ရေးမယ် ရေးမယ်နဲ့ဗျာ... ကျွန်တော် မရေးဖြစ်ပါဘူး... အခုလဲ မအားတဲ့ကြားက ရေးလိုက်တာပါ.. ဂျလုန်း ဂျလုန်း လို့ အမည်တွင်ပါတယ်ဗျာ... သူငယ်ချင်းများက ဒီလိုပဲ ခေါ်ပါတယ်.. အခုတော့ စိတ်ရှုပ်လို့ ကတုံးတုံးထားတယ်.. တစ်ခမ်းမွှေး ရက်စက်ထားလို့... အရာအားလုံးကတော့ သူ့ဟာနဲ့သူ ပုံမှန်ဖြတ်သန်းနေကြတာပဲ... ကျွန်တော် အပါအဝင်ပေါ့... မပြောချင်ပါဘူးဆိုမှ ပြောရတော့မှာပေါ့..
၁။ ကျွန်တော်ကတော့ ကျွန်တော်ပါပဲ။ (ကျွန်တော် = ငမူး)
၂။ ရဲကြီး (အသူရာကြီး) မြန်မာစာ ဂုဏ်ထူးထွက်တာ အခုထိ အရက်မတိုက်သေးဘူး။ (အဲဒီ ခေါင်းစဉ် မတပ်ရသေးတာ.. နေ့တိုင်းတော့ သောက်နေတာပဲ)
၃။ လေးဖြူအခွေအသစ်မှာ သံယောဇဉ်ဆိုတဲ့ သီချင်းကို စာသားပြောင်းဆိုတဲ့ (Slip ဆိုတဲ့ ) ကောင်လည်း ရှိသေးဗျ။(ဒီကောင်ကလဲ ခပ်ကြောင်ကြောင်ပါပဲ)
၎။ XyBo ကတော့ ခေါက်ဆွဲခြောက်စားပြီးဝတာ သူတစ်ယောက်ပဲရှိတယ်ဆိုပဲ ကြွေးကြော်နေလေရဲ့။ (ခေါက်ဆွဲခြောက်တောင် နပ်မမှန်လို့ အခု စကွဲ နဲ့ ဖွဲနု စားနေရတယ် )
၅။ ရူပါရှိတယ်.. ဒေါင်ရှိတယ်နော်.. သွားမစမ်းနဲ့.. လက်သီးပြင်းတယ်။ (ဘိုထက်၏ မူးတိုင်းပြောစကား)
၆။ မောင်သိဟ်ကတော့ ပုံမှန်ပါပဲ။ (စောက်ရူးထတာက လွဲလို့)
၇။ ကိုပိုးဟပ်ကြီးကတော့ သူ့ကိုယ်သူ အကြီးဆုံးဆိုပြီး လူသိအောင် နှုတ်ခမ်းမွှေးတွေထားတာ သမိန်ပေါသွပ်လိုလို ဘာလိုလို။ (တကယ်တော့ မတူပါဘူး... ကြောင်နဲ့ပဲ တူတာပါ)
ကျွန်တော်လည်း ဥာဏ်နီဥာဏ်နက်ကတော့ အဆင်သင့်ပါပဲဗျာ ဒါပေမယ့် ချစ်သူကို လွမ်းနေလို့ နောက်မှပဲ ထပ်တွေ့ကြတာပေါ့.... ကျေးဇူးအများကြီးတင်ပါတယ် ခင်ညာ..
မှတ်ချက်။ ကွင်းစကွင်းပိတ်ထဲက စာသားများ အယ်ဒီတာ XyBo ထပ်ဖြည့်၍ ဘိုထက် ပြန်လည်တည်းဖြတ်သည်။
Showing posts with label ရဲဘော် ၇ ယောက်. Show all posts
Showing posts with label ရဲဘော် ၇ ယောက်. Show all posts
Monday, 2 February 2009
Sunday, 1 February 2009
အသူရာကောင်လေးမိတ်ဆက်....
အဟမ်း...အဟမ်း....
ဒီ လူငယ်လေးယောက်ဆိုတဲ့ ဘလော့လေးမှာ ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေဗျာ... အခုလို သူငယ်ချင်းလေယောက်နဲ့ ပျော်ပျော်ပါးပါး ဘလော့ရေးခွင့် ရတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်... ကျွန်တော်နာမည်လေးကတော့ အသူရာကောင်လေးပါ.. များများပျင်းရင် အရက်သောက်တယ်... နဲနဲပျင်းရင်ဆေးလိပ် သောက်တယ်... နဲနဲလေး စိတ်ကြည်နေရင်တော့ ကိုရီးယာကား ကြည့်ပါတယ်... ကိုရီးယားကားကြည့်နေရင်းနဲ့ လွမ်းခန်းရောက်လာရင် မခံစားနိုင်ဘူးဗျာ... မွေးရာပါ သနားတတ်တဲ့ စိတ်ကရှိတော့ မင်းသမီးတစ်ခုခု ဖြစ်ပြီ ဆိုရင် ကျွန်တော်အရမ်းသနားတယ်... ဒါပေမယ့် မင်းသားကားတိုက်ခံရရင် အရမ်းပျော်တယ်... အဲ့လိုကြည့်နေရင်းနဲ့ နဲနဲညောင်းလာပြီဆိုရင် ကျွန်တော့်တပည့် ၀က်ကြီးကို ကော်ဖီဖျော်ခိုင်းတော့တာပဲ သူကလဲဆရာ့အပေါ် တော်တော်စေတနာရှိပါတယ်... တစ်ခါမှမဖျော်ပေးဘူး... တစ်ခါတစ်လေစိတ်အခက်မသင့် ရင်တောင် အဆဲခံလိုက်ရသေးတယ်.. ဆရာဆိုတော့လဲ ခွင့်လွတ်ရတော့တာပေါ့... ဟုတ်တယ်မလား... ကိုယ်တပည့် သားသမီးတွေပဲလေ...
အသူရာကောင်လေးဆိုပြီးတော့ အရက်သမားကြီးလို့ တော့မထင်လိုက်ပါနဲ့ .. နာမည်လေးလှလို့ပေးထားတာ ပါ.. တစ်ကယ်မသောက်တတ်ပါဘူး.. ဘော်ဘော်တွေနဲ့ ကြုံမှ သောက်ဖြစ်တာ.. သိပ်လဲမကြုံပါဘူး.. မကြုံကြုံအောင် လိုက်ရှာနေတာလေ.. သူမလာရင်ကိုယ်သွားတယ် ...ကိုယ်မသွားရင် သူလာတယ်.. နေ့ထူးနေ့မြတ်တွေမရှိရင် ခေါင်းစဉ်တွေ အမျိုးမျိုးပေးပြီ အရက်ဝိုင်း ထောင်ကြတယ်.. ဥပမာ.. ရွာက နွားမကြီးမွေးတဲ့နေတို့.... ဘကြီးမိန်းမယူတဲ့နေတို့ အမျိုးမျိုးပေါ့.. ကိုယ်သန်ရာသန်ရာ ပေးကြတယ်... တစ်ချို့က လာသေးတယ်... သူ့ကောင်မလေး အပျိုဖြစ်တဲ့ နေ့ဆိုဘဲ.. တော်တော်တွေးရခက်သွားတယ်.. ဘယ်လိုများသိပါလိမ့်ပေါ့.... ကျွန်တော်ထင်တယ် နတ်မျက်စိရှိတဲ့ ကောင်ပဲနေမှာ... ဘာပဲဖြစ်ဖြစ် သောက်ရပြီးတာပဲဆိုပြီး လက်ခံပေးရတာပေါ့နော်... နောက်ဆုံး ခေါင်းစဉ်ရှာမရ ရင် ကမ္ဘာ့သောကြာနေ့တို့ ဘာတို့ပေါ့ဗျာ... အဲလိုနဲ့ပဲ ဘ၀တစ်သက်တာ အမှတ်တရ အရက်ဝိုင်း ပေါင်းများစွားကို ဖြတ်သန်းခဲ့ရသူ တစ်ယောက်အနေနဲ့ အသူရာကောင်လေးလို့ ပေးတာနဲနဲလေးတော့ မှန်မယ်ထင်ပါတယ်... ကြိုက်လို့သောက်တာ မဟုတ်ပါဘူး... ပျော်လို့သောက်တာပါ.... ကျွန်တော့်သူငယ်ချင်း ဘိုထက်ပြောတဲ့ အတိုင်းဆိုရင် ”ကြိုက်လို့သောက်တာ မဟုတ်ဘူး... ကြိုက်လို့သောက်တာ“ ...ဒီကောင်ကြီးအကြောင်းကိုတော့ နောက်မှပဲ ဖောက်သည်ချတော့မယ်ဗျာ... အခုက မိတ်ဆက်ဆိုတော့...... ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး... ဆိုးပေတေ၊ လေလွင့်ငှက် ၊အသိုက်မရှိတဲ့ငှက် အဲ့လိုမဟုတ်ပါဘူး.. ရိုးရိုးလေးပါ... ပျော်ရွင်မှုနဲ့ ဘ၀ကို တည်ဆောက်မယ်လို့ စိတ်ကူးထားတဲ့အတွက် စိတ်ညစ်စရာတွေနဲ့ ဝေးရာမှာ ကျွန်တော်နေပါတယ်... ကျွန်တော့်ကို တွေ့ချင်တယ်ဆိုရင် ၁ ကိုနှိပ်လိုက်ပါ... အရက်ဆိုင် မှာရှိပါတယ်.. အဲ့မှာမတွေ့ဘူးဆိုရင် ၂ ကိုနှိပ်လိုက်ပါ... ဖဲဝိုင်းမှာရှိပါတယ်... အဲ့မှာမှမတွေ့သေးဘူး ဆိုရင် ၃ ကိုနှိပ်လိုက်ပါ... ကျွန်တော့်ကောင်မလေးနဲ့ရှိပါတယ်... အဲ့မှာမတွေ့တော့ဘူးဆိုရင်တော့ သုည ကို နှိပ်ပါ.. ကျွန်တော်အခန်းထဲမှာ နှပ်နေပါတယ်...လာမယ်ဆိုကြိုပြော...၀င်လာမယ်ဆို တံခါးခေါက်... မိတ်ဆက်တာနဲနဲ ရှည်သွားတယ်ဗျာ... ဆောရီး..ပြောချင်တာ ပြောလိုက်ရလို့လားမသိဘူး... စိတ်ထဲနဲနဲပေါ့သွားတယ်... အဲ့ဒါနဲ့... ပြီးရော....း)

Saturday, 31 January 2009
ကျနော်တို့ ၇ ယောက်
လောကမှာ တန်ဖိုးအကြီးဆုံးအရာ ၃ ခုရှိပါတယ်။ ၁။ အချစ်စစ် ၂။ မိမိကို မိမိယုံကြည်မှု နဲ့ ၃။ သူငယ်ချင်းကောင်း တွေပါ။ အဲ့ဒီ သုံးချက်ထဲမှာမှ အချစ်စစ်နဲ့ မိမိကို မိမိယုံကြည်မှုဆိုတာ ဖန်တီးယူလို့ရပါတယ်။ သူငယ်ချင်းကောင်းဆိုတာ မိမိအပေါ်မှာ မမူတည်သလို ဖန်တီးယူလို့လည်း မရပါဘူး။
" စိတ်ညစ်စရာ တွေနဲ့ ကြုံခဲ့ရင် ရင်ဖွင်ဖို့။ စိတ်ပျက် အားငယ်နေချိန်မှာ အားပေး နှစ်သိမ့်ဖို့။ ပျော်ရွှင် ကြည်နူး နေချိန်မှာ မျှဝေ ခံစားဖို့။ တကယ် လိုအပ်နေတာက သူငယ်ချင်းကောင်း " ဆိုတဲ့ စကားတစ်ခွန်းဟာ ကမ္ဘာပေါ်က လူအားလုံး ယုံကြည်လက်ခံနေတဲ့ ဒဿန တစ်ခုပါ။ ယခု စာဖတ်သူလည်း ဒီစကားကို လက်ခံမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကတော့ ၁၀၀ ရာခိုင်နှုန်း ယုံတယ်ဗျ။
အထူးသဖြင့် ကျနော်တို့လို လူလားမြောက်တဲ့ အရွယ်ကတည်း က မိသားစုနဲ့ ခွဲနေရတဲ့ ဇာနည်ရဲဘော် တွေ အတွက်ဆိုရင် ရဲဘော်ရဲဘက် ကောင်းတွေကို မိသားစု ၀င်တွေထက်တောင် သံယောဇဉ် ပိုရှိကြတာ ထုံးစံပါပဲ။
အခု ဒီပို့စ်မှာ ကျနော်နဲ့ ရဲဘော် ၆ ယောက် အကြောင်းကို ပြောပြချင်ပါတယ်။
ရှေ့မှာ ကျနော်တို့ထဲမှာ ဆရာအကျဆုံးလို့ ပြောလို့ရတဲ့ အသူရာကောင်လေးခေါ် ရဲကြီးရဲ့ အဆီအငေါ် မတည့်တဲ့ ကဘောက်တိ ကဘောက်ချာ မိတ်ဆက်စာကို ဒီနေရာ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်များကလည်း မကြာခင်မှာ မိတ်ဆက်ကြပါလိမ့်မယ်။ လောလောဆယ် အရေးကြီး တာဝန်များကို ထမ်းဆောင်နေရသောကြောင့် မအားမလပ်ဖြစ်နေကြတာကို သည်းခံပေးကြပါ။ အားလုံးရဲ့ကိုယ်စား 7comrades နဲ့ မိတ်ဆက်ပေးပါရစေ။ ကျနော်တို့ ရဲဘော်ခုနစ်ယောက်ကတော့
- အရက်မရှိရင် ချူချာတဲ့ မောင်အသူရာ
- သူထက်ကြီးတာ ဘယ်သူမှမရှိဘူးဆိုတဲ့ ပိုးဟပ်ကြီး (အသက်)
- ကျောင်း မှာ ပြဿနာ အဖြစ်ဆုံး မောင်ဂျလုန်း
- အင်မတန် တော်ကီညက်ပြီး အချိုသပ်ပြောတတ်တဲ့ ဘိုထက်
- အချောင်ခိုတဲ့ ဆိုက်ဘို (xybo)
- ဒိတ်ဒိတ်ကျဲ မောင်သိဟ်နဲ့
- ကျနော် စလစ် ပါ....။
ဒီဘလော့ရဲ့ ကမကထကတော့ XyBo ပါ။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ ပျော်ရွှင်မှုတွေမျှဝေချင်တာရယ်၊ နုပျိုတဲ့နေရက်တွေက ကျနော်တို့ နှလုံးသားကို ဘယ်လို ရွှင်လန်းစေတယ်ဆိုတာကို သိစေချင်တာရယ်၊ တိုတောင်းလှတဲ့ လူ့ဘ၀မှာ ခါးသီးလှပါတယ်ဆိုတဲ့ လောကဓံကို လုံးဝဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကျနော်တို့ ပျော်ရွှင်စွာ ဖြတ်ကျော်နေတယ်ဆိုတာ အားကျစေချင်တာရယ် တွေပါ။
Thursday, 29 January 2009
မှတ်တမ်း
မင်္ဂလာပါ... ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး ထင်ရာမြင်ရာ ရေးကြမယ့် ဘလော့လေးပါ... ပထမတော့ လူငယ်လေးယောက်ဆိုပြီး စမယ်လုပ်လိုက်တာ ဘော်ဘော်တွေက သူတို့တွေကို ချန်ထားလို့ စိတ်ကောက်ကြတယ်လေ.. အဲဒါနဲ့ ဆွဲထည့်လိုက်တာ... ၇ ယောက်ဖြစ်သွားလို့ ရဲဘော် ၇ ယောက်လို့ နာမည်ပေးဖြစ်သွားပါတယ်... နောက်ထပ် စိတ်ကောက်နေသေးသည့် ဘော်ဘော်များ ရှိပါက ဘလော့နာမည် ထပ်ပြောင်းဦးမည် ဖြစ်ပါကြောင်း...
Tuesday, 27 January 2009
ကဲ... စမယ်
စပြီဗျာ.... စပြီဆိုကတည်းက ကိုင်မိတာက keyboard ပေါ့ဗျာ.... တခြားဟာကိုင်လို့ မဖြစ်ဘူးမလား..... ကိုင်တော့ကိုင်ချင်ပါတယ်.... ကောင်မလေးချောချောရဲ့လက် ပြောပါတယ်.... ဘဝကုသိုလ်ကံအကျိုးကလည်း အဲလိုဖြစ်ဖို့ တစ်စွန်းတစ်စတောင် မမြင်သေးတော့ခက်သား..... ဟီးဟီး ဒီတော့ ဘာရယ်မဟုတ်ပါဘူး ... ကျောင်းကလည်းပိတ်ထား လူတွေကလဲအားယား သတိရတိုင်း အရက်သောက်လိုက်.... စားလိုက်... အိပ်လိုက် နဲ့ရယ်.... မဖြစ်ခြေဘူးဆိုပြီး ဒီဘလော့ဘ် လေးလုပ်လိုက်ကြတာပဲ...... ရေးတယ်ဆိုတာကလည်း ပျင်းလို့ရေးချင်တာတွေ ရေးကြမှာပါ...
ရေးစမ်းထင်ရာမြင်ရာ.... လုပ်စမ်းပေါက်တတ်ကရပေါ့ဗျာ..... မျက်စိလည်လမ်းမှားပြီး အလည်ရောက်လာ လို့ဖတ်မိရင်တောင် ကျေးဇူးတင်လှပါပြီခင်ဗျာ....
အားလုံးကိုခင်မင်လေးစားလျက်
လူငယ်လေးယောက်
ရေးစမ်းထင်ရာမြင်ရာ.... လုပ်စမ်းပေါက်တတ်ကရပေါ့ဗျာ..... မျက်စိလည်လမ်းမှားပြီး အလည်ရောက်လာ လို့ဖတ်မိရင်တောင် ကျေးဇူးတင်လှပါပြီခင်ဗျာ....
အားလုံးကိုခင်မင်လေးစားလျက်
လူငယ်လေးယောက်
Monday, 26 January 2009
မိတ်ဆက်
လူငယ်လေးယောက်
တစ်ယောက်တစ်ပေါက်
အကုန်ဂေါက်တောက်တောက်
သောက်ပြီး အကုန်မှောက်
မှောက်ပြီးပြန်သောက် မလုံလောက်
လမ်းထိပ်ဆိုင် ပြန်ရောက်
ကျွန်တော်တို့ လေးယောက်
တစ်ယောက်တစ်ပေါက်
အကုန်ဂေါက်တောက်တောက်
သောက်ပြီး အကုန်မှောက်
မှောက်ပြီးပြန်သောက် မလုံလောက်
လမ်းထိပ်ဆိုင် ပြန်ရောက်
ကျွန်တော်တို့ လေးယောက်
Subscribe to:
Posts (Atom)