတယ် တဲ့…… မသိဘူးလား”
“အေးသိတယ်…..လကုန်ရင်တော့လာထားပဲ…..”
“ဟီးဟီး….အေးပါ….ငါကလည်းအကြွေး ရရင် ဆင်တောင် ဝယ် စီးမလို့စဉ်းစားထားတာ…..ဖြစ်တယ်ဖြစ်တယ်….”

ဆိုက်ဘို ကို အတင်းစည်းရုံးပြီးအပြင်ထွက်ဖို့ပဲ စိတ်လော နေ မိတယ်……ဘာထပ်ဖြစ်မလဲ ဆိုတာ သိချင်နေပြီလေ…..။ ပြီးသွားကြပါပြီ…… ဆရာသမားများ ဝယ်ခြမ်း လို့…… ကျွန်တောလဲ ဘုရားစာတွေ ရွတ်နေပြီလေ….. ကောင်တာ စဖြတ်ပါပြီ….. အသူရာကောင်လေး ထွက်တယ်….. အေးဆေးပါပဲ…. ဆိုက်ဘို နဲ့ ပိုးဟတ်ကြီး ဖြတ်တယ်…. အသာအယာပါပဲ…. ဘိုထက် အလှည့် ငွေရှင်းတယ်…. ထွက်တယ်…. ပုံမှန်ပဲ…..ဘိုထက်နောက် က ကျွန်တော်ကပ်လိုက် လိုက်တယ်….. ပါတာပဲ…… ကလေကဝ၊ အုတ်ကြားမြက်ပေါက်၊ ကျက်သရေယုတ် ဆန်ဆာ က အဖေ ပျောက် ကို ပြန်တွေ့သလို အော်ပါလေရော ဗျို့……။
ဝုန်းကနဲပဲ Security ၄ ၅ကောင် လောက် ပြေးကပ်လာပါလေရော…… icon တွေနဲ့ ပြောကြဆိုကြ…..ဌာနချုပ်သတင်းပို့တယ်ထင်ပါတယ်…… ကျွန်တော့်မှာ အမိမဲ့သား ရေနဲငါးလို မျက်လုံး ပေကလပ်ပေကလပ် နဲ့ ပေါ့ဗျာ….. ပြီးတော့ အဲဒီ ငနဲ ၂ကောင် ခြံရံပြီး ခေါ်သွား ပါလေရော….. ဟို ၄ ကောင်ကတော့ မျက်နှာတောင်ပြောင်ပြ နေသေးတယ်…. လက်ခါပြပြီး လိုက်သွား လိုက်သွား ဆိုပြီး အမူအယာ လုပ် ပြနေလိုက်သေးတယ်…..။ စိတ်ထဲကတော့…. ငါ့ကိုရဲလက်များ အပ်ပြီလားဆိုပြီး တွေးမိသေးတယ်…. ပြီးမှ…..အော် ဘာမှ မဖြစ်တာပဲ လိုက်သွား တော့တိတိကျကျ အဖြေတောင် သိရသေး ဆိုပြီးငြိမ်ကာ လိုက်သွား လိုက်တယ်…… အဲဒါနဲ့ ဟိုကွေ့ဒီလျောက်နဲ့ ရဲစခန်းလို အခန်းမျိုးလေး တွေ့ပါလေရော….ဝင်လိုက်တော့ ရဲ၂ယောက်….. မင်္ဂလာပါ… ဘာညာပြောပြီး လက်ကိုင်ဆန်ဆာလေး နဲ့ စစ်ပါလေရော……အိပ်ကပ်နားလဲ ရောက်ရော ထမြည်ပြန်ပါလေရော…… အံမယ် ရဲ၂ကောင် ကတွေ့ပြီးပေါ့…. အောင်နိုင်သူ အပြုံးနဲ့ ……..အင်္ကျီ ချွတ်ခိုင်းပြီး အိပ်ကပ်ထဲ နှိပ်ပါလေရော…...၂ ကောင်လုံး ဟင် ခနဲ ဖြစ်ပြီးမျက်လုံးပြူးသွား တယ်……ဘာမှလဲ မတွေ့ဘူးပေါ့…. ဘယ်တွေ့မလဲ…. ဘာမှ မှမရှိတာကြီးကိုး…… အဲဒါနဲ့ ထပ် ပြီး ဆန်ဆာ ဖတ်ပြန်ရော….မြည်တာပဲဗျို့…….. ကျွန်တော် အဲတုန်းကတောင် တွေးမိသေးတယ်….. စုန်းများ ကျီစယ်နေသလားလို့…..ဟီးဟီး….. နောက်ပြီးမှ အော်…. ဒီနိုင်ငံမှာ မရှိလောက်ပါဘူးဆိုပြီး….. သူတို့စီက ကျွန်တော့်အင်္ကျီ တောင်းပြီး ကိုယ်တိုင်ကြည့်မယ်ဆိုပြီး တောင်းလိုက်တယ်…….ပြီးတော့ ဟိုနှိုက် ဒီနှိုက် ဖြဲရမ်း ရှာတော့မှ……….ဟော တွေ့ပါပြီ…………. အိပ်ကပ်အတွင်း ဘက်မှာ ကပ်နေတာ……. မိမစစ်ဖမစစ်၊ ပလက်ဖောင်းခေါင်းအုံး၊ ဓာတ်တိုင် ရှုးပေါက် ကောင် “တံဆိပ်”……ဟုတ်ပ တံဆိပ် …… ဖြစ်တော့မှာပေါ့ ဒီအင်္ကျီက ဘိုထက် ကသူတောင်မဝတ်ရသေးတဲ့ အသစ်ကြီးကိုး…… အဲဒီတော့မှာပဲ ကျွန်တော်လဲ သက်ပြင်းချနိုင် တော့တယ်…..ဟိုရဲ၂ကောင်လဲပြုံးစိစိနဲ့ ကျွန်တော်လဲသူတို့ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့ ပါတော့တယ်…..။ အပြင်ရောက်တော့ ဟို၎ကောင် က ငုတ်တုတ် ထိုင်စောင့်နေကြတယ်…..အဖေ ခရီးသွားလို့ပြန်အလာ မုန့်မျှော်နေတဲ့ ကောင်တွေကျနေတာပဲ….။ ကျွန်တော့် ဆန်ဆာ ဇာတ်လမ်းကတော့ အဲသလိုပဲ ဗျို့……ပြောတောင်ပြောချင်တာ မဟုတ်ဘူး….. လူစုံတုန်းမလို့ ရှင်း ပြရတာ…. ခုဆို ကျွန်တော့်မှာ ဆန်ဆာဂိတ် ကိုမြင်လိုက် တာနဲ့ ဘီလူးနှစ်ကောင် ဒူးထောင်ပြီး တင်းပုတ်ကြီး ထမ်းနေတာ ကို ပဲ မြင်မြင် နေမိပါတော့တယ်ဗျာ…..ဟီးဟီး။

ခင်မင်လေးစားလျက်
သိဟ်



Saturday 14 February 2009

ဝမ်းနည်းခြင်း သို့ မဟုတ် ၀မ်းသာခြင်း


အင်း... ပြောလိုက်အုန်းမယ်ဗျာ...
တစ်နှစ်ပြီးတစ်နှစ်သာ ကုန်သွားတယ် ကျွန်တော်တစ်ယောက်ကတော့ “အရင်လိုပါပဲ ပုလင်းတွေကြားထဲ ယိုင်တိုင်တိုင် ပုဆိုးကြီး ဆွဲရင်းနဲ့” ပေါ့... အခုဆို လူငယ်တွေရဲ့  အမှတ်တရဖြစ်တဲ့ ချစ်သူများနေ့ ကိုတောင် ရောက်လာပါပကောလား...။ သူငယ်ချင်းတွေက တော့ “ဆိုင်သူကိုယ်စီနဲ့ မို့ ပိုင်ရာဆိုင်ရာ အသီးသီးဆီသို့ ချစ်မေတ္တာ သ၀ဏ်လွာလေးတွေပို့ ကြ၊ လေလှိုင်းကြားက ဖုန်းပြောကြနဲ့ ချစ်တင်းနှောနေကျချိန်ပါ... ကျွန်တော် တစ်ယောက်ကတော့ ဟီဟီ.. ပြောရင်ကြွားတယ်လို့ တော့ မထင်နဲ့ နော်.. ပေးစရာ ကောင်မလေးကို မရှိတာပါ.. ကြောငြာတာလဲမဟုတ်ပါဘူး ဟီဟီ..

ကျွန်တော့်ညီလေး သိဟ် ကတော့ ကျွန်တော့်ညီမကို တောင်းသာတောင်းနေတာ တစ်ကယ်တော့ ဒီကောင်က BKB... SKB မဟုတ်ဘူးလား လို့ မေးချင်သေးလား... မေးစရာကိုမလိုတာ ဘဲတောင်ကြည်မှာတော့ ကောင်မလေးတွေဆို ပြောမနေနဲ့တော့... အဲ့လောက်ရူပါရှိတာ.. ကိုရီးယာမင်းသား ရိမ်း ကိုမြင်ဘူးတယ်မလား.. အင်း... သူနဲ့ ခပ်ဆင်ဆင်ပဲ... တော်ကီကလဲ ညက်တယ်.. ဒီတော့.. ပျိုတိုင်းကြိုက်တဲ့  နှင်းဆီပွင့်ကြီးပေါ့ဗျာ... ဒါပေမယ့် သူလည်း ကံမကောင်းရှာပါဘူးဗျာ.. ကျွန်တော့် လိုပါပဲ.. ပေးစရာ ကောင်မလေးကိုမရှိတာ (ပေးစရာတွေ များနေပါသဖြင့်...) ညီလေးသိဟ် အကြောင်းကတော့... ဒီလောက်ပါပဲ.....

နောက် ကျွန်တော်ဆရာလို့ လဲပြောလို့ ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိပါသေးတယ်... သူကတော့.... ဆရာ SLIP ပါ။ မြန်မာသူငယ်ချင်းများနဲ့ အသိဆုံး လူသားတစ်ယောက်ပါ။ အဲ့ဒါကြောင့် နိုင်ငံတကာ သတင်းများကို အင်တာနက်ပေါ် မရောက်ခင် ကတည်းက သိနေနှင့် သူပါ။ “ဆရာက သဘောအရမ်းကောင်းပါတယ်...” ဟီဟီ... ဒီနှစ်ဆရာ့ အတွက်ကတော့ ဒီလောက်ပါပဲ...

နောက်တစ်ယောက်ကတော့... ကျွန်တော့် အခန်းဖော် ကောင်းလေးကတော့... ONLY ONE XYBO! လေးပါ... အထက်ပါခေါင်းစဉ်အတိုင်းပါပဲ ထွေထွေထူးထူး ပြောစရာမရှိပါဘူး “တစ်ယောက်ဆို တစ်ယောက် ” “တစ်လုံးဆို တစ်လုံး” မူးအောင်သောက်တဲ့ ကောင်ပါ.. အခန်းဖော်ဆိုတော့ သိတဲ့အတိုင်းပါပဲ.. ကျွန်တော့် သွေးနဲနဲပါတယ်လေ.. ရေကြော၊ မြေကြောလိုက်တဲ့ သဘောပါ... နောက်တာနော် ဒီကောင် တစ်လုံးကုန်အောင် မသောက်နိုင်ပါဘူး.... ဟီဟီ.. ကျန်ရှင်း Jalone က လာလာပြီး ရှင်းပေးသွားတတ်ပါတယ်...

အဲ့... ဒါနဲ့ Jalone ဆီ ဆက်ကျတာပေါ့ဗျာ... မောင်ဂျလုန်းကလဲ ပါမန်းပါပဲ... ရူပါမန်းကိုပြောတာ မဟုတ်ပါဘူး.. တစ်ခုခုဖြစ်ရင် ပတ်ပြီးပါနေလို့ ပါမန်းလို့ ပြော တာပါ။ သူလေးကလဲ ခေသူတော့မဟုတ်ဘူးဗျ.. ကောင်မလေးနဲ့ ပဲ.. သူငယ်ချင်း ချစ်သူတွေရှိတဲ့ အထဲမှာတော့ စိတ်အညစ်ရဆုံးပေါ့ဗျာ.. ကောင်မလေးက စိတ်ကောက်လိုက်.. သူကမူးလိုက်.. မူးလာရင် ကောင်မလေးဓာတ်ပုံကို မီးရှို့ လိုက်.. အမူးပြေရင် ဘယ်ကောင်ရှို့ တာလဲဆိုပြီးပြောလိုက်နဲ လုံးလည်ချာလည် လိုက်နေတဲ့ ဇာတ်လမ်း လေးတစ်ပုဒ်ပါ။ ပျော်ဖို့ လည်းကောင်းပါတယ် စိတ်ညစ်ဖို့ လဲကောင်းပါတယ်။ ကျွန်တော့်လို မိန်းမကျမ်းကျေနေတဲ့  လူကိုလာလာပြီး သူ့ ကောင်မလေး အကြောင်းကို တိုင်ပင်တတ်ပါတယ်.. ဟီဟီ.. နောက်တာနော် ( မိန်းမဆိုတာ... ဘယ်လိုပုံစံမျိုးလေးလဲ)... ဟိုနေ့ ကတော့ ပြောသံကြားလိုက်တယ် ကောင်မလေးဆီပို့ မယ်လို့ တော့.. ဘာပို့ အုန်း မလဲ့တော့မသိသေးဘူးဗျာ... နောက်များ ကြုံမှ ဘာပို့ လိုက်တယ် ဆိုတာကိုထပ်ပြောပါ့မယ်... ဒီကောင်လေးက တော့ဒီလောက်ပါပဲ...

နောက်.. ကျွန်တော့်အကိုကြီး ကိုပိုးဟပ်ပါ... ပိုးလိုက်တိုင်း ဟပ်ဟပ်သွားလို့ ပိုးဟပ်ကြီးဆိုပြီး ပေးထားတာထင်တယ်.. သူလဲကောင်မလေးနဲ့ ပဲဗျ.. မြင်တော့ မမြင်ဘူးပါဘူး.. ချောတော့ ချောမှာ သေချာတယ်.. အကိုကြီးက သနားတတ်တော့ ကောင်မလေးတွေကသူ့ ကို တော်တော်ချစ်ပုံရပါတယ်.. အသဲကွဲတာတော့ တစ်ခါမှမမြင်ဘူးဘူး.. ကောင်မလေးတွေပဲ အသဲကွဲသွားတာပဲနေ မှာ.. ဟီဟီ.. အကိုကြီးကတော့ ဒီနှစ်ဘာမှမကြားသေးဘူးဗျ... မကြာခင်ကြားရတော့မှာပါ... စုံစမ်းလိုက်အုန်းမယ်..

သူငယ်ချင်းတွေထဲ့မှာ... နောက်ဆုံး ပြောရမယ့် သူတစ်ယောက်ကတော့... ကျွန်တော့်တို့ အဖွဲ့ မှာတော့ အကောင် အကြီးဆုံးပဲ.. သူ့နာမည်ကတော့ ဘိုထက်(ဘိုဖြူ့ ညီ)... သူကလည်း ကောင်မလေးနဲ့ ပဲ.. သူ့ ကောင်မလေးကို ကျွန်တော်မြင်ဘူးတယ်.. ဟီဟီ..(ဖောင်းဖောင်းလေး...) ပါးလေးက... လူကလည်း ကစ်ကစ်လေးပါပဲ.. ချစ်ဖို့ ကောင်း တယ်.. ကျွန်တော်တောင် ဒီလောက် သဘောကျနေရင် ပိုင်ရှင်ဖြစ်တဲ့ ဘိုထက်ကတော့ ပြောမနေနဲ့ တော့ ...... ဒီပို့ စ် ရေးနေရင်းနဲ့ ပဲကြားလိုက်ရတဲ့ သတင်းကတော့ မနက်ဖြန်ချစ်သူနဲ့ လေလှိုင်းကနေ စကားပြောမယ်ဆိုတဲ့ သတင်းပါပဲ.. ဟီဟီ...

ကျွန်တော့်သူငယ်ချင်းတွေ ချစ်သူကိုယ်စီနဲ့ ပျော်ရွင်နေတာကို မြင်ရတော့ ကြားထဲကနေ အချိုအချောင်ပျော်မိပါ တယ်ဗျာ..

ဒီနှစ်လဲ... ကျွန်တော် အသူရာလေးကတော့ “တစ်လုံးဆို တစ်လုံး” မူးအောင်သောက်ပြီး ကျောင်းသင် ခန်းစာများကိုပဲ ကျက်မှတ်သွားပါတော့မယ်... “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင် ထားတဲ့ ကျောင်းသားတစ်ယောက်ပီပီ ဘ၀ရည်မှန်းချက် ပန်းတိုင်ဆီသို့ ချစ်သူငယ်ချင်းများနှင့် အတူလက်တွဲ၍ လျှောက်လမ်းသွားပါမည်... ချစ်သူတိုင်း ညားကျပါစေ.. မချစ်မနှစ်သက်သော သူများနဲ့ လည်းကွေးကွင်းရပါစေလို့ .. ဆုတောင်းပေးရင်း...........
အားလုံးကိုလေးစားလျှက်...

အသူရာကောင်လေး(ခေတ္တ နတ်ပြည်)



Friday 13 February 2009

Valentines Day



ကဲ...သူငယ်ချင်းတို့ရေ....ရောက် ပြန်ပြီ valentines day တဲ့.....ပျော်နေကြပြီလား.....ဟိုထား.....သတိထားပျော်နော.....ဒီနှစ် valentines day က ဘယ် ဂဏန်းရဲ့ သက်ရောက် မှု ထဲရောက်နေလဲ ....သိကြလားဗျာတို့ ရေ......ဒီအကြောင်းတွေပြောလို့ ကျွန်တော် သိဟ်ကြီး ဗေဒင် တွက် တတ်တယ် မထင်ပါနဲ့.....တွေးကြည့် လိုက်မိလို့ သတိထားမိ အောင် ပြောတာပါဗျာ......အဲ ဘယ် ဂဏန်းရဲ့ သက်ရောက်မှုထဲ ရောက်နေလဲ ဆိုတော့က.....ကိန်းဂဏန်း တွက်ချက်မှု ဗေဒင် အရ ဆိုရင်.......
ဒီနှစ် VDay က ၁၄.၂.၂၀၀၉
၁+၄ က ၅ .....အဲဒီ ၅ ကို
၅+၂ ဆိုတော့...............၇
၇+၂ ..........၉ ဖြစ်သွားရော....အဲဒီ ၉ ကို နောက်ဆုံး ၉ နဲ့.....
၉+၉ ဆိုတော့ ၁၈
၁+၈ ..........ကဲ ၉ ဖြစ်သွားရောဗျ.....
ကျွန်တော်ရှင်းပြတာ သဘောပေါက် မှာပါနော့.......ကျွန်တော်လဲ သိသလောက်လေးပြောပြတာပါ.....မှားသွားရင်လဲ ခွှင့်လွှတ်ပေး ကြပါ.....။ဒီ ၉ ဂဏန်း ဟာမြန်မာလူမျိုးတွေ အယူသီးတဲ့ ဂဏန်း တစ်ခုထဲပါ ဆိုတာသိကြပါတယ်.......အဲဒီတော့ သူငယ်ချင်းတို့ ချစ်သူ စုံတွဲ တွေအတွက် ဘာတွေ ဆောင်ရင် ရှောင်ရန်တွေ လိုမလဲ ဆိုတော့.....ယတြာ ပေးရရင်....အဟမ်းဟမ်း......:D.....ချစ်သူရှိ တဲ့ သူငယ်ချင်း အားလုံးနီးပါး ကိုယ့်ချစ်သူကို လက်ဆောင် ပေးကြမယ် ထင်ပါတယ်.....အဲဒီလို ပေး မဲ့ အခါမှာ ၉ ဂဏန်း ရဲ့ သက်ရောက် မှု ဂြိုလ်စီး ဖြစ်တဲ့ .....ဘာဆိုလားပဲ....ဟီးဟီး....ကျွန်တော်လဲ မေ့သွားပြီ....တနင်္လာ လား ဗုဒ္ဓဟူး လား မသိဘူး.....မေ့သွားပြီ....သိတဲ့ သူများ ပြောပြလိုက် ပါဗျာ......ဖိုးဖြူ ရပါတယ်.....အာမှားလို့ ကုသိုလ် ရပါတယ်.....ဒီ ပါးစပ်ကလည်း ပေါက်ကရ ပဲထွက်နေတော့ တာပဲ....ဘယ်ရောက်သွား ပြီလဲ...အော် အဲဒီ လက်ဆောင် ပေး ရင် ၉ ရဲ့ ဂြိုလ်စီး နာမ်တွေ မပေး မိစေ နဲ့ပေါ့ ဗျာ.......ဥပမာ တနင်္လာနာမ် ဆိုရင် ကျား၊ခြင်္သေ့၊ငန်းတော်ကျား တို့ ပေါ့ ဗျာ....ဗုဒ္ဓဟူးနာမ် ဆို လဒ၊ဝက် တို့ လို ပေါ့ ဗျာ...မပေးမိစေနဲ့ ပေါ့ ...........ကတောက် ကစ ဖြစ်တတ်တယ်......ဒီနှစ်က တော့ အထူး သတိထား ပေါ့ ဗျာ.... ကျွန်တော် တို့ မြန်မာ့ ရိုးရာ ရဲ့ ၉ ဂဏန်း ကို ကြိုတင် ကာကွယ် နည်း သိကြတယ် မှတ်လား......ဥပမာ ခရီးသွား လို့ ၉ယောက် ဖြစ် နေရင် “ မောင်ကျောက်ခဲ ငါတို့ နဲ့ လိုက်ခဲ့ ” ဆိုပြီးတော့ လေ.....ဘော်ဘော် တို့ လည်း အဲ့ လို လုပ်ကြည့် ပေါ့.....အပို ဆောင် ထားပေါ့...ဟီးဟီး.....တကယ်မလုပ် ကြနဲ့ နော....စတာ.....တော်ကြာ ဘော်ဘော်တို့ တကယ်လုပ် ရင် ကျွန်တော်မောင်သိဟ်ကြီး ကို ဘော်ဘော် တို့ ပျိုမဒီ တွေက ဝိုင်းဝန်း မေတ္တာပို့လိမ့်မယ်....အခုတောင် ပို့နေပြီလားမသိဘူး.....:D....တကယ်လို့များ စိတ်ကောက် ကြလို့ ရန်ဖြစ် ကြရင် လဲ ပစ္စည်းတွေ ကို စိတ်ဆိုးမာန်ထက် စိတ်လိုက်မာန် ပါ လွှင့် မပြစ် ကြနဲ့ နော....ကျွန်တော့် ကိုပြေးမြင်လိုက်.....မသာ၊ သေနာ ဆိုပြီး ရိုက်ဖို့ မဟုတ် ပါဘူး.......မပေးဖြစ်တဲ့ ပစ္စည်း လေး တွေ ကျွန်တော့် ကို လာပေးကြပါလို့.......ဆိုင် ပြန်သွင်းရအောင်လို့ပါ......ဘပ်ဂျက် ပြတ်နေ လို့ ပါ.......ဟီးဟီး........။
ကဲ သူငယ်ချင်း တို့ ရေ.....စတာနော....တကယ် အတည်မထင် ကြပါနဲ့.....ပို့စ်အသစ် မတင် တာလဲကြာလို့ စချင် နောက်ချင်လို့ ရေးလိုက်တာပါ......(တကယ်တော့ မဟုတ်ပါ.....ဘပ်ဂျက်ပြတ်လို့ ရေးခြင်းဖြစ်.....:D)........သူငယ်ချင်း များအားလုံးပဲ Vaalentines Day မှာပျော် ရွှင် ကြပါစေဗျာ(မှတ်ချက်။ ။အသူရာကောင်လေး မပါ။)....ကျွန်တော့်ကို လည်း နောင် နှစ် ချစ်သူရ ပါ ဆုတောင်း ပေးကြပါ အုံး........အသူရာကောင်လေး ကတော့ သူ့ ညီမ ပေးမယ် ပြောတာပဲ.........စိတ်မဆိုးနဲ့ နော် တိုကြီး အတူရာကြီး...ဟီးဟီး.....။

ခင်မင်လေးစားလျက်
သိဟ်

Saturday 7 February 2009

naturally 7

၇ ယောက်ပေါင်း လောင်းကျော်ခဲ့တဲ့ကောင်တွေပေါ့... ကျွန်တော်တို့ကတော့ ၇ ယောက်ပေါင်းပြီးတော့ မကျော်ရသေးဘူး... တစ်ယောက်ချင်းဆီတော့ ကျောင်းပေါ်မှာ မြောင်းကျော်ပြီးပြီ... ဟီးဟီး

ပါးစပ်နဲ့တီး၊ ပါးစပ်နဲ့ဆို ဘာမှမလိုပဲနဲ့ တီးဝိုင်းတစ်ဝိုင်း၊ သီချင်းတစ်ပုဒ်ဖြစ်အောင် လုပ်နိုင်တဲ့ကောင်တွေပါ... ပါးစပ်သရမ်းတဲ့ကောင်တွေပေါ့...


ဒါကတော့ သူတို့ရဲ့ Interview





ဒါက ဒီကောင်တွေ နာမည်မကြီးခင်က Subway ပေါ်က free show




ဒါက တစ်ယောက်ချင်းဆီရဲ့ solo တွေ

Friday 6 February 2009

ဟင်းတစ်ခွက် နှင့် ဗိုက်ဆာခြင်း



အငွေ့ တထောင်းထောင်း ထနေသော..
ဟင်းခွက် တစ်ခွက်။
အမည်မသိ အနံ့ရှိ၏။
ရှူရှိုက်မှု တစ်ခုမှ ရလာသော အရသာ
လေပြေလေညင်း နှင့်အတူ
အာရုံမှာ ပျံ့ လွင့်….
ခဏတာ စိတ်အတွေးတွင်….
လိုချင်သည် က….
အနံ့ လား
အရသာလား
ကျွန်တော် မသိ။
တစ်ခုခုတော့ လိုချင်နေမိ၏
သေချာသည်က ဗိုက်ဆာ၏။

ပေါက်စလေး(ဂွေးချောင်းခြံ်)

Thursday 5 February 2009

သူငယ်ချင်း

ကျွန်တော့်ရဲ့ ဘလော့မှာ ဖော်ပြဖူးတဲ့ သူငယ်ချင်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို နောက်တစ်ခေါက် ထပ်ဖော်ပြလိုက်ပါတယ်။

ဗီယက်နမ်မှာ စစ်ပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဖြစ်နေတုန်းကပေါ့။ ဘယ်နေရာကမှန်းမသိ ပျံဝဲလာတဲ့ အမြှောက်ကျည်ဆံ တစ်ခုက မိဘမဲ့ဂေဟာ တစ်ခုပေါ်ကို ကျဆင်းခဲ့ပါတယ်။ ၀ုန်းဆိုတဲ့ အသံနဲ့အတူ မိဘမဲ့ဂေဟာ ခေါင်မိုးကြီးဟာ ပြိုကြလာပြီး နံရံများဟာလည်း စတင် ပြိုကျလာပါတယ်။ မိဘမဲ့ဂေဟာမှာ အများစုက ကလေးများဖြစ်တာမို့ ကလေးတွေဟာ မပြေးတတ်၊ မရှောင်တတ်နဲ့ အုတ်ပုံတွေကြားထဲမှာ အသက်ပေးခဲ့ရတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရထားတဲ့ ကလေးတွေထဲမှာ အသက်၈နှစ် အရွယ် ကောင်မလေးတစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီကလေးမလေးဟာ ချက်ချင်း သွေးသွင်းမှ အသက်ရှင်နိုင်မယ့် အခြေအနေမှာ ရောက်ရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်သူနာပြု စစ်သားတွေထဲမှာ ကလေးနဲ့ သွေးအုပ်စုချင်း တူတဲ့ လူ တစ်ယောက်တစ်လေတောင် မရှိခဲ့ပါဘူး။ ဒါနဲ့ အမေရိကန် သူနာပြုများက တခြား မိဘမဲ့ ကလေးတွေဆီက သွေးရယူဘို့ ဆုံးဖြတ်လိုက်ပါတယ်။ မိဘမဲ့ ကလေးများဟာ ဗီယက်နမ် လူမျိုးများ ဖြစ်ပြီး အင်္ဂလိပ်စကားကို နားမလည်တဲ့အတွက် အမေရိကန်သူနာပြုများ သွေးရယူတဲ့ နေရာမှာ နည်းနည်း အခက်အခဲ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟို ၈နှစ်အရွယ် ကလေးမက သွေးသွင်းဖို့ အလျင်လိုနေတာကြောင့် ဗီယက်နမ်လူမျိုး မိဘမဲ့ ကလေးများကို ခြေဟန်လက်ဟန်နဲ့ သွေးလှူဖို့ တိုက်တွန်းရတော့တာပေါ့။ အမေရိကန်သူနာပြုတွေက ဒီလို သွေးလှူဘို့ အတိုက်တွန်းခံရတယ့် ကလေးတွေအားလုံးဟာ ပွစိပွစိနှင့် သူတို့ အချင်းချင်း မြည်တွန်တောက်တီးနေကြပေမယ့် ဘယ်သူကမှ လှူမယ်လို့ မပြောခဲ့ပါဘူး။ အမေရိကန် စစ်သူနာပြုများကလည်း ဗီယက်နမ် စကားကို နားမလည်တာကြောင့် ကလေးများရဲ့ တုံ့ပြန်မှုကို စောင့်နေရုံကလွဲပြီး ဘာမှ မလုပ်နိုင်တဲ့ အခြေအနေပေါ့။ ဒါနဲ့ အတော်ကြာတော့ ဟန်းဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့သွေးကို လှူပါ့မယ်ဆိုပြီး လက်လေးကို ဖြေးဖြေးချင်းထောင်လာပါတယ်။ အမေရိကန်သူနာပြုတွေလည်း အလျင်လိုနေတာကြောင့် ခပ်သွက်သွက်ပဲ ကောင်လေးရဲ့ သွေးအမျိုးအစားကို စစ်ကြည့်လိုက်တော့ ကံကောင်းထောက်မစွာဘဲ ဒဏ်ရာရနေတဲ့ ကလေးမရဲ့ သွေးနဲ့ တူနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ကောင်လေးရဲ့ သွေးကို စတင်ဖောက်ယူတဲ့ အခါမှာတော့ ဟန်းဟာ အရမ်းကို ကြောက်လန့်နေတဲ့ မျက်နှာကလေးနဲ့ အမေရိကန်စစ်သူနာပြုများကို တလှည့် ဒဏ်ရာရထားတဲ့ ကလေးမလေးကို တစ်လှည့် ကြည့်နေခဲ့ပါတယ်။ စပြီး သွေးထုတ်တဲ့ အချိန်ကစပြီး ဟန်း အငိုစတော့တာပါဘဲ။ သူနာပြုက ဟန်း....နာလို့လား လို့မေးပေမယ့် ဟန်းကတော့ ခေါင်းလေးကိုသာ ခါနေခဲ့ပါတယ်။ သူနာပြုလည်း ဟန်းဘာကြောင့် ငိုလဲဆိုတာကို သိချင်ခဲ့ပါတယ်။ သွေးလှူပြီးတဲ့အခါမှာ သူနာပြုက ဆရာဝန်နဲ့တွေ့ပြီး စောစောက သွေးလှူနေတုန်း ဟန်းဘာကြောင့်ငိုတာလဲ ဆရာလို့ မေးလိုက်တော့ ဆရာဝန်က နာလို့ ဖြစ်မှာပေါ့လေလို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီတော့ သူနာပြုက
"နာလို့တော့ မဟုတ်ဘူးထင်တယ်ဆရာ...ကျွန်တော်က နာလားလို့ မေးတော့ သူ ခေါင်းခါတယ်။"
ခဏကြာတော့ သူနာပြုလေးက ဒဏ်ရာရထားတဲ့ ကလေးမနဲ့ ဟန်းရှိတဲ့ အခန်းကို သွားကြည့်ခဲ့တယ်။ ပြီးတော့ သူနာပြုက ဟန်းကို ထလို့ရပြီလို့ ပြောလိုက်ပေမယ့် ဟန်းကတော့ ခေါင်းလေးကို တဘက်လှည့်ပြီး မျက်စိလေးကိုသာ မှိတ်ထားလိုက်ပါတယ်။ ဒီတော့ သူနာပြုက ကလေးက မထချင်သေးလို့နဲ့ တူတယ်ဆိုပြီး ဒီတိုင်းထားလိုက်ပါတယ်။ ဒီအချိန်မှာဘဲ ဒဏ်ရာရထားတဲ့ ကလေးမလေးရဲ့ တအင်းအင်းနဲ့ ညည်းညူသံလေးကို ကြားလိုက်ရပါတယ်။ ကလေးမလေး သေမင်းတံခါးဝကနေ ပြန်လာနိုင်ပါပြီ။ ဒီအချိန်မှာဘဲ တခြား ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဗီယက်နမ်လူမျိုး သူနာပြု တစ်ယောက်က မိဘမဲ့ဂေဟာကို ခဏလာတာကို အမေရိကန်သူနာပြုလေးက လှမ်းမြင်လိုက်ပါတယ်။ ဒါနဲ့ ဗီယက်နမ် လူမျိုး သူနာပြုကို ဟန်း ဘာကြောင့်ငိုလဲဆိုတာကို မေးပေးရန် တောင်းဆိုလိုက်ပါတယ်။ ဗီယက်နမ်လူမျိုး သူနာပြုကလည်း မေးပေးပါ့မယ်ဆိုပြီး ဟန်းနဲ့ စကားပြောတော့တာပေါ့။ ခဏကြာတော့ ဗီယက်နမ်လူမျိုး သူနာပြုဆီက အသံ တစ်ခုထွက်လာတယ်။

"ဘုရား..ဘုရား...ဟန်းက ခင်ဗျားတို့ ပြောတာကို အထင်လွဲနေတာ။ ဟန်းက သွေးလှူရင် သူသေမယ်လို့ ထင်လို့ ငိုနေတာတဲ့..။ "
သူနာပြုတွေလည်း ခုမှ နားလည်ဟန်နဲ့ ခေါင်းလေးညိတ်၍သာ နေကြပါတယ်။ ဗီယက်နမ် လူမျိုး သူနာပြုကတော့ ဟန်းကို ခုလို မေးလိုက်ပါတယ်။
"ဟန်း...မင်း ဟာ သေမယ်ဆိုတာကို သိရဲ့သားနဲ့ ဘာလို့ သွေးလှူဘို့ ဆုံးဖြတ်ခဲ့တာလဲ။ "
ဒီအခါမှာ ဟန်းပြန်ဖြေလိုက်တာကတော့

"သူကကျွန်တော့် သူငယ်ချင်းလေဗျာ.."

Wednesday 4 February 2009

ဖြတ်စာ



အို…………….ချစ်သူ
အရင်က ငါချေးထားတဲ့ ပိုက်ဆံတွေကို…
ကျေးဇူးပြုပြီး မေ့ပေးပါ။
ငါထီပေါက်ရင် ပြန်ဆပ်ပါ့မယ်လို့ 
ကတိပေးထားခဲ့တာကိုလဲ မေ့ပေးပါ။
မင်းပါးပြင်ကို နမ်းခဲ့တဲ့ 
ငါ့ရဲ့ အနမ်းတွေကိုလဲ မေ့ပေးပါ။
တစ်ကယ်တော့ ငါဟာ
မင်းဘ၀နဲ့ ထိုက်တန်သူ တစ်ယောက်
မဟုတ်တဲ့ အတွက်…
ငါနဲ့ ပတ်သတ်တာတွေအားလုံးမေ့ပစ်လိုက်ပါ…
ငါ့အတွက် ဘယ်တော့မှမျက်ရည်မကျပါနဲ့ …
ပြိတ္တာမျက်ရည် မြေမကျကောင်းဘူးဆိုတာ…
မင်းလဲသိမှာပါ…
မင်းငိုမှာစိုးလို့ နောက်လိုက်တာကို….
စိတ်မဆိုးပါနဲ့ ..
စိတ်ဆိုးချင် လဲဆိုးပါလေ…
ငါလိုချင်တာကလဲ မင်းစိတ်ဆိုးပြီးနာကြင်သွားတာကိုလိုချင်တာ…
ဒီစာကို ငါရဲ့ လက်နဲ့ ရေးတာဆိုပေမယ့် …
တစ်ကယ်တော့..၂လုံးသွေးနဲ့ ရေးတာဆိုရင် ပိုမှန်မယ်…
ကိုယ်တစ်ကယ် ခံစားရပါတယ် ချစ်သူ…..
ဒီစာလေး မင်းဆီရောက်တဲ့ အချိန်မှာ…
ကိုယ်ကတော့ မူးမှောက်လို့ ကုတင်ပေါ် ရောက်နေလောက်ပြီ…
ကိုယ့်အတွက် အကောင်းဆုံးဖြေဆေးကတော့ ….
ဒါပဲရှိတော့ တယ်လေ…
အရက် မသောက်တတ်တဲ့ ကိုယ့်အတွက်တော့..
များများစားစား သိပ်သောက်စရာမလိုပါဘူး…
တစ်လုံးလောက် ဆိုရင် ရပါပြီ…
နောက်ဆုံးအနေနဲ့ အရက်ဖိုးကို…
မင်းနာမည် နဲ့ ဆိုင်မှာမှတ်သွားခွင့်ပြုပါ…
အမြည်းကတော့ မှုန်ကြီးလက်ဘက်ပဲယူသွားတော့မယ်နော်…
မင်းလဲ မင်းအဆက်ဟောင်းကြီးဆီပြန်သွားပါတော့…
ငါလဲ အမေပေးစားတဲ့ မိန်းမပဲယူတော့မယ်…

ပေါက်စလေး(ဂွေးချောင်းခြံ)

Tuesday 3 February 2009

ရွှေကျောင်းတော် အတွက် ဖလားတစ်လုံး


ဖလား ဆိုတာနဲ့ ရေချိုးတဲ့ ဖလားပြေးမမြင်လိုက်ပါနဲ့.....မိတ်ဆွေ မှားမယ်... တစ်ကယ်တော့ ဟဲဟဲ... တစ်ကယ့်ဖလား စစ်စစ်ကြီးပါ..... သိဟ်ကြီးတို့ အဖွဲ့ ကပြိုင်ပွဲတိုင်း မှာ အောင်နိုင်သူတွေ သာ ပေးအပ်တဲ့ တစ်ကယ့် ဖလားကြီး ကို ကျွန်တော်တို့ရဲ့ ရွှေကျောင်းတော်ကြီး အတွက် ယူပေး ခဲ့တာပါဗျာ.......။

နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီး ရောက်လာတဲ့ အခိုက် အတန့်ကာလပေါ့ဗျာ..... မြန်မာကျောင်းသား များ ရဲ့ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကြီးကို ကျွန်တော်တို့ရဲ့ အစ်ကိုညီများ စုပေါင်းပြီး ကျင်းပ ခဲ့ကြပါတယ်။.... ကောင်းသော လုပ်ဆောင်ချက်လေး တစ်ခုပါ......။ နွေရာသီကာလဟာ ကျွန်တော်တို့လို ရွှေပြည်တော် ဝေး ကျောင်းသားများ အတွက် စိတ်ပေါင်းစုံ ကို စကြာဝဠာကြီးထဲ ဖြန့်ကျက် လိုက်သလို ရောက်ချင်ရာ ရောက်..... ပေါက်ချင်ရာပေါက်ပြီး ပျင်းရိငြီးငွေ့ဖွယ် အချိန်များပေါ့ဗျာ...။ ခုလိုမျိုး ပြိုင်ပွဲတစ်ခု လုပ်ပေးလိုက်တော့ မြန်မာပြည် ကကွဲကွာ ခဲ့တဲ့ သူငယ်ချင်းများ ပြန်တွေ့ပြီး ပျော်ရွှင် စရာ တွေဖြစ်ခဲ့သလို....လွင့်နေတဲ့ စိတ်တွေကို ပြန်လည် စုစည်းပေးခဲ့တယ် လို့ပဲဆိုပါရစေ......။

ဇာတ်လမ်းက အဲဒီမှာစတာပဲ..... “အသူရာကြီး... ဘောကန်ကြမယ်....ကျောင်းပေါင်းစုံပွဲဟ.... မကျေပွဲ ပေါ့ကွာ... မင်းကန်မှာမလား...." ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖိတ်စာ ရောက်လာတဲ့နေ့မှာပဲ အခန်းထဲမှာ computer ကြီးကို Discovery သဖွယ် စူးစမ်းကလိ နေသော အသူရာကြီးကို ပြောလိုက်ရော....
“ဟ... သိဟ်ကြီးရ.. ဒီကျောင်းတော်ကြီးမှာ မင်းတို့ငါတို့လို ကမ္ဘာကျော်ခြေထောက်ကို နေရာမှားမွေးလားတဲ့ ဘောသမားကျော်ကြီးတွေမှ မကန်ရင် ဘယ်သူကန်မလဲကွ...”
“အော်အော့... ကြားရတာ အန်ချင်လိုက်တာ.... ပလပ်စတစ်ထုပ်နဲ့ အုန်းသီးခြောက် ကန်ရမယ့် ခြေထောက်ကိုများ...”
“အေးလေ.... မှော်ဘီက စံချိန်မမှီလို့ လွင့်ပစ်ထားတဲ့ ဘောလုံးလေးတွေကို ဖာထေးပြုပြင်ပြီး ကန်လာတဲ့ ကောင်ကများ”....... အသူရာကြီး စကားမဆုံးသေးပါဘူး ဝင်လာလိုက်တဲ့ တိုက်စစ်မြှားလုံးတွေက Hero ကာားထဲက အတိုင်း...... ရှောင်မလွဲပါပဲ။ ဝင်လာတဲ့ကောင်တွေ ကတော့ အသံလေး နဲနဲစီလာတာနဲ့ ရောက်ရောက်လာ တဲ့ စလစ် ကြီးပိုးဟတ်ကြီးဘိုထက်ဂျလုန်း တို့ပါပဲ....။

“မင်းသတင်းက သေချာလို့လား သိဟ်ရ... မနှစ်က အဲဒီကျောင်းက ကမကထ လုပ်ပြီးပြီ လေကွာ...”
“အေးလေ... ဒီနှစ် တစ်ခြားကျောင်းက သူတို့လုပ်ပေးမယ်ဆို”
“အာ... သေချာတယ်ဟ.. ခုလေးပဲပွဲ ကျင်းပမဲ့ ကျောင်းက ငါ့ကောင်က လှမ်းပြောတာကွ”.... ကျွန်တော် ဖြေရှင်းလို့ မဆုံးသေးခင်မှာပဲ....
“သိဟ်ကြီး... ငါ့ကောင်ဆိုတာ ဘာလဲဟ... ဟီးဟီး.....” နောက် ရောက်လာတဲ့ xybo စကားက ဝင်ကတည်း က ခံဖက်က.....
“အေးဟေ့...... ငါ့ကောင်ဆိုတာ မင်းညီမဖို့ ငါလက်သပ် မွေးထားတဲ့ မျောက်ဟေ့...” စကားမဆုံး ပဲ ရှိသေး.... ဆိုက်ဘိုရဲ့ ဖိနပ်ပျံများကို ရှောင်ပြေးလာခဲ့ရတယ်...။

ဒီလိုနဲ့ပဲ.... ကျွန်တော်တို့အဖွဲ့ training ဆင်းရင်း... ဘောလုံးပြိုင်ပွဲကြီး ရောက်လို့လာခဲ့ပါတော့တယ်....။ အဲ.... ပြောရဦးမယ်... ဒီဘောလုံးပွဲက မနှစ်ကလည်း ကျွန်တော်တို့ တစ်သိုက် ဝင်ပြိုင်သဗျ... ဒါပေမယ့်ဗျာ... ကျွန်တော်တို့လို အဆင့်အတန်းမှီ နိုင်ငံတကာ ခြေထောက်ပိုင်ရှင်မျိုးတွေနဲ့ အတွဲမညီတဲ့သူတွေ ပါတော့ ဗိုလ်မစွဲခဲ့ဘူးပေါ့ဗျာ.... ဟီးဟီး..... ကျွန်တော်တို့အဖွဲ့မှာ ဘောလုံး မတောက်တခေါက် ကောင်းကောင်း ကန်တတ် တာက ကျွန်တော် မောင်သိဟ်၊ အသူရာကြီ်း၊ ပိုးဟတ်ကြီး၊ ဂျလုန်းဂျလုန်း တို့လောက်ရယ်ပဲရှိတယ်.... ဘိုထက် ကတော့ ဘောလုံး လူရှေ့ရောက်လာရင် မလွဲအောင် ကန်တတ်တဲ့ အဆင့်လောက်တော့ ရှိပါတယ်.... ဆိုက်ဘို ကတော့ ကွင်း ၁ ပတ်လောက်ပြေးရင် လျှာက တစ်ရှုးတစ်လိပ်လောက် ထွက်တဲ့ကောင်ရယ်.... ကွင်းဆိုလို့ ပေ ၁၂၀x၈၀ ကွင်းတော့မဟုတ်ဘူး... ပေ ၄၀ ပတ်လည်ကွင်းလေး...

“ဟာကွာ... ၃ ပွဲတောင် ကန်ပြီးပြီ ၃ မှတ်ပဲ ရသေးတယ်.... မင်းတို့ ကမ္ဘာကြောင်ခြေထောက် ပိုင်ရှင်ကြီးတွေက ဒီလိုပဲလားဟ....” ဘိုထက်၏ အခန်းထဲ ဝင်ဝင်လာခြင်း ဆောက်နဲ့ထွင်းစကား....
“အေးလကွာ...... မက်ဆီတို့.... ဒိုလေးတို့..... ကာကာတို့တောင် ညအိပ်ညစားနဲ့ အိမ်မှာလခစားယူပြီး ဘောလုံးပညာ သင်ပေး လာတာဆိုကွ..... ဟေ”
စလစ်နဲ့ ဆိုက်ဘိုတို့ရဲ့ နောက်ဆက်တွဲ ဝမ်းတူးတွဲလုံးစကားများ အခန်းထဲကို ပြန့်လွင့်လာ လေပါလေရော.......... “ဒီမှာ မောင်ဘိုထက် ရ.... ကမ္ဘာကျော်ကွ...... နင့်ကြီးတော်ကြီးကြမှ ကမ္ဘာပတ်ကြောင်ခိုင်း” .....
ကျွန်တော်ရဲ့ တန်ပြန်စကားနောက်ဆက် မှာပဲ...
“ဟုတ်ပကွာ..... ဒီမှာကွ... မင်းတို့ မသိလို့တစ်ခု ပြောရဦးမယ်..... အဲဒီ မင်းတို့ရဲ့ ဖအေမတူ မအေမတူ ဒိုလေးတို့ ကာကာတို့က လခတောင်မပေး နိုင်လို့ ဒူးထောက် တောင်းပန်လိုက်တာရော...... မင်းတို့ မသိလိုက်ဘူးမလား... ဟင်းဟင်းဟင်း” .....
အသူရာကြီးရဲ့ ပွဲသိမ်းထိုးနှက်ချက်မှာ ဟို ၂ ကောင် လဲကျသွားပါတော့တယ်.....။
နောက်နေ့ကန်မဲ့ပွဲက ကျွန်တော်တို့ အသင်းအတွက် အရမ်းအရေးကြီးပါတယ်.. မနိုင်ရင် ပွဲကထွက်ရတော့မယ့် အနေအထားပါ..။ ကျွန်တော်တို့အသင်း အောင်မြင်စွာပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်.....။ ကြိုးတန်းပေါ် ရောက်သွား တယ်ပေါ့ဗျာ...။ ဆီမီးဖိုင်နယ် တက်ဖို့ နောက်ဆုံးပွဲက အဆုံး အဖြတ်ပဲ... ကျွန်တော်တို့နဲ့ ကန်ရမယ့်အသင်းက အိမ်ရှင်အသင်း.... သူတို့က သရေကျရင်တောင် တက်သွားမယ့် အသင်း...... ကျွန်တော်တို့က နိုင်မှကို ဖြစ်မှာပါ.....။

အဆုံးအဖြတ်ပွဲနေ့မှာ...... ကျွန်တော်တို့ တစ်သိုက် စောစောစီးစီး ပြိုင်ပွဲ ကျင်းပမယ့် ကျောင်းကို ရောက်လာခဲ့ကြတယ်......။ အဲ... စကားမစပ် အဲဒီကျောင်းနားက အရမ်းမိုက်တယ်ဗျ... နွေလဲ နွေရာသီ ကိုး... တိုင်းတပါးက သမီးပျိုများကလည်း ဝတ်တတ်စားတတ်တော့ လှချက်ဗျာ.......
“အား..... လန်းတယ်ကွာ...... လှလိုက်တာကွာ..... စက်စက်ယိုပဲ...” ဂျလုန်းရဲ့ အဖွင့်စကား...
“ဟ.... ဒါဘာရှိသေးလို့လဲကွာ...... လာ ရေကန်နားသွားမယ်.....” ပိုးဟတ်ကြီး ရဲ့ အပို့ စကား.....
“မိန်းမလှကျွန်းဆိုတာ ဒါမျိုးဖြစ်မယ်...” ဘိုထက်ရဲ့ ထောက်ခံစကား
“ဒီအချိန် ဦးမာဃကြီးက အလည်ခေါ်တောင် သားက.... ပြောလိုက်မယ်...” ဆိုက်ဘိုရဲ့ စကားကမဆုံးသေး “ဘယ်လို ပြောမှာတုန်းဟ ” ......ကျွန်တော်မေးလိုက်တော့
“လိုက်ဝူး....လိုက်ဝူး....ဟီးဟီး”.......
“ဟ.... မင်းတို့ သာပြောနေတယ်... ဘယ်နားကဟာတွေ လန်းနေ ဂွမ်းနေတာတုန်းဟ.... ငါ့ပြောဦး...” စလစ်ကြီး ဝိုင်းဟားခံလိုက်ရရှာပါတယ်..... ကျွန်တော်တို့အဖွဲ့မှာ သူကမျက်မှန်တပ်ရတယ်လေ.... အနီးမှုန်လား အဝေးမှုန်လားတော့ မသိဘူး...... ဟီးဟီး... အသေအချာတော့ သူမေးကြည့်ပေါ့ဗျာ......... အဲဒါနဲ့ ကျွန်တော်လဲ...
“မင်းသာ မလန်းသေးတာ စလစ်ရာ.... ငါကတော့ ဒဿဂီရိ ဆီကနေ ခေါင်းဆယ်လုံး ငှားလာပြီးပြီ.... ဟီးဟီး”
“ဒါနဲ့တင် ဘယ်လန်းဦးမလဲကွာ..... ဘီယာလေး စိမ်လိုက်ရင်...အာဟာ....” အသူရာကြီး ရဲ့ အသူရာစကား က ထွက်လာပါတော့တယ်......။
“ဟာကွာ မင်းကလည်း....” “မင်းကမသောက်ဘူးလား....” “ဘယ်ဆိုင်အနီးဆုံးလဲလို့.....ဟီးဟီး”

အဲဒါနဲ့ပဲ ဘော်လုံး မကန်သေးခင် ဘီယာလေး သောက် နေရင်း ရွှေမျက်တော်ကို အစာတော်ကျွေးနေ ကြတာပေါ့ ဗျာ.........ပြီးတော့ ပွဲချိန်နီးလို့ အဝတ် အစားလဲ ပြီး ကန်ကြပါလေ ရော......။သိတဲ့ အတိုင်းပဲ.....ကျွန်တော်တို့ တစ်သိုက် အောင်ပွဲဆင်ပြီး ပြန်လာခဲ့ကြပါတယ်......အဖြေ က ၂-၁။ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်....ပွဲက အကြိတ် အနယ် ပါပဲ....သူတို့ကသရေကြရင်တက်ပြီ ဆိုတဲ့ အတွေး နဲ့ ခံစစ်နဲ့ ကန်တယ်...ကျွန်တော်တို့ အသင်းကို လျော့လည်း တွက်ထားပုံပါ.....ကျွန်တော်တို့ ကလည်း ခုနလေး မှ အား ယူထား တာဆိုတော့ ..... ဘယ်ရမလဲ.......ဟဲဟဲ.....ပထမပိုင်း ကျွန်တော်တို့ က ၁-၀ နဲ့ နိုင်နေတယ်....အေးဆေးပေါ့ .....လူသာ ရှေ့မရောက်ရင် မရောက်မယ်....ဘော်လုံးကတော့ ရောက်တယ်....ရောက်ရာ ပေါက်ရာ ကို ကန်ပြစ်တာ.....ဟီးဟီး.....ပွဲပြီးကာနီး ၅ မိနစ် လောက် အလို မှာ သူတို့ ဘက် က “ဒိန်း” ကနဲ ချေပ ဂိုး သွင်း လိုက် ပါလေ ရော..........ဟာ သေ ပြီ.....အဲဒီမှာ ကျွန်တော် တစ်သင်းလုံးကို လက်တို့ လိုက်တယ်......“corner ရအောင် လုပ်မယ် ဝင်သာတိုးကြမယ်ကွာ”........အဲဒီမှာ မရ ရ အောင် လူတွေပိတ် ကန်ပြီး corner ကို ရအောင် ယူခဲ့ကြတယ်ပေါ့ဗျာ....ပွဲပြီးကနီးရလိုက်တယ်.....ကျွန်တော့် ဗျူဟာအောင်မြင်လိုက်ပါတယ်....အောင်မြင်စွာနဲ့ပဲ ဆီးမီး ရောက်ခဲ့ကြတယ်.....။
“မင်း ဟိုနေ့ နောက်ဆုံးပွဲမှာ ဘီယာတွေသောက် ပြီး ကန်တာဆို” ဆီမီးဖိုင်နယ်နေ့ ကျွန်တော် သွေးပူလုပ်နေတုန်း အသင်း အုပ်ချုပ်သူ တေကြီး အမေး စကား ကြောင့် အကြောလျော့ နေရာကနေ ခေါင်းမော့ကြည့်လိုက် မိတယ်.....“အေး ...ဟုတ်တယ် တေကြီး ရ....ဘာဖြစ်လို့လဲ”
“ဟာ....အဲလိုမလုပ်နဲ့လေကွာ...တစ်သင်းလုံး သေ ကုန်မှာပေါ့.....” “ဟ...ဒီမယ် မောင် တေကြီး ရ.....နိုင်ငံတကာအားကစား လောက မှာ ကိုးကင်းဆိုတဲ့ တားမြစ်ဆေး သုံးတာ ကြားဖူးလား......”
“မကြားဖူးဘူးကွာ....”
“ထင်ပါတယ်.....မင်း လိုနိုင်ငံတကာ နဲ့ အလှမ်း ဝေးကွာတဲ့ နလပိန်းတုန်း ကောင်ကဘယ်သိမလဲ....မာရာဒိုနာ တော့ မင်းသိတယ်မလား...မင်းတို့ရွာ အခေါ်ဆိုရင် တော့ မသာဒူးနာ ပေါ့ကွာ.....”
“အေး..ဆက်ပြောပါဦး..”
“အဲဒီ ဒူးနာတဲ့မသာ က ကမ္ဘာကျော် ဘော်လုံးသမားကြီးပေါ့ ကွာ......သူက အဲဒီ ကိုးကင်း သုံးပြီး ကန်လို့နာမည်ကြီးသွားတာ ကွ....ကိုးကင်း ဆို တာ စိတ်ကြွဆေး တစ် မျိုးပေါ့ကွာ....တရားမဝင်ဘူး.....အဖမ်း ခံရတယ်....”
“ငါမင်း ကို ဘီယာ သောက် တာ ကို ပြောတာနဲ့ မင်း ပြောတာနဲ့ဘာဆိုင်လို့တုန်းကွ”
“ဟ....ဆိုင်ပါ သကော မောင်တေကြီးရာ...... ငါကအဲလို တရားမဝင် စိတ်ကြွဆေးတွေမသုံးချင်လို့ တရားဝင်စိတ်ကြွ ဆေး ဘီယာသောက် ပြီး ကန်တာ....ငါက ၁၈ နှစ်လဲကျော်ပြီ ဆို တော့ ပိုပြီး တရားဝင်တောပေါ့ ကွာ.......ကဲ ရှင်း ပြီလား.......”
ဟုတ်သော ရှိ မဟုတ်သော်ရှိ ပါးစပ်ထဲ ရှိတာ ပြောပြီး ထွက်လာ ခဲ့တယ်...မှတ်ပလား...ဟီးဟီ....မောင်တေကြီး တစ်ယောက် ကတော့ ခေါင်းကုတ်ပြီး ကျန်ခဲ့ လေရဲ့.....။

ဒီကောင် က ခုမှ ကျွန်တော် တို့ ဘီယာ သောက် ပြီး ဘော်လုံးကန်မှန်းသိတာ....ကျွန်တော်တို့က ပွဲတိုင်း သောက် ကန်တာ ရယ်......အာစွတ်ရုံ သွေး ပူရုံလောက် ပါ....အများကြီး တော့ မထင်ပါ နဲ့.....။အဲ ပွဲ တစ် ပွဲ ဆို ရင် ကျွန်တော် အာစွတ်ရုံ ကနေ အူစွတ်ရုံ ဖြစ်သွား လို့ ကွင်းထဲမှာ ပွဲတွေကို ပျက်ခံ ရွာတွေ ရော ကမ္ဘာတွေရော လည် နေတာဗျို့ ......ပွဲ လည်း ပြီး ရော....ဘော်ဘော် တစ်သိုက် က “သိဟ်ကြီး....ဟာ....ဒီနေ့ မင်း ကစားတာ လန်ထွက်နေတာ ပဲ ” တဲ့.....ကွင်း ဘေး မှာ ဆို ကျွန်တော့် နာမည်တွေညံစီ နေတာ ဆိုပဲ....ဒီကကောင်က လဲ တဟဲဟဲ လုပ်ပြီး ထွက် လာခဲ့တယ်....ကိုယ့် ဝမ်း နာ ကိုယ် သာ သိကိုး.....ဒီက ကောင် က မူးနေ လို့ ဘောလုံး ၁ လုံး ကို ၂ လုံး မြင်လိုမြင် ပြီးကန်ချင်တာ ကန်တာတွေက လဲ ဂိုး ပေါက် ပြေးလိုပြေး.....မလိုက် နိုင်လို့ slinding ထိုးသလို လူကို လှဲ ချလိုက် ရတာ ၁မျိုး.......လူကယိုင်ချင်ချင်ဖြစ်နေလို့ ဘောလုံး ကို ကျော် ခွ နေတာတွေက လည်း skill တွေ ပြသလို ဖြစ်နေတယ် ထင် ပါတယ်......ကောင်းပါတယ်လေ....ကျွန်တော့် ပရိတ်သတ်ကြီးအတွက် အခုလို ရသ ပေးစွမ်း ကစား ပြလိုက် ရတာ....ဟီးဟီး.....။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ အသင်း ဖိုင်နယ်ကို ရောက် ရှိလို့ သွားခဲ့တယ် ပေါ့ ဗျာ......။ဖိုင်နယ် ကလဲ အကြိတ်အနယ်ပါပဲ.....ပြိုင်ပွဲ အစမှာ တွေ့ခဲ့ရတဲ့ အသင်းနဲ့ ပြန်တွေ့ တယ်....သူတို့ ကလည်း ရှုံးပွဲ မရှိ တက်လာတဲ့ အသင်း....ကျွန်တော်တို့ ကလည်း ရှုံးပွဲမရှိ အသင်း...အဲဒီမှာ စတွေ့တာပဲ...ပွဲအစတုန်း က သရေကြခဲ့ကြတာ.......ကျွန်တော်တို့ အသင်း က သူတို့ကို ရှုံးပွဲတွေ့ အောင် လုပ်ပေး လိုက် ပါတယ်..........
နောက်ဆုံး တော့ အောင်မြင်စွာနဲ့ ပဲ ဖလား ကြီး ကို ဆွတ်ခူး ပြီး ကျောင်းတော်ကြီး အတွက် ဂုဏ်ဆောင် ပေး ခဲ့ ကြပါတယ်..........အော်...ပြောရင်းနဲ့သတိရ လာတယ် နွေရာသီ အချိန်လေး တွေ ကို......ရေကန်နား မှာ အစာကြွေးခဲ့တာတွေ ကို ရယ်ပါ......ဟီးဟီး......:D

ခင်မင်လေးစားလျက်
သိဟ်

Monday 2 February 2009

Jalonejalone မိတ်ဆက်

ရေးမယ် ရေးမယ်နဲ့ဗျာ... ကျွန်တော် မရေးဖြစ်ပါဘူး... အခုလဲ မအားတဲ့ကြားက ရေးလိုက်တာပါ.. ဂျလုန်း ဂျလုန်း လို့ အမည်တွင်ပါတယ်ဗျာ... သူငယ်ချင်းများက ဒီလိုပဲ ခေါ်ပါတယ်.. အခုတော့ စိတ်ရှုပ်လို့ ကတုံးတုံးထားတယ်.. တစ်ခမ်းမွှေး ရက်စက်ထားလို့... အရာအားလုံးကတော့ သူ့ဟာနဲ့သူ ပုံမှန်ဖြတ်သန်းနေကြတာပဲ... ကျွန်တော် အပါအဝင်ပေါ့... မပြောချင်ပါဘူးဆိုမှ ပြောရတော့မှာပေါ့..
၁။ ကျွန်တော်ကတော့ ကျွန်တော်ပါပဲ။ (ကျွန်တော် = ငမူး)
၂။ ရဲကြီး (အသူရာကြီး) မြန်မာစာ ဂုဏ်ထူးထွက်တာ အခုထိ အရက်မတိုက်သေးဘူး။ (အဲဒီ ခေါင်းစဉ် မတပ်ရသေးတာ.. နေ့တိုင်းတော့ သောက်နေတာပဲ)
၃။ လေးဖြူအခွေအသစ်မှာ သံယောဇဉ်ဆိုတဲ့ သီချင်းကို စာသားပြောင်းဆိုတဲ့ (Slip ဆိုတဲ့ ) ကောင်လည်း ရှိသေးဗျ။(ဒီကောင်ကလဲ ခပ်ကြောင်ကြောင်ပါပဲ)
၎။ XyBo ကတော့ ခေါက်ဆွဲခြောက်စားပြီးဝတာ သူတစ်ယောက်ပဲရှိတယ်ဆိုပဲ ကြွေးကြော်နေလေရဲ့။ (ခေါက်ဆွဲခြောက်တောင် နပ်မမှန်လို့ အခု စကွဲ နဲ့ ဖွဲနု စားနေရတယ် )
၅။ ရူပါရှိတယ်.. ဒေါင်ရှိတယ်နော်.. သွားမစမ်းနဲ့.. လက်သီးပြင်းတယ်။ (ဘိုထက်၏ မူးတိုင်းပြောစကား)
၆။ မောင်သိဟ်ကတော့ ပုံမှန်ပါပဲ။
(စောက်ရူးထတာက လွဲလို့)
၇။ ကိုပိုးဟပ်ကြီးကတော့ သူ့ကိုယ်သူ အကြီးဆုံးဆိုပြီး လူသိအောင် နှုတ်ခမ်းမွှေးတွေထားတာ သမိန်ပေါသွပ်လိုလို ဘာလိုလို။ (တကယ်တော့ မတူပါဘူး... ကြောင်နဲ့ပဲ တူတာပါ)

ကျွန်တော်လည်း ဥာဏ်နီဥာဏ်နက်ကတော့ အဆင်သင့်ပါပဲဗျာ ဒါပေမယ့် ချစ်သူကို လွမ်းနေလို့ နောက်မှပဲ ထပ်တွေ့ကြတာပေါ့.... ကျေးဇူးအများကြီးတင်ပါတယ် ခင်ညာ..

မှတ်ချက်။ ကွင်းစကွင်းပိတ်ထဲက စာသားများ အယ်ဒီတာ XyBo ထပ်ဖြည့်၍ ဘိုထက် ပြန်လည်တည်းဖြတ်သည်။

Sunday 1 February 2009

အသူရာကောင်လေးမိတ်ဆက်....

အဟမ်း...အဟမ်း....
ဒီ လူငယ်လေးယောက်ဆိုတဲ့ ဘလော့လေးမှာ ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေဗျာ... အခုလို သူငယ်ချင်းလေယောက်နဲ့ ပျော်ပျော်ပါးပါး ဘလော့ရေးခွင့် ရတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်... ကျွန်တော်နာမည်လေးကတော့ အသူရာကောင်လေးပါ.. များများပျင်းရင် အရက်သောက်တယ်... နဲနဲပျင်းရင်ဆေးလိပ် သောက်တယ်... နဲနဲလေး စိတ်ကြည်နေရင်တော့ ကိုရီးယာကား ကြည့်ပါတယ်... ကိုရီးယားကားကြည့်နေရင်းနဲ့ လွမ်းခန်းရောက်လာရင် မခံစားနိုင်ဘူးဗျာ... မွေးရာပါ သနားတတ်တဲ့ စိတ်ကရှိတော့ မင်းသမီးတစ်ခုခု ဖြစ်ပြီ ဆိုရင် ကျွန်တော်အရမ်းသနားတယ်... ဒါပေမယ့် မင်းသားကားတိုက်ခံရရင် အရမ်းပျော်တယ်... အဲ့လိုကြည့်နေရင်းနဲ့ နဲနဲညောင်းလာပြီဆိုရင် ကျွန်တော့်တပည့် ၀က်ကြီးကို ကော်ဖီဖျော်ခိုင်းတော့တာပဲ သူကလဲဆရာ့အပေါ် တော်တော်စေတနာရှိပါတယ်... တစ်ခါမှမဖျော်ပေးဘူး... တစ်ခါတစ်လေစိတ်အခက်မသင့် ရင်တောင် အဆဲခံလိုက်ရသေးတယ်.. ဆရာဆိုတော့လဲ ခွင့်လွတ်ရတော့တာပေါ့... ဟုတ်တယ်မလား... ကိုယ်တပည့် သားသမီးတွေပဲလေ...

အသူရာကောင်လေးဆိုပြီးတော့ အရက်သမားကြီးလို့ တော့မထင်လိုက်ပါနဲ့ .. နာမည်လေးလှလို့ပေးထားတာ ပါ.. တစ်ကယ်မသောက်တတ်ပါဘူး.. ဘော်ဘော်တွေနဲ့ ကြုံမှ သောက်ဖြစ်တာ.. သိပ်လဲမကြုံပါဘူး.. မကြုံကြုံအောင် လိုက်ရှာနေတာလေ.. သူမလာရင်ကိုယ်သွားတယ် ...ကိုယ်မသွားရင် သူလာတယ်.. နေ့ထူးနေ့မြတ်တွေမရှိရင် ခေါင်းစဉ်တွေ အမျိုးမျိုးပေးပြီ အရက်ဝိုင်း ထောင်ကြတယ်.. ဥပမာ.. ရွာက နွားမကြီးမွေးတဲ့နေတို့.... ဘကြီးမိန်းမယူတဲ့နေတို့ အမျိုးမျိုးပေါ့.. ကိုယ်သန်ရာသန်ရာ ပေးကြတယ်... တစ်ချို့က လာသေးတယ်... သူ့ကောင်မလေး အပျိုဖြစ်တဲ့ နေ့ဆိုဘဲ.. တော်တော်တွေးရခက်သွားတယ်.. ဘယ်လိုများသိပါလိမ့်ပေါ့.... ကျွန်တော်ထင်တယ် နတ်မျက်စိရှိတဲ့ ကောင်ပဲနေမှာ... ဘာပဲဖြစ်ဖြစ် သောက်ရပြီးတာပဲဆိုပြီး လက်ခံပေးရတာပေါ့နော်... နောက်ဆုံး ခေါင်းစဉ်ရှာမရ ရင် ကမ္ဘာ့သောကြာနေ့တို့ ဘာတို့ပေါ့ဗျာ... အဲလိုနဲ့ပဲ ဘ၀တစ်သက်တာ အမှတ်တရ အရက်ဝိုင်း ပေါင်းများစွားကို ဖြတ်သန်းခဲ့ရသူ တစ်ယောက်အနေနဲ့ အသူရာကောင်လေးလို့ ပေးတာနဲနဲလေးတော့ မှန်မယ်ထင်ပါတယ်... ကြိုက်လို့သောက်တာ မဟုတ်ပါဘူး... ပျော်လို့သောက်တာပါ.... ကျွန်တော့်သူငယ်ချင်း ဘိုထက်ပြောတဲ့ အတိုင်းဆိုရင် ”ကြိုက်လို့သောက်တာ မဟုတ်ဘူး... ကြိုက်လို့သောက်တာ“ ...ဒီကောင်ကြီးအကြောင်းကိုတော့ နောက်မှပဲ ဖောက်သည်ချတော့မယ်ဗျာ... အခုက မိတ်ဆက်ဆိုတော့...... ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး... ဆိုးပေတေ၊ လေလွင့်ငှက် ၊အသိုက်မရှိတဲ့ငှက် အဲ့လိုမဟုတ်ပါဘူး.. ရိုးရိုးလေးပါ... ပျော်ရွင်မှုနဲ့ ဘ၀ကို တည်ဆောက်မယ်လို့ စိတ်ကူးထားတဲ့အတွက် စိတ်ညစ်စရာတွေနဲ့ ဝေးရာမှာ ကျွန်တော်နေပါတယ်... ကျွန်တော့်ကို တွေ့ချင်တယ်ဆိုရင် ၁ ကိုနှိပ်လိုက်ပါ... အရက်ဆိုင် မှာရှိပါတယ်.. အဲ့မှာမတွေ့ဘူးဆိုရင် ၂ ကိုနှိပ်လိုက်ပါ... ဖဲဝိုင်းမှာရှိပါတယ်... အဲ့မှာမှမတွေ့သေးဘူး ဆိုရင် ၃ ကိုနှိပ်လိုက်ပါ... ကျွန်တော့်ကောင်မလေးနဲ့ရှိပါတယ်... အဲ့မှာမတွေ့တော့ဘူးဆိုရင်တော့ သုည ကို နှိပ်ပါ.. ကျွန်တော်အခန်းထဲမှာ နှပ်နေပါတယ်...လာမယ်ဆိုကြိုပြော...၀င်လာမယ်ဆို တံခါးခေါက်... မိတ်ဆက်တာနဲနဲ ရှည်သွားတယ်ဗျာ... ဆောရီး..ပြောချင်တာ ပြောလိုက်ရလို့လားမသိဘူး... စိတ်ထဲနဲနဲပေါ့သွားတယ်... အဲ့ဒါနဲ့... ပြီးရော....း)
Related Posts Plugin for WordPress, Blogger...