Tuesday 11 September 2012

လက္ခဏာပညာရပ် ဗဟုသုတ (အပိုင်း-၁)

 ဥာဏ်လမ်းကြောင်း အဖျား အပေါ်ဘက်သို့ ကော့ တက် သွားခြင်း

ဥာဏ်လမ်းကြောင်းရဲ့ အဖျားဘက်ဟာ ပုံပါ အတိုင်း

အပေါ်ဘက်ကို ကော့တက် နေမယ်ဆိုရင်....။

ဒီလက္ခဏာပိုင်ရှင်ဟာ စကားပြောကောင်းသူ ...

ဟာသဥာဏ်ရှိပြီး ရယ်စရာမောစရာ အရွှန်းအဖောက် ပြောတတ်သူ...

ကုန်သည်အလုပ်...စကားပြောရသောအလုပ် ..လူရွှင်တော်အလုပ် .

.စတာတွေ နဲ့ ကြီးပွားအောင်မြင် ချမ်းသာတတ်ပါတယ်...။


ဥာဏ်လမ်းကြောင်းကွေးခြင်း

ဥာဏ်လမ်းကြောင်းဟာ အခုလိုကွေးကွေးလေး ဆင်းနေမယ်ဆိုရင်....။

ဒီလက္ခဏာပိုင်ရှင်ဟာ...

စိတ်ကူးယဉ်ဆန်ဆန် စဉ်းစားတွေးခေါ်လုပ်ကိုင်တတ်သူဖြစ်ပါတယ်...။

ကဗျာဆရာ စားရေးဆရာ သီချင်းရေးဆရာ စတဲ့ အနုပညာသမား တော်တော်များများ ရဲ့

ဥာဏ်လမ်းကြောင်းဟာ အခုလို ကွေးကွေးလေးတွေ ရှိနေတတ်ပါတယ်...။




 ဥာဏ်လမ်းကြောင်း အသက်လမ်းကြောင်းကို ဖောက်သွားခြင်း

ဥာဏ်လမ်းကြောင်းဟာ အောက်ဘက်ကို အလွန်အမင်းကွေးဆင်းသွားပြီး

အသက်လမ်းကြောင်းကို ဖောက်ထွက်သွားမယ်ဆိုရင်....

ဒီလက္ခဏာ ပိုင်ရှင်မျိုးဟာ....

ရူး ပြီး မိမိကိုယ်ကို သတ်သေသွားတတ်ပါတယ်....။


 ဥာဏ်လမ်းကြောင်း နှစ်ခွ ဖြစ်နေခြင်း

ဥာဏ်လမ်းကြောင်းဟာ အခုလို အဖျားဘက်မှာ နှစ်ခွဖြစ်နေမယ်ဆိုရင်..။

ဒီလက္ခဏာပိုင်ရှင်ဟာ....

ဥာဏ် အင်မတန်ထက်မြက် ကောင်းမွန်သူဖြစ်ပါတယ်....။

ကောင်းတဲ့ဘက်မျာတော်တဲ့ ဥာဏ်နီ...

မကောင်းတဲ့ဘက်မှာ တော်တဲ့

ဥာဏ်နက် နှစ်မျိုးစလုံးကောင်းသူဖြစ်ပါတယ်....။

ဘ၀မှာ လုပ်ငန်း နှစ်မျိုး...အလုပ် နှစ်မျိုး နဲ့ ကြီးပွားချမ်းသာမယ့်

သူဖြစ်ပါတယ်....။


ဥာဏ်လမ်းကြောင်း အလွန်အမင်း ကွေးနေခြင်း

ဥာဏ်လမ်းကြောင်းဟာ အောက်ဘက်ကို အလွန်အမင်းကွေးဆင်းသွားမယ်ဆိုရင်....။

ဒီလက္ခဏာပိုင်ရှင်ဟာ စိတ်ကူးအယဉ်လွန်ပြီး ရူး သွားတတ်ပါတယ်....။

 
ဥာဏ်လမ်းကြောင်း ဖြောင့်ခြင်း

ဥာဏ်လမ်းကြောင်းဟာ အခုလို ဖြောင့်ဖြောင့်လေး သွားနေမယ်ဆိုရင်....

ဒီလက္ခဏာ ပိုင်ရှင်ဟာ လက်တွေ့ကျကျ စဥိးစား တွေးခေါ်

လုပ်ကိုင်ဆောင်ရွက်တတ်သူဖြစ်ပါတယ်....။

လက်တွေ့သမားလို့ သတ်မှတ်နိုင်ပါတယ်....။
 
 အိမ်ထောင်ရေး လမ်းကြောင်းထိပ်မှာ နှစ်ခွဖြစ်နေရင် ဒါမှမဟုတ် ကြက်ခြေပါနေရင်

ဘယ်လောက်ပဲချစ်ချစ်..ဘယ်လောက်ပဲ စီးပွားရေးအဆင်ပြေပြ.. အိမ်ထောင်ရေးသုခ

မခံစားရတတ်ပါဘူး....။


လူသိထင်ရှား အိမ်ထောင်ကွဲခြင်း

အိမ်ထောင်ရေးလမ်းကြောင်းဟာ နှလုံးလမ်းကြောင်းကို ဖြတ်ဆင်းသွားပြီး အင်္ဂြါ၈ိုဟ်ခုံပေါ်ထိ

ရောက်နေမယ် အဖျားမှာလည်း ကြက်ခြေ ပါနေမယ်ဆိုရင် ရုံးပြင်ကနားမှာ လူသိထင်ရှား

ကွဲရတတ်ပါတယ်...။
 

အိမ်ထောင်ရေးလမ်းကြောင်းဖြောင့်ခြင်း

အိမ်ထောင်ရေးလမ်းကြောင်းဟာ ဖြောင့်စင်းစင်းလေး ဖြစ်နေမယ်ဆိုရင်..

သင့်တော်တဲ့အရွယ်မှာ အိမ်ထောင်ကျတတ်ပြီး အိမ်ထောင်ရေး ကံ လည်း

အင်မတန်ကောင်းတတ်ပါတယ်...။

 


 နှလုံးလမ်းကြောင်းမှာ ကျွန်း ပါနေခြင်း

နှလုံးလမ်းကြောင်းမှာ အခုလို ကျွန်း ပါနေရင်....

ချစ်သူနဲ့ ကွဲ တတ်ပါတယ်...။

တစ်ခု ပါနေရင် တစ်ခါကွဲ တတ်ပါတယ်...။

နှစ်ခု ပါနေရင်တော့ နှစ်ခါကွဲ တတ်ပါတယ်....။


အသက်လမ်းကြောင်းမှာ ကျွန်း ပါနေခြင်း

အသက်လမ်းကြောင်းမှာ အခုလို ကျွန်း ပါနေရင်....

အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ်....။

အသက်လမ်းကြောင်းမှာလည်း ကျွန်း ပါနေတယ် နောက်ကြောမှာ

မှဲ့ ပါနေတယ်ဆိုရင်တော့ လိပ်ခေါင်း ရောဂါ ဖြစ်တတ်ပါတယ်.....။

မုဆိုးဖို မုဆိုးမ ဖြစ်စေသော လမ်းကြောင်း

အိမ်ထောင်ရေး လမ်းကြောင်းသည် နှလုံးလမ်းကြောင်းကို ဖြတ်ဆင်းသွားပြီး

ထိပ်တွင် ကျွန်းခံနေပါက အိမ်ထောင်ကွဲတတ်ပါတယ်...။ရှင်ကွဲ မကွဲရင် သေ

ကွဲ ကွဲတတ်ပါတယ်...။မုဆိုးဖို မုဆိုးမ ဖြစ်သွားတတ်ပါတယ်....။

 
 အိမ်ထောင်ရေးလမ်းကြောင်းထိပ်တွင် ကျွန်း ခံနေခြင်း

အိမ်ထောင်ရေးလမ်းကြောင်းထိပ်တွင် ကျွန်း ခံနေပါက ခွေး နဲ့ ကြောင် နဲ့ ပေးစားထားသလို

အိမ်ထောင်ရေး တကျက်ကျက် ဖြစ်နေတတ်ပါတယ်...။

အဆင်မသင့်ရင် ကွဲ သွားတတ်ပါတယ်....။


အိမ်ထောင်ရေးလမ်းကြောင်း အဖျားကော့သွားခြင်း

အိမ်ထောင်ရေးလမ်းကြောင်းရဲ့  အဖျားဟာ အပေါ်ဘက်ကို

ကော့တက်သွားသွားမယ်ဆိုရင် အိမ်ထောင်ကျ နောက်ကျတတ်ပါတယ်...။

အပျိုကြီးလူပျိုကြီး ဖြစ်သွားတတ်ပါတယ်....။

 
 ကျးတောသူပင် ဘုရင်ကတော် ဖြစ်စေနိုင်သောလမ်းကြောင်း

အိမ်ထောင်ရေးလမ်းကြောင်းဟာ အောက်ကနေတက်လာတဲ့ အောင်မြင်ရေးလမ်းကြောင်း နဲ့

သွားပြီး ထိစပ်နေမယ်ဆိုရင် မိမိထက်အဆင့်အတန်း အင်မတန်မြင့်သူ ချမ်းသာသူ မျိုးနဲ့

အိမ်ထောင်ကျတတ်ပါတယ်...။အိမ်ထောင်ရေးကံလည်း အင်မတန်ကောင်းတတ်ပါတယ်...။


အိမ်ထောင်ရေးလမ်းကြောင်း အဖျား အောက်ဘက်သို့ဆင်းသွားခြင်း

အိမ်ထောင်ရေးလမ်းကြောင်းရဲ့ အဖျား ဘက်ဟာ အောက်ဘက်ကိုဆင်းသွားတယ် ဆိုရင်

အိမ်ထောင်စောစော ကျတတ်ပြီး အိမ်ထောင်ရး ကံ မကောင်းတတ်ပါဘူး....။

0 comments:

Related Posts Plugin for WordPress, Blogger...