Saturday 14 February 2009

ဝမ်းနည်းခြင်း သို့ မဟုတ် ၀မ်းသာခြင်း


အင်း... ပြောလိုက်အုန်းမယ်ဗျာ...
တစ်နှစ်ပြီးတစ်နှစ်သာ ကုန်သွားတယ် ကျွန်တော်တစ်ယောက်ကတော့ “အရင်လိုပါပဲ ပုလင်းတွေကြားထဲ ယိုင်တိုင်တိုင် ပုဆိုးကြီး ဆွဲရင်းနဲ့” ပေါ့... အခုဆို လူငယ်တွေရဲ့  အမှတ်တရဖြစ်တဲ့ ချစ်သူများနေ့ ကိုတောင် ရောက်လာပါပကောလား...။ သူငယ်ချင်းတွေက တော့ “ဆိုင်သူကိုယ်စီနဲ့ မို့ ပိုင်ရာဆိုင်ရာ အသီးသီးဆီသို့ ချစ်မေတ္တာ သ၀ဏ်လွာလေးတွေပို့ ကြ၊ လေလှိုင်းကြားက ဖုန်းပြောကြနဲ့ ချစ်တင်းနှောနေကျချိန်ပါ... ကျွန်တော် တစ်ယောက်ကတော့ ဟီဟီ.. ပြောရင်ကြွားတယ်လို့ တော့ မထင်နဲ့ နော်.. ပေးစရာ ကောင်မလေးကို မရှိတာပါ.. ကြောငြာတာလဲမဟုတ်ပါဘူး ဟီဟီ..

ကျွန်တော့်ညီလေး သိဟ် ကတော့ ကျွန်တော့်ညီမကို တောင်းသာတောင်းနေတာ တစ်ကယ်တော့ ဒီကောင်က BKB... SKB မဟုတ်ဘူးလား လို့ မေးချင်သေးလား... မေးစရာကိုမလိုတာ ဘဲတောင်ကြည်မှာတော့ ကောင်မလေးတွေဆို ပြောမနေနဲ့တော့... အဲ့လောက်ရူပါရှိတာ.. ကိုရီးယာမင်းသား ရိမ်း ကိုမြင်ဘူးတယ်မလား.. အင်း... သူနဲ့ ခပ်ဆင်ဆင်ပဲ... တော်ကီကလဲ ညက်တယ်.. ဒီတော့.. ပျိုတိုင်းကြိုက်တဲ့  နှင်းဆီပွင့်ကြီးပေါ့ဗျာ... ဒါပေမယ့် သူလည်း ကံမကောင်းရှာပါဘူးဗျာ.. ကျွန်တော့် လိုပါပဲ.. ပေးစရာ ကောင်မလေးကိုမရှိတာ (ပေးစရာတွေ များနေပါသဖြင့်...) ညီလေးသိဟ် အကြောင်းကတော့... ဒီလောက်ပါပဲ.....

နောက် ကျွန်တော်ဆရာလို့ လဲပြောလို့ ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိပါသေးတယ်... သူကတော့.... ဆရာ SLIP ပါ။ မြန်မာသူငယ်ချင်းများနဲ့ အသိဆုံး လူသားတစ်ယောက်ပါ။ အဲ့ဒါကြောင့် နိုင်ငံတကာ သတင်းများကို အင်တာနက်ပေါ် မရောက်ခင် ကတည်းက သိနေနှင့် သူပါ။ “ဆရာက သဘောအရမ်းကောင်းပါတယ်...” ဟီဟီ... ဒီနှစ်ဆရာ့ အတွက်ကတော့ ဒီလောက်ပါပဲ...

နောက်တစ်ယောက်ကတော့... ကျွန်တော့် အခန်းဖော် ကောင်းလေးကတော့... ONLY ONE XYBO! လေးပါ... အထက်ပါခေါင်းစဉ်အတိုင်းပါပဲ ထွေထွေထူးထူး ပြောစရာမရှိပါဘူး “တစ်ယောက်ဆို တစ်ယောက် ” “တစ်လုံးဆို တစ်လုံး” မူးအောင်သောက်တဲ့ ကောင်ပါ.. အခန်းဖော်ဆိုတော့ သိတဲ့အတိုင်းပါပဲ.. ကျွန်တော့် သွေးနဲနဲပါတယ်လေ.. ရေကြော၊ မြေကြောလိုက်တဲ့ သဘောပါ... နောက်တာနော် ဒီကောင် တစ်လုံးကုန်အောင် မသောက်နိုင်ပါဘူး.... ဟီဟီ.. ကျန်ရှင်း Jalone က လာလာပြီး ရှင်းပေးသွားတတ်ပါတယ်...

အဲ့... ဒါနဲ့ Jalone ဆီ ဆက်ကျတာပေါ့ဗျာ... မောင်ဂျလုန်းကလဲ ပါမန်းပါပဲ... ရူပါမန်းကိုပြောတာ မဟုတ်ပါဘူး.. တစ်ခုခုဖြစ်ရင် ပတ်ပြီးပါနေလို့ ပါမန်းလို့ ပြော တာပါ။ သူလေးကလဲ ခေသူတော့မဟုတ်ဘူးဗျ.. ကောင်မလေးနဲ့ ပဲ.. သူငယ်ချင်း ချစ်သူတွေရှိတဲ့ အထဲမှာတော့ စိတ်အညစ်ရဆုံးပေါ့ဗျာ.. ကောင်မလေးက စိတ်ကောက်လိုက်.. သူကမူးလိုက်.. မူးလာရင် ကောင်မလေးဓာတ်ပုံကို မီးရှို့ လိုက်.. အမူးပြေရင် ဘယ်ကောင်ရှို့ တာလဲဆိုပြီးပြောလိုက်နဲ လုံးလည်ချာလည် လိုက်နေတဲ့ ဇာတ်လမ်း လေးတစ်ပုဒ်ပါ။ ပျော်ဖို့ လည်းကောင်းပါတယ် စိတ်ညစ်ဖို့ လဲကောင်းပါတယ်။ ကျွန်တော့်လို မိန်းမကျမ်းကျေနေတဲ့  လူကိုလာလာပြီး သူ့ ကောင်မလေး အကြောင်းကို တိုင်ပင်တတ်ပါတယ်.. ဟီဟီ.. နောက်တာနော် ( မိန်းမဆိုတာ... ဘယ်လိုပုံစံမျိုးလေးလဲ)... ဟိုနေ့ ကတော့ ပြောသံကြားလိုက်တယ် ကောင်မလေးဆီပို့ မယ်လို့ တော့.. ဘာပို့ အုန်း မလဲ့တော့မသိသေးဘူးဗျာ... နောက်များ ကြုံမှ ဘာပို့ လိုက်တယ် ဆိုတာကိုထပ်ပြောပါ့မယ်... ဒီကောင်လေးက တော့ဒီလောက်ပါပဲ...

နောက်.. ကျွန်တော့်အကိုကြီး ကိုပိုးဟပ်ပါ... ပိုးလိုက်တိုင်း ဟပ်ဟပ်သွားလို့ ပိုးဟပ်ကြီးဆိုပြီး ပေးထားတာထင်တယ်.. သူလဲကောင်မလေးနဲ့ ပဲဗျ.. မြင်တော့ မမြင်ဘူးပါဘူး.. ချောတော့ ချောမှာ သေချာတယ်.. အကိုကြီးက သနားတတ်တော့ ကောင်မလေးတွေကသူ့ ကို တော်တော်ချစ်ပုံရပါတယ်.. အသဲကွဲတာတော့ တစ်ခါမှမမြင်ဘူးဘူး.. ကောင်မလေးတွေပဲ အသဲကွဲသွားတာပဲနေ မှာ.. ဟီဟီ.. အကိုကြီးကတော့ ဒီနှစ်ဘာမှမကြားသေးဘူးဗျ... မကြာခင်ကြားရတော့မှာပါ... စုံစမ်းလိုက်အုန်းမယ်..

သူငယ်ချင်းတွေထဲ့မှာ... နောက်ဆုံး ပြောရမယ့် သူတစ်ယောက်ကတော့... ကျွန်တော့်တို့ အဖွဲ့ မှာတော့ အကောင် အကြီးဆုံးပဲ.. သူ့နာမည်ကတော့ ဘိုထက်(ဘိုဖြူ့ ညီ)... သူကလည်း ကောင်မလေးနဲ့ ပဲ.. သူ့ ကောင်မလေးကို ကျွန်တော်မြင်ဘူးတယ်.. ဟီဟီ..(ဖောင်းဖောင်းလေး...) ပါးလေးက... လူကလည်း ကစ်ကစ်လေးပါပဲ.. ချစ်ဖို့ ကောင်း တယ်.. ကျွန်တော်တောင် ဒီလောက် သဘောကျနေရင် ပိုင်ရှင်ဖြစ်တဲ့ ဘိုထက်ကတော့ ပြောမနေနဲ့ တော့ ...... ဒီပို့ စ် ရေးနေရင်းနဲ့ ပဲကြားလိုက်ရတဲ့ သတင်းကတော့ မနက်ဖြန်ချစ်သူနဲ့ လေလှိုင်းကနေ စကားပြောမယ်ဆိုတဲ့ သတင်းပါပဲ.. ဟီဟီ...

ကျွန်တော့်သူငယ်ချင်းတွေ ချစ်သူကိုယ်စီနဲ့ ပျော်ရွင်နေတာကို မြင်ရတော့ ကြားထဲကနေ အချိုအချောင်ပျော်မိပါ တယ်ဗျာ..

ဒီနှစ်လဲ... ကျွန်တော် အသူရာလေးကတော့ “တစ်လုံးဆို တစ်လုံး” မူးအောင်သောက်ပြီး ကျောင်းသင် ခန်းစာများကိုပဲ ကျက်မှတ်သွားပါတော့မယ်... “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင် ထားတဲ့ ကျောင်းသားတစ်ယောက်ပီပီ ဘ၀ရည်မှန်းချက် ပန်းတိုင်ဆီသို့ ချစ်သူငယ်ချင်းများနှင့် အတူလက်တွဲ၍ လျှောက်လမ်းသွားပါမည်... ချစ်သူတိုင်း ညားကျပါစေ.. မချစ်မနှစ်သက်သော သူများနဲ့ လည်းကွေးကွင်းရပါစေလို့ .. ဆုတောင်းပေးရင်း...........
အားလုံးကိုလေးစားလျှက်...

အသူရာကောင်လေး(ခေတ္တ နတ်ပြည်)



3 comments:

Anonymous said...

အသူရာကောင်လေးရေ..ကိုxybo က အကို့အခန်းဖော်ဆိုလို့မေးရဦးမယ်..ကိုxybo ဇန်န၀ါရီလ တစ်လလုံး ဘာတွေလုပ်သလဲဟင်..သိချင်လို့ပါ..

Unknown said...

ပြောရရင်တော့ အရှည်ကြီးပဲဗျာ …
အဲ့ဒါကြောင့်မို့ မပြောတော့ပါဘူး..
ကာယကံရှင်ကိုယ်တိုင်ကိုပဲမေးလိုက်ပါ…
သူက …ပိုမိုတိကျတဲ့ အဖြေကိုဖြေပေးပါလိမ့်မယ်။။။

Unknown said...

နိုင်ငံတကာခြေဆန့် နိုင်သူဆိုတာ …တစ်ကယ်တော့ တင်စားပြီးပြောတာပါ…
အင်တာနက်မှတစ်ဆင့် သတင်းများကို သိရှိနားလည်ပြီး လက်ဆင့်ကမ်းနိုင်သူလို့ 
ပြောချင်တာပါ…တစ်ခြားဘာရည်ရွယ်ချက်မှ မပါ ပါဘူးခင်များ..တိတိကျကျသိချင်ရင်
တော့ ကာယကံရှင်ဖြစ်တဲ့ ကို SLIP ကိုမေးကြည့်ပါခင်များ။ တိတိကျကျနဲ့ မှန်မှန်
ကန်ကန်ပြောပါလိမ့်မယ်။ အချင်းချင်းသာသိတဲ့ ဆိုက်ဖာများဖြစ်တဲ့ အတွက်….
နားလည်ပေးစေချင်ပါတယ်……

Related Posts Plugin for WordPress, Blogger...