Tuesday 3 February 2009

ရွှေကျောင်းတော် အတွက် ဖလားတစ်လုံး


ဖလား ဆိုတာနဲ့ ရေချိုးတဲ့ ဖလားပြေးမမြင်လိုက်ပါနဲ့.....မိတ်ဆွေ မှားမယ်... တစ်ကယ်တော့ ဟဲဟဲ... တစ်ကယ့်ဖလား စစ်စစ်ကြီးပါ..... သိဟ်ကြီးတို့ အဖွဲ့ ကပြိုင်ပွဲတိုင်း မှာ အောင်နိုင်သူတွေ သာ ပေးအပ်တဲ့ တစ်ကယ့် ဖလားကြီး ကို ကျွန်တော်တို့ရဲ့ ရွှေကျောင်းတော်ကြီး အတွက် ယူပေး ခဲ့တာပါဗျာ.......။

နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီး ရောက်လာတဲ့ အခိုက် အတန့်ကာလပေါ့ဗျာ..... မြန်မာကျောင်းသား များ ရဲ့ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကြီးကို ကျွန်တော်တို့ရဲ့ အစ်ကိုညီများ စုပေါင်းပြီး ကျင်းပ ခဲ့ကြပါတယ်။.... ကောင်းသော လုပ်ဆောင်ချက်လေး တစ်ခုပါ......။ နွေရာသီကာလဟာ ကျွန်တော်တို့လို ရွှေပြည်တော် ဝေး ကျောင်းသားများ အတွက် စိတ်ပေါင်းစုံ ကို စကြာဝဠာကြီးထဲ ဖြန့်ကျက် လိုက်သလို ရောက်ချင်ရာ ရောက်..... ပေါက်ချင်ရာပေါက်ပြီး ပျင်းရိငြီးငွေ့ဖွယ် အချိန်များပေါ့ဗျာ...။ ခုလိုမျိုး ပြိုင်ပွဲတစ်ခု လုပ်ပေးလိုက်တော့ မြန်မာပြည် ကကွဲကွာ ခဲ့တဲ့ သူငယ်ချင်းများ ပြန်တွေ့ပြီး ပျော်ရွှင် စရာ တွေဖြစ်ခဲ့သလို....လွင့်နေတဲ့ စိတ်တွေကို ပြန်လည် စုစည်းပေးခဲ့တယ် လို့ပဲဆိုပါရစေ......။

ဇာတ်လမ်းက အဲဒီမှာစတာပဲ..... “အသူရာကြီး... ဘောကန်ကြမယ်....ကျောင်းပေါင်းစုံပွဲဟ.... မကျေပွဲ ပေါ့ကွာ... မင်းကန်မှာမလား...." ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖိတ်စာ ရောက်လာတဲ့နေ့မှာပဲ အခန်းထဲမှာ computer ကြီးကို Discovery သဖွယ် စူးစမ်းကလိ နေသော အသူရာကြီးကို ပြောလိုက်ရော....
“ဟ... သိဟ်ကြီးရ.. ဒီကျောင်းတော်ကြီးမှာ မင်းတို့ငါတို့လို ကမ္ဘာကျော်ခြေထောက်ကို နေရာမှားမွေးလားတဲ့ ဘောသမားကျော်ကြီးတွေမှ မကန်ရင် ဘယ်သူကန်မလဲကွ...”
“အော်အော့... ကြားရတာ အန်ချင်လိုက်တာ.... ပလပ်စတစ်ထုပ်နဲ့ အုန်းသီးခြောက် ကန်ရမယ့် ခြေထောက်ကိုများ...”
“အေးလေ.... မှော်ဘီက စံချိန်မမှီလို့ လွင့်ပစ်ထားတဲ့ ဘောလုံးလေးတွေကို ဖာထေးပြုပြင်ပြီး ကန်လာတဲ့ ကောင်ကများ”....... အသူရာကြီး စကားမဆုံးသေးပါဘူး ဝင်လာလိုက်တဲ့ တိုက်စစ်မြှားလုံးတွေက Hero ကာားထဲက အတိုင်း...... ရှောင်မလွဲပါပဲ။ ဝင်လာတဲ့ကောင်တွေ ကတော့ အသံလေး နဲနဲစီလာတာနဲ့ ရောက်ရောက်လာ တဲ့ စလစ် ကြီးပိုးဟတ်ကြီးဘိုထက်ဂျလုန်း တို့ပါပဲ....။

“မင်းသတင်းက သေချာလို့လား သိဟ်ရ... မနှစ်က အဲဒီကျောင်းက ကမကထ လုပ်ပြီးပြီ လေကွာ...”
“အေးလေ... ဒီနှစ် တစ်ခြားကျောင်းက သူတို့လုပ်ပေးမယ်ဆို”
“အာ... သေချာတယ်ဟ.. ခုလေးပဲပွဲ ကျင်းပမဲ့ ကျောင်းက ငါ့ကောင်က လှမ်းပြောတာကွ”.... ကျွန်တော် ဖြေရှင်းလို့ မဆုံးသေးခင်မှာပဲ....
“သိဟ်ကြီး... ငါ့ကောင်ဆိုတာ ဘာလဲဟ... ဟီးဟီး.....” နောက် ရောက်လာတဲ့ xybo စကားက ဝင်ကတည်း က ခံဖက်က.....
“အေးဟေ့...... ငါ့ကောင်ဆိုတာ မင်းညီမဖို့ ငါလက်သပ် မွေးထားတဲ့ မျောက်ဟေ့...” စကားမဆုံး ပဲ ရှိသေး.... ဆိုက်ဘိုရဲ့ ဖိနပ်ပျံများကို ရှောင်ပြေးလာခဲ့ရတယ်...။

ဒီလိုနဲ့ပဲ.... ကျွန်တော်တို့အဖွဲ့ training ဆင်းရင်း... ဘောလုံးပြိုင်ပွဲကြီး ရောက်လို့လာခဲ့ပါတော့တယ်....။ အဲ.... ပြောရဦးမယ်... ဒီဘောလုံးပွဲက မနှစ်ကလည်း ကျွန်တော်တို့ တစ်သိုက် ဝင်ပြိုင်သဗျ... ဒါပေမယ့်ဗျာ... ကျွန်တော်တို့လို အဆင့်အတန်းမှီ နိုင်ငံတကာ ခြေထောက်ပိုင်ရှင်မျိုးတွေနဲ့ အတွဲမညီတဲ့သူတွေ ပါတော့ ဗိုလ်မစွဲခဲ့ဘူးပေါ့ဗျာ.... ဟီးဟီး..... ကျွန်တော်တို့အဖွဲ့မှာ ဘောလုံး မတောက်တခေါက် ကောင်းကောင်း ကန်တတ် တာက ကျွန်တော် မောင်သိဟ်၊ အသူရာကြီ်း၊ ပိုးဟတ်ကြီး၊ ဂျလုန်းဂျလုန်း တို့လောက်ရယ်ပဲရှိတယ်.... ဘိုထက် ကတော့ ဘောလုံး လူရှေ့ရောက်လာရင် မလွဲအောင် ကန်တတ်တဲ့ အဆင့်လောက်တော့ ရှိပါတယ်.... ဆိုက်ဘို ကတော့ ကွင်း ၁ ပတ်လောက်ပြေးရင် လျှာက တစ်ရှုးတစ်လိပ်လောက် ထွက်တဲ့ကောင်ရယ်.... ကွင်းဆိုလို့ ပေ ၁၂၀x၈၀ ကွင်းတော့မဟုတ်ဘူး... ပေ ၄၀ ပတ်လည်ကွင်းလေး...

“ဟာကွာ... ၃ ပွဲတောင် ကန်ပြီးပြီ ၃ မှတ်ပဲ ရသေးတယ်.... မင်းတို့ ကမ္ဘာကြောင်ခြေထောက် ပိုင်ရှင်ကြီးတွေက ဒီလိုပဲလားဟ....” ဘိုထက်၏ အခန်းထဲ ဝင်ဝင်လာခြင်း ဆောက်နဲ့ထွင်းစကား....
“အေးလကွာ...... မက်ဆီတို့.... ဒိုလေးတို့..... ကာကာတို့တောင် ညအိပ်ညစားနဲ့ အိမ်မှာလခစားယူပြီး ဘောလုံးပညာ သင်ပေး လာတာဆိုကွ..... ဟေ”
စလစ်နဲ့ ဆိုက်ဘိုတို့ရဲ့ နောက်ဆက်တွဲ ဝမ်းတူးတွဲလုံးစကားများ အခန်းထဲကို ပြန့်လွင့်လာ လေပါလေရော.......... “ဒီမှာ မောင်ဘိုထက် ရ.... ကမ္ဘာကျော်ကွ...... နင့်ကြီးတော်ကြီးကြမှ ကမ္ဘာပတ်ကြောင်ခိုင်း” .....
ကျွန်တော်ရဲ့ တန်ပြန်စကားနောက်ဆက် မှာပဲ...
“ဟုတ်ပကွာ..... ဒီမှာကွ... မင်းတို့ မသိလို့တစ်ခု ပြောရဦးမယ်..... အဲဒီ မင်းတို့ရဲ့ ဖအေမတူ မအေမတူ ဒိုလေးတို့ ကာကာတို့က လခတောင်မပေး နိုင်လို့ ဒူးထောက် တောင်းပန်လိုက်တာရော...... မင်းတို့ မသိလိုက်ဘူးမလား... ဟင်းဟင်းဟင်း” .....
အသူရာကြီးရဲ့ ပွဲသိမ်းထိုးနှက်ချက်မှာ ဟို ၂ ကောင် လဲကျသွားပါတော့တယ်.....။
နောက်နေ့ကန်မဲ့ပွဲက ကျွန်တော်တို့ အသင်းအတွက် အရမ်းအရေးကြီးပါတယ်.. မနိုင်ရင် ပွဲကထွက်ရတော့မယ့် အနေအထားပါ..။ ကျွန်တော်တို့အသင်း အောင်မြင်စွာပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်.....။ ကြိုးတန်းပေါ် ရောက်သွား တယ်ပေါ့ဗျာ...။ ဆီမီးဖိုင်နယ် တက်ဖို့ နောက်ဆုံးပွဲက အဆုံး အဖြတ်ပဲ... ကျွန်တော်တို့နဲ့ ကန်ရမယ့်အသင်းက အိမ်ရှင်အသင်း.... သူတို့က သရေကျရင်တောင် တက်သွားမယ့် အသင်း...... ကျွန်တော်တို့က နိုင်မှကို ဖြစ်မှာပါ.....။

အဆုံးအဖြတ်ပွဲနေ့မှာ...... ကျွန်တော်တို့ တစ်သိုက် စောစောစီးစီး ပြိုင်ပွဲ ကျင်းပမယ့် ကျောင်းကို ရောက်လာခဲ့ကြတယ်......။ အဲ... စကားမစပ် အဲဒီကျောင်းနားက အရမ်းမိုက်တယ်ဗျ... နွေလဲ နွေရာသီ ကိုး... တိုင်းတပါးက သမီးပျိုများကလည်း ဝတ်တတ်စားတတ်တော့ လှချက်ဗျာ.......
“အား..... လန်းတယ်ကွာ...... လှလိုက်တာကွာ..... စက်စက်ယိုပဲ...” ဂျလုန်းရဲ့ အဖွင့်စကား...
“ဟ.... ဒါဘာရှိသေးလို့လဲကွာ...... လာ ရေကန်နားသွားမယ်.....” ပိုးဟတ်ကြီး ရဲ့ အပို့ စကား.....
“မိန်းမလှကျွန်းဆိုတာ ဒါမျိုးဖြစ်မယ်...” ဘိုထက်ရဲ့ ထောက်ခံစကား
“ဒီအချိန် ဦးမာဃကြီးက အလည်ခေါ်တောင် သားက.... ပြောလိုက်မယ်...” ဆိုက်ဘိုရဲ့ စကားကမဆုံးသေး “ဘယ်လို ပြောမှာတုန်းဟ ” ......ကျွန်တော်မေးလိုက်တော့
“လိုက်ဝူး....လိုက်ဝူး....ဟီးဟီး”.......
“ဟ.... မင်းတို့ သာပြောနေတယ်... ဘယ်နားကဟာတွေ လန်းနေ ဂွမ်းနေတာတုန်းဟ.... ငါ့ပြောဦး...” စလစ်ကြီး ဝိုင်းဟားခံလိုက်ရရှာပါတယ်..... ကျွန်တော်တို့အဖွဲ့မှာ သူကမျက်မှန်တပ်ရတယ်လေ.... အနီးမှုန်လား အဝေးမှုန်လားတော့ မသိဘူး...... ဟီးဟီး... အသေအချာတော့ သူမေးကြည့်ပေါ့ဗျာ......... အဲဒါနဲ့ ကျွန်တော်လဲ...
“မင်းသာ မလန်းသေးတာ စလစ်ရာ.... ငါကတော့ ဒဿဂီရိ ဆီကနေ ခေါင်းဆယ်လုံး ငှားလာပြီးပြီ.... ဟီးဟီး”
“ဒါနဲ့တင် ဘယ်လန်းဦးမလဲကွာ..... ဘီယာလေး စိမ်လိုက်ရင်...အာဟာ....” အသူရာကြီး ရဲ့ အသူရာစကား က ထွက်လာပါတော့တယ်......။
“ဟာကွာ မင်းကလည်း....” “မင်းကမသောက်ဘူးလား....” “ဘယ်ဆိုင်အနီးဆုံးလဲလို့.....ဟီးဟီး”

အဲဒါနဲ့ပဲ ဘော်လုံး မကန်သေးခင် ဘီယာလေး သောက် နေရင်း ရွှေမျက်တော်ကို အစာတော်ကျွေးနေ ကြတာပေါ့ ဗျာ.........ပြီးတော့ ပွဲချိန်နီးလို့ အဝတ် အစားလဲ ပြီး ကန်ကြပါလေ ရော......။သိတဲ့ အတိုင်းပဲ.....ကျွန်တော်တို့ တစ်သိုက် အောင်ပွဲဆင်ပြီး ပြန်လာခဲ့ကြပါတယ်......အဖြေ က ၂-၁။ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်....ပွဲက အကြိတ် အနယ် ပါပဲ....သူတို့ကသရေကြရင်တက်ပြီ ဆိုတဲ့ အတွေး နဲ့ ခံစစ်နဲ့ ကန်တယ်...ကျွန်တော်တို့ အသင်းကို လျော့လည်း တွက်ထားပုံပါ.....ကျွန်တော်တို့ ကလည်း ခုနလေး မှ အား ယူထား တာဆိုတော့ ..... ဘယ်ရမလဲ.......ဟဲဟဲ.....ပထမပိုင်း ကျွန်တော်တို့ က ၁-၀ နဲ့ နိုင်နေတယ်....အေးဆေးပေါ့ .....လူသာ ရှေ့မရောက်ရင် မရောက်မယ်....ဘော်လုံးကတော့ ရောက်တယ်....ရောက်ရာ ပေါက်ရာ ကို ကန်ပြစ်တာ.....ဟီးဟီး.....ပွဲပြီးကာနီး ၅ မိနစ် လောက် အလို မှာ သူတို့ ဘက် က “ဒိန်း” ကနဲ ချေပ ဂိုး သွင်း လိုက် ပါလေ ရော..........ဟာ သေ ပြီ.....အဲဒီမှာ ကျွန်တော် တစ်သင်းလုံးကို လက်တို့ လိုက်တယ်......“corner ရအောင် လုပ်မယ် ဝင်သာတိုးကြမယ်ကွာ”........အဲဒီမှာ မရ ရ အောင် လူတွေပိတ် ကန်ပြီး corner ကို ရအောင် ယူခဲ့ကြတယ်ပေါ့ဗျာ....ပွဲပြီးကနီးရလိုက်တယ်.....ကျွန်တော့် ဗျူဟာအောင်မြင်လိုက်ပါတယ်....အောင်မြင်စွာနဲ့ပဲ ဆီးမီး ရောက်ခဲ့ကြတယ်.....။
“မင်း ဟိုနေ့ နောက်ဆုံးပွဲမှာ ဘီယာတွေသောက် ပြီး ကန်တာဆို” ဆီမီးဖိုင်နယ်နေ့ ကျွန်တော် သွေးပူလုပ်နေတုန်း အသင်း အုပ်ချုပ်သူ တေကြီး အမေး စကား ကြောင့် အကြောလျော့ နေရာကနေ ခေါင်းမော့ကြည့်လိုက် မိတယ်.....“အေး ...ဟုတ်တယ် တေကြီး ရ....ဘာဖြစ်လို့လဲ”
“ဟာ....အဲလိုမလုပ်နဲ့လေကွာ...တစ်သင်းလုံး သေ ကုန်မှာပေါ့.....” “ဟ...ဒီမယ် မောင် တေကြီး ရ.....နိုင်ငံတကာအားကစား လောက မှာ ကိုးကင်းဆိုတဲ့ တားမြစ်ဆေး သုံးတာ ကြားဖူးလား......”
“မကြားဖူးဘူးကွာ....”
“ထင်ပါတယ်.....မင်း လိုနိုင်ငံတကာ နဲ့ အလှမ်း ဝေးကွာတဲ့ နလပိန်းတုန်း ကောင်ကဘယ်သိမလဲ....မာရာဒိုနာ တော့ မင်းသိတယ်မလား...မင်းတို့ရွာ အခေါ်ဆိုရင် တော့ မသာဒူးနာ ပေါ့ကွာ.....”
“အေး..ဆက်ပြောပါဦး..”
“အဲဒီ ဒူးနာတဲ့မသာ က ကမ္ဘာကျော် ဘော်လုံးသမားကြီးပေါ့ ကွာ......သူက အဲဒီ ကိုးကင်း သုံးပြီး ကန်လို့နာမည်ကြီးသွားတာ ကွ....ကိုးကင်း ဆို တာ စိတ်ကြွဆေး တစ် မျိုးပေါ့ကွာ....တရားမဝင်ဘူး.....အဖမ်း ခံရတယ်....”
“ငါမင်း ကို ဘီယာ သောက် တာ ကို ပြောတာနဲ့ မင်း ပြောတာနဲ့ဘာဆိုင်လို့တုန်းကွ”
“ဟ....ဆိုင်ပါ သကော မောင်တေကြီးရာ...... ငါကအဲလို တရားမဝင် စိတ်ကြွဆေးတွေမသုံးချင်လို့ တရားဝင်စိတ်ကြွ ဆေး ဘီယာသောက် ပြီး ကန်တာ....ငါက ၁၈ နှစ်လဲကျော်ပြီ ဆို တော့ ပိုပြီး တရားဝင်တောပေါ့ ကွာ.......ကဲ ရှင်း ပြီလား.......”
ဟုတ်သော ရှိ မဟုတ်သော်ရှိ ပါးစပ်ထဲ ရှိတာ ပြောပြီး ထွက်လာ ခဲ့တယ်...မှတ်ပလား...ဟီးဟီ....မောင်တေကြီး တစ်ယောက် ကတော့ ခေါင်းကုတ်ပြီး ကျန်ခဲ့ လေရဲ့.....။

ဒီကောင် က ခုမှ ကျွန်တော် တို့ ဘီယာ သောက် ပြီး ဘော်လုံးကန်မှန်းသိတာ....ကျွန်တော်တို့က ပွဲတိုင်း သောက် ကန်တာ ရယ်......အာစွတ်ရုံ သွေး ပူရုံလောက် ပါ....အများကြီး တော့ မထင်ပါ နဲ့.....။အဲ ပွဲ တစ် ပွဲ ဆို ရင် ကျွန်တော် အာစွတ်ရုံ ကနေ အူစွတ်ရုံ ဖြစ်သွား လို့ ကွင်းထဲမှာ ပွဲတွေကို ပျက်ခံ ရွာတွေ ရော ကမ္ဘာတွေရော လည် နေတာဗျို့ ......ပွဲ လည်း ပြီး ရော....ဘော်ဘော် တစ်သိုက် က “သိဟ်ကြီး....ဟာ....ဒီနေ့ မင်း ကစားတာ လန်ထွက်နေတာ ပဲ ” တဲ့.....ကွင်း ဘေး မှာ ဆို ကျွန်တော့် နာမည်တွေညံစီ နေတာ ဆိုပဲ....ဒီကကောင်က လဲ တဟဲဟဲ လုပ်ပြီး ထွက် လာခဲ့တယ်....ကိုယ့် ဝမ်း နာ ကိုယ် သာ သိကိုး.....ဒီက ကောင် က မူးနေ လို့ ဘောလုံး ၁ လုံး ကို ၂ လုံး မြင်လိုမြင် ပြီးကန်ချင်တာ ကန်တာတွေက လဲ ဂိုး ပေါက် ပြေးလိုပြေး.....မလိုက် နိုင်လို့ slinding ထိုးသလို လူကို လှဲ ချလိုက် ရတာ ၁မျိုး.......လူကယိုင်ချင်ချင်ဖြစ်နေလို့ ဘောလုံး ကို ကျော် ခွ နေတာတွေက လည်း skill တွေ ပြသလို ဖြစ်နေတယ် ထင် ပါတယ်......ကောင်းပါတယ်လေ....ကျွန်တော့် ပရိတ်သတ်ကြီးအတွက် အခုလို ရသ ပေးစွမ်း ကစား ပြလိုက် ရတာ....ဟီးဟီး.....။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ အသင်း ဖိုင်နယ်ကို ရောက် ရှိလို့ သွားခဲ့တယ် ပေါ့ ဗျာ......။ဖိုင်နယ် ကလဲ အကြိတ်အနယ်ပါပဲ.....ပြိုင်ပွဲ အစမှာ တွေ့ခဲ့ရတဲ့ အသင်းနဲ့ ပြန်တွေ့ တယ်....သူတို့ ကလည်း ရှုံးပွဲ မရှိ တက်လာတဲ့ အသင်း....ကျွန်တော်တို့ ကလည်း ရှုံးပွဲမရှိ အသင်း...အဲဒီမှာ စတွေ့တာပဲ...ပွဲအစတုန်း က သရေကြခဲ့ကြတာ.......ကျွန်တော်တို့ အသင်း က သူတို့ကို ရှုံးပွဲတွေ့ အောင် လုပ်ပေး လိုက် ပါတယ်..........
နောက်ဆုံး တော့ အောင်မြင်စွာနဲ့ ပဲ ဖလား ကြီး ကို ဆွတ်ခူး ပြီး ကျောင်းတော်ကြီး အတွက် ဂုဏ်ဆောင် ပေး ခဲ့ ကြပါတယ်..........အော်...ပြောရင်းနဲ့သတိရ လာတယ် နွေရာသီ အချိန်လေး တွေ ကို......ရေကန်နား မှာ အစာကြွေးခဲ့တာတွေ ကို ရယ်ပါ......ဟီးဟီး......:D

ခင်မင်လေးစားလျက်
သိဟ်

0 comments:

Related Posts Plugin for WordPress, Blogger...