Saturday 31 January 2009

ကျနော်တို့ ၇ ယောက်



လောကမှာ တန်ဖိုးအကြီးဆုံးအရာ ၃ ခုရှိပါတယ်။ ၁။ အချစ်စစ် ၂။ မိမိကို မိမိယုံကြည်မှု နဲ့ ၃။ သူငယ်ချင်းကောင်း တွေပါ။ အဲ့ဒီ သုံးချက်ထဲမှာမှ အချစ်စစ်နဲ့ မိမိကို မိမိယုံကြည်မှုဆိုတာ ဖန်တီးယူလို့ရပါတယ်။ သူငယ်ချင်းကောင်းဆိုတာ မိမိအပေါ်မှာ မမူတည်သလို ဖန်တီးယူလို့လည်း မရပါဘူး။

" စိတ်ညစ်စရာ တွေနဲ့ ကြုံခဲ့ရင် ရင်ဖွင်ဖို့။ စိတ်ပျက် အားငယ်နေချိန်မှာ အားပေး နှစ်သိမ့်ဖို့။ ပျော်ရွှင် ကြည်နူး နေချိန်မှာ မျှဝေ ခံစားဖို့။ တကယ် လိုအပ်နေတာက သူငယ်ချင်းကောင်း " ဆိုတဲ့ စကားတစ်ခွန်းဟာ ကမ္ဘာပေါ်က လူအားလုံး ယုံကြည်လက်ခံနေတဲ့ ဒဿန တစ်ခုပါ။ ယခု စာဖတ်သူလည်း ဒီစကားကို လက်ခံမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကတော့ ၁၀၀ ရာခိုင်နှုန်း ယုံတယ်ဗျ။

အထူးသဖြင့် ကျနော်တို့လို လူလားမြောက်တဲ့ အရွယ်ကတည်း က မိသားစုနဲ့ ခွဲနေရတဲ့ ဇာနည်ရဲဘော် တွေ အတွက်ဆိုရင် ရဲဘော်ရဲဘက် ကောင်းတွေကို မိသားစု ၀င်တွေထက်တောင် သံယောဇဉ် ပိုရှိကြတာ ထုံးစံပါပဲ။

အခု ဒီပို့စ်မှာ ကျနော်နဲ့ ရဲဘော် ၆ ယောက် အကြောင်းကို ပြောပြချင်ပါတယ်။

ရှေ့မှာ ကျနော်တို့ထဲမှာ ဆရာအကျဆုံးလို့ ပြောလို့ရတဲ့ အသူရာကောင်လေးခေါ် ရဲကြီးရဲ့ အဆီအငေါ် မတည့်တဲ့ ကဘောက်တိ ကဘောက်ချာ မိတ်ဆက်စာကို ဒီနေရာ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်များကလည်း မကြာခင်မှာ မိတ်ဆက်ကြပါလိမ့်မယ်။ လောလောဆယ် အရေးကြီး တာဝန်များကို ထမ်းဆောင်နေရသောကြောင့် မအားမလပ်ဖြစ်နေကြတာကို သည်းခံပေးကြပါ။ အားလုံးရဲ့ကိုယ်စား 7comrades နဲ့ မိတ်ဆက်ပေးပါရစေ။ ကျနော်တို့ ရဲဘော်ခုနစ်ယောက်ကတော့
  1. အရက်မရှိရင် ချူချာတဲ့ မောင်အသူရာ
  2. သူထက်ကြီးတာ ဘယ်သူမှမရှိဘူးဆိုတဲ့ ပိုးဟပ်ကြီး (အသက်)
  3. ကျောင်း မှာ ပြဿနာ အဖြစ်ဆုံး မောင်ဂျလုန်း
  4. အင်မတန် တော်ကီညက်ပြီး အချိုသပ်ပြောတတ်တဲ့ ဘိုထက်
  5. အချောင်ခိုတဲ့ ဆိုက်ဘို (xybo)
  6. ဒိတ်ဒိတ်ကျဲ မောင်သိဟ်နဲ့
  7. ကျနော် စလစ် ပါ....။
ဒီဘလော့ရဲ့ ကမကထကတော့ XyBo ပါ။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ ပျော်ရွှင်မှုတွေမျှဝေချင်တာရယ်၊ နုပျိုတဲ့နေရက်တွေက ကျနော်တို့ နှလုံးသားကို ဘယ်လို ရွှင်လန်းစေတယ်ဆိုတာကို သိစေချင်တာရယ်၊ တိုတောင်းလှတဲ့ လူ့ဘ၀မှာ ခါးသီးလှပါတယ်ဆိုတဲ့ လောကဓံကို လုံးဝဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကျနော်တို့ ပျော်ရွှင်စွာ ဖြတ်ကျော်နေတယ်ဆိုတာ အားကျစေချင်တာရယ် တွေပါ။

Friday 30 January 2009

နှုတ်ခမ်းမွှေး နှင့်လူများ

နှုတ်ခမ်းမွှေးတဲ့... ခုခေတ်စကားနဲ့ဆိုတော့ တစ်ခမ်းမွှေး ပေါ့ဗျာ... အဲဒီတစ်ခမ်းမွှေး တွေ အဲဟုတ်ပေါင် နှုတ်ခမ်းမွှေး ထားပါတော့.. တစ်ခမ်းမွှေး နဲ့ ပုဂ္ဂိုလ်များ နာမည်ကတော့ ကြီးသားဗျ... ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ဝင်းဦးတို့ မော့စ်တို့ ကမ္ဘာမှာ နာမည်ကြီးတာကတော့ ဟစ်တလာပေါ့ဗျာ.. အဲ... အဲ့လိုပဲဗျ ကျွန်တော်တို့ ကျောင်းတော်ကြီး မှာလဲ ကျောင်းသားများ ဝိုင်းဝန်း နာမည်ပေး ထားကြတဲ့ တစ်ခမ်းမွှေး ဆိုတဲ့ ဆရာ ၁ယောက် ရှိလေရဲ့ .... နာမည်အရင်းတော့ မသိဘူးဗျ... ကိုယ့်ဆရာကိုအဲလောက် ချစ်ရှာပါတယ် ကျွန်တော်က ဟီးဟီး.... စာအုပ်ထဲမှာတော့ မှတ်တော့ထားတာပဲ... ဒါတောင်ထင်တာကို ပြောတာရယ်ဗျ... သူ့ နာမည်ကလည်း ခပ်ရှုပ်ရှုပ်ကိုး ဗျ... သူတို့လူမျိုးတွေကလည်း နာမည်ကို လူနားလည်အောင်မှ မပေးတာကိုး... ကျွန်တော့်အပြစ်တော့ မဟုတ်ဘူး.. အဲလိုပေါ့ဗျာ.. အဲဒီတစ်ခမ်းမွှေးက တယ်ကျစ်သကိုးဗျ... မြန်မာပြည်က အုန်းဆံကြိုး ထက်တောင်ဆိုးသေး...ကျွန်တော်တို့မှမဟုတ်ဘူး သူတို့လူမျိုးတွေလဲ ထိုနည်းလည်းကောင်းပဲဗျ... သူစသင်ပြီဆိုလည်း သင်ချင်တာသင်တာရယ်... တခါတစ်လေဆို သူရှင်းပြတဲ့စာတွေဆို ကျွန်တော့် မျက်စိထဲမှာ မီးခြစ်ဆံခေါင်းလိုလို ပဲပင်ပေါက်လိုလို ဟာတွေပဲပြေးပြေး မြင်နေတာ... သူ့လက်ချာက တော့ထားလိုက် ပါတော့... သူရဲ့ Lab ခန်းဆို သာလို့ တောင်ဆိုးပ... မာနကြီးတာလာဘာလားတော့မသိဘူး မသိလို့မေးရင် တောင် မဖြေဘူးရယ်... စကားတစ်ခွန်းတော့ ပြောရှာပါတယ်... မင်းတို့ကို လက်ချာ မှာသင်ပြီးသားတဲ့... ရအောင်လုပ်တဲ့.... တော်တော်လက်ပေါက်ကပ် တဲ့ ဆရာပါဗျာ... တစ်ခါ Lab ခန်းပုစ္ဆာက theory ဆိုရင် သူသင်မထားဘူးဗျ... အဲဒါနဲ့သွားမေးတော့ ဘာပြန်ပြောတယ်ထင်လဲ... Internet ထဲကရှာတဲ့... ကောင်းရောပဲ...
ဒီလိုနဲ့ လိမ်ကျစ် လိမ်ဖယ် နဲ့သူ့စာမေးပွဲ ရောက်သွားရော ဗျို့ ... ဘာပြောကောင်းမလဲ ကျလိုက်ကြတာများ... ဗွက်ထဲချော်လဲတဲ့အသံကမှ တိုးဦးမယ်... တဘိုင်းဘိုင်းပဲ... သောက်သောက်လဲကို ကျတယ်ဗျို့ ... ကျွန်တော် ဇာတ်လိုက်ကျော် သိဟ်ကြီးလဲ ပါတာပေါ့ဗျာ... ကျွန်တော့်ကအကျင့်ကိုဖြစ် နေလို့ပါ... သူများနဲ့ တန်းတူပဲ လိုက်လုပ်တယ်လေ... ချွန်ထွက်မသွားတတ် ဘူးဗျ... ဟီးဟီး... သူတို့လူမျိုးတွေဆိုရင် နှုတ်ခမ်းမွှေးစာမေးပွဲ ဆို ပြော မနေနဲ့...ပထမတစ်ခေါက်က သွေးတိုးစမ်းတာတဲ့....ဒုတိယ တစ်ခေါက် အတွေ့ အကြုံယူတာတဲ့...အဲလိုကြီးတွေရယ် .... မနေ့ကပြန်ဖြေရတယ်ဗျ... ဒီတစ်ခါတော့ ကျွန်တော် မောင်သိလ် အောင်မြင်စွာပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်... အောင်မှာပေါ့ ကျွန်တော်က ဘုရား တရားလုပ်တာကိုးဗျ.... ဟီးဟီး... ပြောသာပြောရတာ ကျွန်တော့်ဘော်ဘော်ကြီးတွေ ဖတ်လို့သိသွားရင် အူနှိပ်မှာမြင်ယောင် သေးတယ်... အဲလိုပေါ့ဗျာ... ဒီ Post လေးရေးရတဲ့ အကြောင်းကတော့ ပျော်လို့ပေါ့ဗျာ... စာမေးပွဲအောင် သွားတာကိုး... အဲ ကျွန်တော်အဲဒီ တစ်ခမ်းမွှေးဆရာကြီး အကြောင်းရေးတဲ့ကဗျာ တွေရှိတယ်ဗျ.... ရင်တွင်းခံစားချက် မော်ဒန်ကဗျာတွေပေါ့ဗျာ... မျှဝေခံစား ကြပါကုန်..

ပြာလဲ့နေတဲ့ ကောင်းကင်ပြာတစ်ထည်
လူသူမသိဘဲ ကတ္တရာလမ်းပေါ်မှာ
ပြေးလွှား နေသတဲ့.....
အသက်ငယ်ငယ်နဲ့ တုတ်လေးတစ်ချောင်းကလည်း
ပျော်ရွှင်နေတဲ့ လေဆိုင်ထဲမှာ
ဆော့ကစားနေလေရဲ့ ....
မျက်မမြင်ရှာတဲ့ နှင်း စက်လေး တွေလည်း
မြစ်ရင်ခွင်ကို တိုးဝင်နေ သတဲ့......
ပြီးတော့...ပြီးတော့...
သိပုံမပေါ်သော စကားများနဲ့
တတ်မြောက်မထားသော ဘာသာရပ်တွေကိုလည်း
တစ်ခမ်းမွှေးနဲ့ လူကြီးတစ်ယောက်ကလဲ
သင်နေလေရဲ့ လေ.......။

ဆရာသခင်များကိုလေးစားလျက်....

Thursday 29 January 2009

မှတ်တမ်း

မင်္ဂလာပါ... ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး ထင်ရာမြင်ရာ ရေးကြမယ့် ဘလော့လေးပါ... ပထမတော့ လူငယ်လေးယောက်ဆိုပြီး စမယ်လုပ်လိုက်တာ ဘော်ဘော်တွေက သူတို့တွေကို ချန်ထားလို့ စိတ်ကောက်ကြတယ်လေ.. အဲဒါနဲ့ ဆွဲထည့်လိုက်တာ... ၇ ယောက်ဖြစ်သွားလို့ ရဲဘော် ၇ ယောက်လို့ နာမည်ပေးဖြစ်သွားပါတယ်... နောက်ထပ် စိတ်ကောက်နေသေးသည့် ဘော်ဘော်များ ရှိပါက ဘလော့နာမည် ထပ်ပြောင်းဦးမည် ဖြစ်ပါကြောင်း...

Wednesday 28 January 2009

အားကစားရေးရာ အဖြာဖြာ

Internet မှဘောလုံးပွဲများကို ဒီ link မှကြည့်ရှုနိုင်ပါချင်တယ် ဆိုတဲ့ အစ်ကိုတွေ အစ်မတွေ အတွက် ....
www.myp2p.eu
www.fsicrew.info
www.footballstreaming.info

အားလုံးထဲမှာတော့ myp2p ကအကောင်းဆုံးပဲဗျ.. အားကစားလိုင်းမှန်သမျှကြည့်လို့ရတယ်... လိုတဲ့ software တွေအကုန်လဲ myp2p ထဲမှာ အကုန်ရှိတယ် ... သွားလေသူ ကိုသားကြီးပြောသလိုပေါ့ဗျာ.... ကျွန်တော်အကြိုက်ဆုံးပါပဲဗျာ.... ဟီးဟီး
ကောင်းလွန်းလို့ မနက်အိပ်ယာထနောက်ကျပြီးကျောင်းကို Messi လို speed နဲ့ပြေးရတာလဲတစ်ခေါ် ... နောက်ကြပြန်တော့လဲ C.Ronaldo လို အလိမ်အလှည့်တွေနဲ့ ဆရာမကိုရှင်းရတာလဲအမော... ဖြစ်ကြောင်းရယ်ကုန်စင် တွေနောက်မှရေးမယ်ဗျာ။


ဒီအောက်က Link တွေကတော့ ညကမကြည့်လိုက်ရတဲ့ ပွဲတွေကို Highlights ပြန်လည်ကြည့်ရှုနိုင်ပါတယ်...
www.footytube.com
www.mightyfootball.com

mightyfball ကတော့ ပွဲပြီးတာနဲ့ချက်ချင်းတင်သဗျ.... ဒါပေမယ့်သူချိတ်ပေးတဲ့ flashplayer လေးတွေက ၁ခါ ၁ လေကောင်းဖူးဗျ

ဘောလုံးသတင်းဂျာနယ်လေးတွေဖတ်ချင်ရင်တော့
www.mutdfan.com
www.first-11.com
www.eurosport.com
www.myanmargoal.com
www.soccermyanmar.com
ဒါကတော့မကြာသေးခင်ကမှတင်လိုက်တဲ့အသစ်လေး

နေ့အလိုက်ဘယ်နေ့ ဘာပွဲတွေရှိတယ်... ဘယ်အချိန်မှာ ကန်မယ်ဆိုတာ သိချင်ရင်တော့ သိကြမယ်ထင်ပါတယ်
www.livescore.com

ဘောလုံးပွဲတွေလောင်းတဲ့ဆိုဒ်ကတော့...... ဟီးဟီး သိချင်လား ... သိချင်ရင်ဆုံစမ်း သိသွားရင်လည်းပြောကြပါဦး.....:D

Tuesday 27 January 2009

ကဲ... စမယ်

စပြီဗျာ.... စပြီဆိုကတည်းက ကိုင်မိတာက keyboard ပေါ့ဗျာ.... တခြားဟာကိုင်လို့ မဖြစ်ဘူးမလား..... ကိုင်တော့ကိုင်ချင်ပါတယ်.... ကောင်မလေးချောချောရဲ့လက် ပြောပါတယ်.... ဘဝကုသိုလ်ကံအကျိုးကလည်း အဲလိုဖြစ်ဖို့ တစ်စွန်းတစ်စတောင် မမြင်သေးတော့ခက်သား..... ဟီးဟီး ဒီတော့ ဘာရယ်မဟုတ်ပါဘူး ... ကျောင်းကလည်းပိတ်ထား လူတွေကလဲအားယား သတိရတိုင်း အရက်သောက်လိုက်.... စားလိုက်... အိပ်လိုက် နဲ့ရယ်.... မဖြစ်ခြေဘူးဆိုပြီး ဒီဘလော့ဘ် လေးလုပ်လိုက်ကြတာပဲ...... ရေးတယ်ဆိုတာကလည်း ပျင်းလို့ရေးချင်တာတွေ ရေးကြမှာပါ...
ရေးစမ်းထင်ရာမြင်ရာ.... လုပ်စမ်းပေါက်တတ်ကရပေါ့ဗျာ..... မျက်စိလည်လမ်းမှားပြီး အလည်ရောက်လာ လို့ဖတ်မိရင်တောင် ကျေးဇူးတင်လှပါပြီခင်ဗျာ....
အားလုံးကိုခင်မင်လေးစားလျက်
လူငယ်လေးယောက်

Monday 26 January 2009

မိတ်ဆက်

လူငယ်လေးယောက်
တစ်ယောက်တစ်ပေါက်
အကုန်ဂေါက်တောက်တောက်
သောက်ပြီး အကုန်မှောက်
မှောက်ပြီးပြန်သောက် မလုံလောက်
လမ်းထိပ်ဆိုင် ပြန်ရောက်
ကျွန်တော်တို့ လေးယောက်
Related Posts Plugin for WordPress, Blogger...