Saturday 31 January 2009

ကျနော်တို့ ၇ ယောက်



လောကမှာ တန်ဖိုးအကြီးဆုံးအရာ ၃ ခုရှိပါတယ်။ ၁။ အချစ်စစ် ၂။ မိမိကို မိမိယုံကြည်မှု နဲ့ ၃။ သူငယ်ချင်းကောင်း တွေပါ။ အဲ့ဒီ သုံးချက်ထဲမှာမှ အချစ်စစ်နဲ့ မိမိကို မိမိယုံကြည်မှုဆိုတာ ဖန်တီးယူလို့ရပါတယ်။ သူငယ်ချင်းကောင်းဆိုတာ မိမိအပေါ်မှာ မမူတည်သလို ဖန်တီးယူလို့လည်း မရပါဘူး။

" စိတ်ညစ်စရာ တွေနဲ့ ကြုံခဲ့ရင် ရင်ဖွင်ဖို့။ စိတ်ပျက် အားငယ်နေချိန်မှာ အားပေး နှစ်သိမ့်ဖို့။ ပျော်ရွှင် ကြည်နူး နေချိန်မှာ မျှဝေ ခံစားဖို့။ တကယ် လိုအပ်နေတာက သူငယ်ချင်းကောင်း " ဆိုတဲ့ စကားတစ်ခွန်းဟာ ကမ္ဘာပေါ်က လူအားလုံး ယုံကြည်လက်ခံနေတဲ့ ဒဿန တစ်ခုပါ။ ယခု စာဖတ်သူလည်း ဒီစကားကို လက်ခံမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကတော့ ၁၀၀ ရာခိုင်နှုန်း ယုံတယ်ဗျ။

အထူးသဖြင့် ကျနော်တို့လို လူလားမြောက်တဲ့ အရွယ်ကတည်း က မိသားစုနဲ့ ခွဲနေရတဲ့ ဇာနည်ရဲဘော် တွေ အတွက်ဆိုရင် ရဲဘော်ရဲဘက် ကောင်းတွေကို မိသားစု ၀င်တွေထက်တောင် သံယောဇဉ် ပိုရှိကြတာ ထုံးစံပါပဲ။

အခု ဒီပို့စ်မှာ ကျနော်နဲ့ ရဲဘော် ၆ ယောက် အကြောင်းကို ပြောပြချင်ပါတယ်။

ရှေ့မှာ ကျနော်တို့ထဲမှာ ဆရာအကျဆုံးလို့ ပြောလို့ရတဲ့ အသူရာကောင်လေးခေါ် ရဲကြီးရဲ့ အဆီအငေါ် မတည့်တဲ့ ကဘောက်တိ ကဘောက်ချာ မိတ်ဆက်စာကို ဒီနေရာ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်များကလည်း မကြာခင်မှာ မိတ်ဆက်ကြပါလိမ့်မယ်။ လောလောဆယ် အရေးကြီး တာဝန်များကို ထမ်းဆောင်နေရသောကြောင့် မအားမလပ်ဖြစ်နေကြတာကို သည်းခံပေးကြပါ။ အားလုံးရဲ့ကိုယ်စား 7comrades နဲ့ မိတ်ဆက်ပေးပါရစေ။ ကျနော်တို့ ရဲဘော်ခုနစ်ယောက်ကတော့
  1. အရက်မရှိရင် ချူချာတဲ့ မောင်အသူရာ
  2. သူထက်ကြီးတာ ဘယ်သူမှမရှိဘူးဆိုတဲ့ ပိုးဟပ်ကြီး (အသက်)
  3. ကျောင်း မှာ ပြဿနာ အဖြစ်ဆုံး မောင်ဂျလုန်း
  4. အင်မတန် တော်ကီညက်ပြီး အချိုသပ်ပြောတတ်တဲ့ ဘိုထက်
  5. အချောင်ခိုတဲ့ ဆိုက်ဘို (xybo)
  6. ဒိတ်ဒိတ်ကျဲ မောင်သိဟ်နဲ့
  7. ကျနော် စလစ် ပါ....။
ဒီဘလော့ရဲ့ ကမကထကတော့ XyBo ပါ။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ ပျော်ရွှင်မှုတွေမျှဝေချင်တာရယ်၊ နုပျိုတဲ့နေရက်တွေက ကျနော်တို့ နှလုံးသားကို ဘယ်လို ရွှင်လန်းစေတယ်ဆိုတာကို သိစေချင်တာရယ်၊ တိုတောင်းလှတဲ့ လူ့ဘ၀မှာ ခါးသီးလှပါတယ်ဆိုတဲ့ လောကဓံကို လုံးဝဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကျနော်တို့ ပျော်ရွှင်စွာ ဖြတ်ကျော်နေတယ်ဆိုတာ အားကျစေချင်တာရယ် တွေပါ။

3 comments:

Anonymous said...

ရဲဘော်လေး ၇ယောက်ရဲ့ ခံစားမှုတွေကို ဝေမျှခံစားဖို့ စောင့်နေပါတယ် :)

Anonymous said...

Hay Everybody have their own appearance ! Where is the appearance for Slip ?

ဂျလုန်းဂျလုန်း said...

mg slip .. tha ti ya tal kwar .. but .. jalone toe ka tot .. kabar ma char thay par woo .. * sat latt shin than nay sal par par * ha` ha` .. aye say pal ma lar .. ngar toe block lay ko .. a thet shi ag .. sat latt htan saung par kwar ..

Related Posts Plugin for WordPress, Blogger...