Friday 30 January 2009

နှုတ်ခမ်းမွှေး နှင့်လူများ

နှုတ်ခမ်းမွှေးတဲ့... ခုခေတ်စကားနဲ့ဆိုတော့ တစ်ခမ်းမွှေး ပေါ့ဗျာ... အဲဒီတစ်ခမ်းမွှေး တွေ အဲဟုတ်ပေါင် နှုတ်ခမ်းမွှေး ထားပါတော့.. တစ်ခမ်းမွှေး နဲ့ ပုဂ္ဂိုလ်များ နာမည်ကတော့ ကြီးသားဗျ... ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ဝင်းဦးတို့ မော့စ်တို့ ကမ္ဘာမှာ နာမည်ကြီးတာကတော့ ဟစ်တလာပေါ့ဗျာ.. အဲ... အဲ့လိုပဲဗျ ကျွန်တော်တို့ ကျောင်းတော်ကြီး မှာလဲ ကျောင်းသားများ ဝိုင်းဝန်း နာမည်ပေး ထားကြတဲ့ တစ်ခမ်းမွှေး ဆိုတဲ့ ဆရာ ၁ယောက် ရှိလေရဲ့ .... နာမည်အရင်းတော့ မသိဘူးဗျ... ကိုယ့်ဆရာကိုအဲလောက် ချစ်ရှာပါတယ် ကျွန်တော်က ဟီးဟီး.... စာအုပ်ထဲမှာတော့ မှတ်တော့ထားတာပဲ... ဒါတောင်ထင်တာကို ပြောတာရယ်ဗျ... သူ့ နာမည်ကလည်း ခပ်ရှုပ်ရှုပ်ကိုး ဗျ... သူတို့လူမျိုးတွေကလည်း နာမည်ကို လူနားလည်အောင်မှ မပေးတာကိုး... ကျွန်တော့်အပြစ်တော့ မဟုတ်ဘူး.. အဲလိုပေါ့ဗျာ.. အဲဒီတစ်ခမ်းမွှေးက တယ်ကျစ်သကိုးဗျ... မြန်မာပြည်က အုန်းဆံကြိုး ထက်တောင်ဆိုးသေး...ကျွန်တော်တို့မှမဟုတ်ဘူး သူတို့လူမျိုးတွေလဲ ထိုနည်းလည်းကောင်းပဲဗျ... သူစသင်ပြီဆိုလည်း သင်ချင်တာသင်တာရယ်... တခါတစ်လေဆို သူရှင်းပြတဲ့စာတွေဆို ကျွန်တော့် မျက်စိထဲမှာ မီးခြစ်ဆံခေါင်းလိုလို ပဲပင်ပေါက်လိုလို ဟာတွေပဲပြေးပြေး မြင်နေတာ... သူ့လက်ချာက တော့ထားလိုက် ပါတော့... သူရဲ့ Lab ခန်းဆို သာလို့ တောင်ဆိုးပ... မာနကြီးတာလာဘာလားတော့မသိဘူး မသိလို့မေးရင် တောင် မဖြေဘူးရယ်... စကားတစ်ခွန်းတော့ ပြောရှာပါတယ်... မင်းတို့ကို လက်ချာ မှာသင်ပြီးသားတဲ့... ရအောင်လုပ်တဲ့.... တော်တော်လက်ပေါက်ကပ် တဲ့ ဆရာပါဗျာ... တစ်ခါ Lab ခန်းပုစ္ဆာက theory ဆိုရင် သူသင်မထားဘူးဗျ... အဲဒါနဲ့သွားမေးတော့ ဘာပြန်ပြောတယ်ထင်လဲ... Internet ထဲကရှာတဲ့... ကောင်းရောပဲ...
ဒီလိုနဲ့ လိမ်ကျစ် လိမ်ဖယ် နဲ့သူ့စာမေးပွဲ ရောက်သွားရော ဗျို့ ... ဘာပြောကောင်းမလဲ ကျလိုက်ကြတာများ... ဗွက်ထဲချော်လဲတဲ့အသံကမှ တိုးဦးမယ်... တဘိုင်းဘိုင်းပဲ... သောက်သောက်လဲကို ကျတယ်ဗျို့ ... ကျွန်တော် ဇာတ်လိုက်ကျော် သိဟ်ကြီးလဲ ပါတာပေါ့ဗျာ... ကျွန်တော့်ကအကျင့်ကိုဖြစ် နေလို့ပါ... သူများနဲ့ တန်းတူပဲ လိုက်လုပ်တယ်လေ... ချွန်ထွက်မသွားတတ် ဘူးဗျ... ဟီးဟီး... သူတို့လူမျိုးတွေဆိုရင် နှုတ်ခမ်းမွှေးစာမေးပွဲ ဆို ပြော မနေနဲ့...ပထမတစ်ခေါက်က သွေးတိုးစမ်းတာတဲ့....ဒုတိယ တစ်ခေါက် အတွေ့ အကြုံယူတာတဲ့...အဲလိုကြီးတွေရယ် .... မနေ့ကပြန်ဖြေရတယ်ဗျ... ဒီတစ်ခါတော့ ကျွန်တော် မောင်သိလ် အောင်မြင်စွာပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်... အောင်မှာပေါ့ ကျွန်တော်က ဘုရား တရားလုပ်တာကိုးဗျ.... ဟီးဟီး... ပြောသာပြောရတာ ကျွန်တော့်ဘော်ဘော်ကြီးတွေ ဖတ်လို့သိသွားရင် အူနှိပ်မှာမြင်ယောင် သေးတယ်... အဲလိုပေါ့ဗျာ... ဒီ Post လေးရေးရတဲ့ အကြောင်းကတော့ ပျော်လို့ပေါ့ဗျာ... စာမေးပွဲအောင် သွားတာကိုး... အဲ ကျွန်တော်အဲဒီ တစ်ခမ်းမွှေးဆရာကြီး အကြောင်းရေးတဲ့ကဗျာ တွေရှိတယ်ဗျ.... ရင်တွင်းခံစားချက် မော်ဒန်ကဗျာတွေပေါ့ဗျာ... မျှဝေခံစား ကြပါကုန်..

ပြာလဲ့နေတဲ့ ကောင်းကင်ပြာတစ်ထည်
လူသူမသိဘဲ ကတ္တရာလမ်းပေါ်မှာ
ပြေးလွှား နေသတဲ့.....
အသက်ငယ်ငယ်နဲ့ တုတ်လေးတစ်ချောင်းကလည်း
ပျော်ရွှင်နေတဲ့ လေဆိုင်ထဲမှာ
ဆော့ကစားနေလေရဲ့ ....
မျက်မမြင်ရှာတဲ့ နှင်း စက်လေး တွေလည်း
မြစ်ရင်ခွင်ကို တိုးဝင်နေ သတဲ့......
ပြီးတော့...ပြီးတော့...
သိပုံမပေါ်သော စကားများနဲ့
တတ်မြောက်မထားသော ဘာသာရပ်တွေကိုလည်း
တစ်ခမ်းမွှေးနဲ့ လူကြီးတစ်ယောက်ကလဲ
သင်နေလေရဲ့ လေ.......။

ဆရာသခင်များကိုလေးစားလျက်....

1 comments:

Unknown said...

စာမေးပွဲအောင်လို့ကြွားတာလား?

Related Posts Plugin for WordPress, Blogger...