Monday 23 February 2009

ကျွန်တော်နဲ့ Sensor Gate


ကိုယ်တွေ့ အဖြစ်အပျက်လေးပေါ့ဗျာ...
ပြောရမှာတောင်..... ဟီးဟီး..... ရှက်ပါဘူး....

ပြောရရင် ဟို ကောင် ဘိုထက် မကောင်းလို့ ပေါ့ဗျာ... “ ဈေးသွားခေါ်သူ ပိုးဟတ်ကြီး.... အင်္ကျီ ငှားသူ မောင်ဘိုထက် အဖော်လိုက်သူ ကျွန်တော်.... ကြံဖော်ကြံဖက် ၃ ယောက်သား အနက်မှ .... ငမိုက်သား မောင်သိဟ် ရေ... နင်ကြီး ပဲ ခံလေတော့....”ဆိုရ အောင်ပဲ .... ကံကောင်းလို့ ရဲစခန်း မရောက်တယ်.....ဇာတ်လမ်း လေလို ပြောပြမယ်ဗျာ....အဖြစ်အပျက်က ဒီလို ဒီလို...........။

“လမ်းတွေ့ ပြုံးပြ အကြွေးတောင်း..... လတိုင်းဒီလိုပဲ ဘာမှမထူး.....
ခင်ဗျားကြောင့် လစဉ် အတိုးတက်..... ဖုန်းဆက်တောင်း လည်း မပေးနိုင်ဘူး....
ခင်ဗျားမသိ သလို ဘဲလား... ရင်ထဲ အကြင်နာတရား တကယ် မရှိဘူး....
ကြာပါတယ်ကွာ... မြန်မြန်သာ သင်္ချိုင်း သွားတော့
ကြာပါတယ်ကွာ..... တော်တော်ကြာ သတ်မိ လိမ့်မယ်.. ကြာကြာ......”

“ဟကောင်......... ဘာတွေလျောက်အော်နေတာတုံး... ငါ့ ကောင်မလေး သီချင်းတော့ ပျက်ပါ ပြီကွာ”
ကျွန်တော်ရဲ့ ရင်ဖွင့်သံစဉ်လေးတွေ ဆိုနေတုံး ငှက်စုန်း ထိုးသံ လိုလို ဘာလိုလို ကြားလို့ လှည့်ကြည့်လိုက် တော့ ..... ပိုးဟတ်ကြီး....
”ဟီးဟီး...... ရင်တွင်းဖြစ် ဝေဒနာလေး တွေပါကွာ.....”
“ဘာလဲ..အကြွေးက မကျေသေးဘူးလား....ဒီကျောင်းကပဲ ချေးတာပဲလား....”
“ဘယ်ကသာ.... ဒီကျောင်းက အကြွေးယူရင် မျက်နှာပူလို့....ရှောင်လို့လဲ မရဘူးလေ... တခြားကျောင်း က ဆွဲထားတာ....ဟဲဟဲ”
“ယူတုန်း က ယူပြီး တော့ တောင်းတော့ကျ တစ်မျိုး….မင်းလိုကောင်မျိုး ငါဆိုမချေးဘူး”
“ဟ….ပိုးဟတ်ကြီး ရ……. ရှေးထုံးလည်း မပယ်နဲ့၊ဈေးသုံးလဲ မလွယ်နဲ့ တဲ့….. ငါ ကရှေး ဟောင်း အမွေ အနှစ်တွေ ထိမ်းသိမ်းလာတဲ့ ကောင်ပါကွာ….”
“မဆိုင်… မဆိုင်… မဆိုင်ရေးချမဆိုင်”
“ဆိုင်တာပေါ့ဟ…. ကြွေးယူပြုံးပြုံး၊ကြွေးတောင်းတော့မုန်း တဲ့…..” စကားပုံ မပျောက်အောင်ထိမ်းသိမ်း နေတာ….ရှာကြည့်လိုက်ဦး…. ငါ့လို ယဉ်ကျေးမှုအမွေအနှစ်ထိမ်းသိမ်း တဲ့ လူမျိုး……”
“ဟာ....မိုက်ရိုင်းဘူးလားကွာ....” “ရိုင်းပါဘူးကွာ.... နော့ အသူရာကြီးရာ....”
ဂိမ်းဆော့နေသော....အသူရာကောင်လေး ကို စစ်ကူတောင်း လိုက်တော့........အဆိုင်းမတွ ပါပဲ...ပြန် တွက်လိုက်တယ်.....
“အေးလကွာ....သူ့ဘာသာ ဆပ်နိုင်လို့ ချေးတာပဲ...”
“အေးပါကွာ.....အာရှန် သွားမလို့ ..... လိုက်ခဲ့စမ်းပါဟ....ငါရယ် ဘိုထက်ရယ် နှစ်ယောက်ထဲပျင်းလို့......”

ပိုးဟတ်ကြီး ပြောတုန်း ရှိသေး...ဘိုထက် ပါအခန်းထဲ ရောက်လာပါတယ်.....
“အလဲ့ .....ရှိုး စမိုး အပြည့်နဲ့ တယ်လှနေပလား........ မုန့်ကျွေးနော်....”
လူစုံလာတော့....အသူရာကြီးလဲ ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး... သူ့ရဲ့ ဂိမ်းကစားချင်းကို လက်စသတ်ပြီး စကားဝိုင်းထဲကိုရောက် လာပါတော့တယ်.... ကျွန်တော်တော်တို့အဖွဲ့ကဒီလိုပါပဲ....လူစုံ လာတာနဲ့ တစ်ယောက် တစ်ပေါက် နဲ့... ဆူညံသွားတာပါပဲ..... ပြေးကြည့်မှလဲ ဒီလူတွေပဲရှိ တာကိုး.... ရေးခြားမြေခြား ဆိုတော့လဲ ပိုပြီး စည်းလုံး ကြတာပေါ့ဗျာ....။

“မင်းတို့ ၂ ကောင်လိုက်မှာမလား.... လိုက်ခဲ့ပါကွာ...နော”
“အေး.... လိုက်ခဲ့ပါဟ.... အလန်းလေးတွေ ရှိုးရမှာနော်... ဟင်းဟင်း” ဘိုထက်နဲ့ ပိုးဟတ်ကြီး စကား အဆွယ်စကားကသိပ်မကောင်းရှာပါဘူး...... အသူရာကြီး က ခေါင်းလေးထောင်လာပါတယ်....
“ဟေ့ကောင်တွေ... မင်းတို့ ငါတို့ကို အဲဒီ မာတုဂါမ တွေနဲ့ မဆွယ်စမ်းပါနဲ့ ကွာ....”
“မင်းက မကြိုက်လို့လား...”
“ကြိုက်တာပေါ့....ဟီးဟီး”
ဒီကောင်တွေ တွေ့ရင်အလိုပါပဲ... ကိုက် လိုက် ခွေ့လိုက် လုပ်နေတာနဲ့လိုရင်း ကို မရောက်တာနဲ့ ကျွန်တော် စကားကို အစသတ်ဖို့ပြင်လိုက် ရတယ်....

“လိုက်ပေးတာတော့ ဟုတ်ပါပြီ.....ဒါပေမယ့်ငါမှာက လမ်းစရိတ် ကို မရှိတာ....”
“ငါ စိုက်ပါမယ် နယ်သားရာ...”
ပိုးဟတ်ကြီး နဲ့ ကျွန်တော်က တစ်နယ်ထဲက ပါ...နယ်သား တော်တယ် ပေါ့ဗျာ….ကျွန်တော်တို့အခေါ်ပေါ့လေ….နယ်ချင်းတူရင် နယ်သား ခေါ်ကြတာပဲ…..တစ်ခါတစ်လေဆို တစ်တိုင်းလုံး..တစ်ပြည်နယ် လုံးမှာနေတာ တူရင် တောင် နယ်သား ပိတ်တော်ပြစ်တာ….မှတ်ကရောပဲ…..ခုလိုတိုင်းခြားပြည်ခြား ရောက်တော့လဲ ဘယ်လိုတော်တယ် မှတ်လဲ……..မြန်မာပြည်သား တဲ့…….မိုက်ဖူးလား….ဟီးဟီး……အဲလိုအဲလို
“အင်း….. လမ်းစရိတ်ကတော့ ဟုတ်ပါပြီ….. ငါ့အဝတ်အစား တွေက လျော်လျော်……”
“အဖေ ပေးမယ်…..နော်…အသစ်….ငါတောင်မဝတ်ရသေးဘူး…..”
“ကျေးဇူးကြီး လှပါပေတယ် ယောက်ခမသားရယ်….ဟီး”
အဲလိုပါပဲ….ကျွန်တော့်ဘော်ဘော် ယောက်ခမသား တွေက ချစ်ဖို့ကောင်း တာ……..ဇာတ်လမ်းကလည်း အဲဒီမှာစတာ ပဲလေ….။

“ကဲကဲသွားကြမယ်….ငါတို့ကပြင်ပြီးပြီ…မင်းတို့ပြင်တော့…..ဟိုကောင်တွေသွားမေးလိုက်ဦးမယ် လိုက်ကြဦးမလားလို့ ’’
“လှပြီးသား တွေ ကို ပြင်စရာလား…ဟုတ်တယ်မလား သိဟ်ကြီးရာ…”
“ဟုတ်တာပေါ့ အသူရာကောင်လေးရာ….”
အတိုင်အဖောက်ညီညီနဲ့ ရေချိုးခန်းကို သုတ်ခြေတင်နဲ့ ထွက်ဖို့ပြင်လိုက်ပါတော့တယ်…….
“နေဦး….ဟိုကောင် ဂျလုန်းကို ဝင်မေးကြည့်လိုက်ဦး…..လိုက်မှာလားလို့….ငါတို့က ဟို၂ ကောင်စီသွားလိုက်ဦးမယ်…မြန်မြန်လုပ်” “အေးအေး….”
ဒါနဲ့ပဲ ဘိုထက်နဲ့ပိုးဟတ်ကြီး အဆွယ်ကောင်း မှုကြောင့် အစီအစဉ်မရှိဘဲ လိုက်ဖို့ပြင်ဆင်လိုက် ရတော့တယ်….။ ရေအမြန်ချိုး ကသုတ်ကရုတ် ပြင်လိုက်ရတယ်…….။ မှောင်ရင်မကောင်ဘူးလေ….. အာရှန် သွားရင် ညကြရင် နောက်ဆက်တွဲ လုပ်ငန်းစဉ် တွေက တွဲရက် ပါမှာ သိနေတော့……ကိုယ့်အဖွဲ့အကြောင်းကို ကိုယ်ပဲ သိတယ်…….။

ရေမချိုး ခင် လေး ဂျလုန်း ကို ဝင်ခေါ် လိုက်တော့ …
အမ်မာ….. ဆရာသမား က လူ့ဘောင်လောက ကြီး ကို ခဏ အဆက်ဖြတ် နေတယ်…သိလိုက်တယ်….ဒီလောက်ဆို မှောက်နေတာပဲရှိမှာပဲ……။
“အိုင်ဆေးမောင်သိဟ်…. ဒီအလောင်းကောင်ကြီး ကဘယ်လိုလုပ် မှာတုန်း”
“ဘယ်လိုလုပ် မှာလဲ အိုင်ပီ အသူရာ ရယ်….ရပ်ကွက် အကြောင်းကြားပြီး ဖဲဝိုင်းထောင်တာပေါ့…..မကစားရတာလဲကြာပြီ …. အပျင်းပြေပေါ့…..ဒီကောင့်ကို ၁ ပတ်မထား ဘူး…၁ လ ထားမယ်….အကောက်လဲ များများ ရတာပေါ့…၁ ချက်ခုတ် ၂ ချက်ပြတ် …..ဂွတ်ဘူးလား…..ဟဲဟဲ”
“ပုတ်စော် တွေ နံပေ မပေါ့ ဗျ….”
“ အာ….ဖရုံသီး ခွဲထည့် လိုက်တာပေါ့ ….. ဘာခက်တာမှတ်လို့…”
“သွားမယ်….သွားမယ်….ဟိုကောင်တွေစောင့်နေတာ ကြာပြီ…..”
”လိမ့်မယ်….”

ဒီလိုနဲ့ပဲ ကျွန်တော်တို့ခရီးစဉ်ကြီး ကို အောင်မြင်စွာ ပဲ စတင် လိုက်ပါတော့တယ်….ကျွန်တော့်ရဲ့ ဆန်ဆာ ဇာတ်လမ်းကြီးနဲ့ လဲ တဖြည်းဖြည်း နီးကပ်လာတယ် ဆိုရမှာပေါ့ဗျာ…..။ ၄ ယောက် သား ကော့တော့ကော့တော့ နဲ့ ကားဂိတ်ကို ချီတက် သွားကြတာပါလေရော…..။
“စလစ် တို့က မလိုက်ဘူးလား ”
“မလိုက်ဘူးတဲ့…..ရွာက သူ့မိန်းမနဲ့ ကလေး တွေ ရောက်လာလို့ တဲ့……စကားပြောနေတယ်….
ဆိုက်ဘို ကလည်း ဧည့်တွေ့ လာနေတယ်…လိုက်မယ်ပြောတယ်….ကားဂိတ်က စောင့်တဲ့ ”
“ဟုတ်လား……ငါလည်း kim tae hee(ကိုရီးယားမင်းသမီး) နဲ့ချိန်း ထား တာ…. မင်းတို့ အားနာလို့ လိုက် လာတာ…..ဟီးဟီး ”

“ဟုတ်လား အသူရာကောင်လေး ရ အဝတ်တွေ ပုံနေ ပြန်ပြီတဲ့လား…..အလုပ်ကို လေးစားပါကွာ…..”
အသူရာကောင်လေး တစ်ချက် အလစ်ခံလိုက်ရတယ်…. ထိချက် က နဲနဲပြင်းသွား တယ်ထင်ပါတယ်…ပိုးဟတ်ကြီး မိုးမွှန်အောင် အဆဲ ခံ လိုက်ရတယ်…..။
“ ဟိုကောင် ကလည်း မလာသေး ဘူး ကွာ…. ကားတောင် ၂ စီးလွတ် သွား ပြီ”
ဘိုထက်ကြီး ညည်းတုန်း တန်းလန်း ပါပဲ ဆိုက်ဘို ရောက်လာ တာနဲ့ ကားအလာစောင့် ပြီး အာရှန် ကို လစ်ကြပါတော့တယ်.......။
အာရှန် ဆိုတာ က ဆူပါမားကပ် အကြီးစားကြီးပေါ့ဗျာ….. ကြီးတာမှ တော်တော်ကြီး တာ…. စလစ် တို့ရွာ တောင် စီးကရက် တစ်လိပ် မကုန်ဘူး… ရွာတစ် ပတ် ပြီး နေပြီ…ဒီဆိုင်ကြီး က ဆေးလိပ် အကြမ်း ၁ စီး လောက် ကုန်မှ ဆိုင်ကို လျောက် လည်ပြီးတာရယ် ဗျ…….. အမြဲတန်းတော့ မသွား ဖြစ်ပါဘူး…. တစ်ကူး တစ်က မလို့ တစ်ခါတစ်လေ မှ သွား ဖြစ်တယ်…. ကျောင်း ပိတ် ရက်တို့ ဝယ်စရာ တွေ လိုမှသွား ဖြစ်တယ်….

ကျွန်တော်တို့ အခု နေတဲ့ မြို့နဲ့ နဲနဲ ဝေးလို့…. မိနစ် ၂၀ လောက် တော့ ကားစီး ရတယ်ဗျ…..။ ပုံမှန် စားစရာ သောက်စရာ လောက် ကတော့ ကျွန်တော်တို့ အဆောင် နားက ဆိုင် က ပဲဝယ်စား ဖြစ်တယ်…..။ အဲဒီလို နဲ့ ပဲ အာရှန်ကို ကျွန်တော်တို့ အဖွဲ့ ရောက် သွား ကြပါလေရော…..။

“ကဲ…ရောက်တော့ရောက်လာပြီ…..မင်းတို့က ဘာဝယ်ကြမလို့တုန်း”
…ဟုတ်တယ်လေ…သူတို့ခေါ်လို့ သာ လိုက်လာရတယ်….ကိုယ်တွေက အညောင်းခံ ပြီးတော့ တစ်ကူး တစ်က လိုက် လာရ တာလေ…..စဉ်းစားကြည့်ရင် ကိုယ့်ကိုယ် တောင် သနားမိသေး….။
“ဟုတ်တယ်နော်…ငါတို့က ပင်ပန်းရင် ဗိုက်ဆာတတ် တယ်…..ဘာမှ မကျွေး ရင် ဒီက နေလှည့်ပြန်မှာ…ပြန်မှာ နော်..ဟင်းဟင်း”
အသူရာကောင်လေး က စိတ်ဆိုးချင်ယောင်ဆောင် ပြီး နှုတ်ခမ်းကြီး ထော်ပြီး ပြောနေသော်လည်း ကျွန်တော် ကတော့ မလုပ်…. ဟန်မဆောင် နိုင်ပါဘူးလေ….ကိုယ့်မှာမှ ပိုက်ဆံတစ်ပြားမှ မပါတာကိုး
“ ပိုးဟတ်ကြီး နဲ့ ဘိုထက် …. ငါကတော့ပြန်ဖူး နော်…. မင်းတို့သွားတဲ့ နောက် လိုက် မှာပဲ… မထားခဲ့နဲ့နော်….ဟီး”
“ဒီမယ် သိဟ်ကြီး….. မင်းကတော့ မင်းကြိုက်သလို ဆုံးဖြတ်နိုင်တယ်…. ပြန်ချင်ပြန်လို့ရတယ်…..”
“အဲလို သစ်စိမ်းချိုးမချိုးနဲ့ လေ…… သူများသား ကိုခေါ်တုန်းက ခေါ်ပြီးတော့……..”
သိတယ်…. အဲဒီ သတောင်းစားတွေ ကျွန်တော် ပိုက်ဆံမပါ မှန်းသိလို့ ကပ်ဖဲ့နေတာ…. အောင့်သက်သက်နဲ့ ကျိတ်မှိတ် တေးထားလိုက်တယ်…. တွေ့မယ် KFC ဆိုင်ရောက်မှ ငါ့အကြောင်း ကောင်းကောင်းသိတာပေါ့ ဆိုပြီးတော့…… ဝေသလီပြည် ဘီလူး စီးသလို စား သောက်ပြစ်လိုက်မယ်….. ဟင်းဟင်း…….။ အဲဒါနဲ့ ပဲ ဆိုင်ကြီး ထဲကို စတင် ဝင်ရောက်ခဲ့ကြ ပါတော့တယ်…..။

ကျွန်တော်နဲ့ ဆန်ဆာ ကလဲ စတွေ့တာပဲလေ….။ ဟိုငေး ဒီငေး လျောက်ကြည့်ရင်း နဲ့ အသူရာကောင်လေး က ဖိနပ်ကြည့် ချင်တယ် ဆိုတာနဲ့ ဖိနပ် ဆိုင် ထဲကို စဝင်လိုက် ကြတယ်….။ ရှေ့ က ဟိုကောင် တွေ ဝင်သွား တာ အကောင်း……ကျွန်တော် လဲ ဝင်ရော စတွေ့တာပဲ……ကိုယ်တော်ချော မောင်ဆန်ဆာ က ထ အော် ပါလေ ရော……..။
“တီတီ….တီတီ…….တီတီ”
ဟာ….. ဘာတုန်းဟ….
ကျွန်တော်တောင် ခေါင်းနပမ်း တွေ ကြီး သွား တယ်…..ပြန်စဉ်းစားကြည့် တော့လဲ ငါဘာများ မှားလို့ လည်းပေါ့….. ကျွန်တော်က သာ စဉ်းစား နေတာ…. ဆိုင်က Security နှစ်ယောက် လာပါလေရော…… သူတို့ ကလည်း ယဉ်ယဉ် ကျေးကျေး ပါပဲ….လူကြီးမင်း ကို စစ်ခွင့် ရှိမလားဆို ပြီး စစ်ပါလေရော…….ကျွန်တော်ဝတ်လာတဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျွန်တော်လွယ် နေကျ လွယ်အိတ်လေး ကို စစ်ရော……. စစ်တော့ရော ဘာတွေ့မှာ တုန်း…. လွယ်တဲ့ အိတ်ကလည်း အပြင်သွားရင် လွယ်နေကျ မလို့ သာ လွယ်တာ….ဘာမှပါတာ မဟုတ်ဘူး ရယ်ဗျ……သူတို့လဲ ကျွန်တော့်ကို စစ်ပြီး ဘာမှ မတွေ့တော့ ခေါင်းလေးကုတ်တုတ် ကုတ်တုတ် နဲ့ တောင်းပန်ပြီးပြန်သွား ကြ ရော…..။

ဟို ကောင် ၄ ကောင် ကတော့ ဘာမှတောင် မသိလိုက်ဘူး…….။ အဲဒါနဲ့ ကျွန်တော်လဲ ဘာမှ မပြောသေးဘူး…… ဒီဆိုင် က ဆန်ဆာ မကောင်းလို့ဖြစ်မယ် ဆိုပြီး ငြိမ်နေ လိုက်တယ်…..။ ဆိုင်ထဲမှာ ဟိုကြည့်ဒီကြည့် ကြည့်ပြီး ထွက်လာခဲ့ကြတယ်…. ဘာ ဖိနပ် မှလဲ မဝယ် ဖြစ်ပါဘူး…. ရှင်းရှင်း ပြောရင် ခြေအိတ် တောင် မဝယ် ဘူးထင်တာပဲ…..
ဟီးဟီး…….။
ဒီလိုနဲ့ဟို ဆိုင် ကြည့်လိုက် …… အပြင်အဆင်လေးကြိုက်ရင် ဝင်ကြည့်လိုက် နဲ့ ပေါ့…..။အဲ…..ဝင် တိုင်းလဲ ဆန်ဆာ က အော်တယ် ဗျာ…. သူ့လည်းပင်း တက်နင်းသွား တာကြတာနေပဲ… တတီတီ နဲ့…. အဲကြမှ ပဲ ဟိုကောင်တွေ ရိပ်မိသွား တယ်… အခွက်တွေ ကို က ပြုံးစိစိ နဲ့….. မင်းဟာမင်းရှင်း ဆို ပြီး လက်တောင် ခါလိုက်သေးတယ်….. သူ့တို့ သူငယ်ချင်း ကြီးရဲ့ အကျင့်စာရိတ္တကို လဲ ယုံလို့ လွှတ်လိုက်တယ် ထင်ပါတယ်……ကိုယ်ထင်တာ ကိုယ်ဆွဲတွေး ပြစ်လိုက်တာပဲ…..။ အဲဒါနဲ့ ကျွန်တော်လဲ တော်ပြီလို့…. ဒီကောင်တွေ ဝင်တိုင်း လိုက်မဝင်တော့ ဘူး လို့ ဆုံးဖြတ်လိုက် ပြီး အပြင် ကပဲ စောင့်ပဲ နေလိုက် တော့တယ်…..။ ဗိုက်ကလဲ ဆာ နေပြီ….ခြေကလဲတိုလွန်းလို့ ခေါင်းနဲ့ဖနောင့် ထိတော့မတတ်ပဲ….။

“ညီလေးမောင်သိဟ်……ပျင်းတော်မူ နေပြီလားကွဲ့…..”
အသူရာကောင်လေး ကအရွှန်းလာဖောက်လာ ပေမယ့်လဲ လူ က ဗိုက်လဲဆာ၊ညောင်းလဲ ညောင်းနေတာနဲ့ ပြန်ရွဲ့ လိုက်တယ်…
“မှန်လှပါ အစ်ကိုတော်..... ရွှေဗိုက်တော်လဲ ဆာတော်မူနေပြီ...သွားမယ်” ဆိုပြီး တော့ မနည်းဆွဲခေါ်ပြီး Mcdonalds နဲ့ KFC မုန့်ဆိုင်တန်းတွေ ဘက် ကို မနည်းဆွဲခေါ်လိုက်ရတယ်…..။လာကတည်း က ဆွဲ မယ်ဆို ပြီးကျိန်း လာ တော့ အသားကုန်ဆွဲလိုက် တယ်….။ စားသောက်ပြီးတော့ ဟိုကောင် တွေ က သိချင်ရှာနေတဲ့ ဆန်ဆာ ဂိတ်အကြောင်း မေး ပါတော့တယ်……။
“သိဟ်….မင်းဘာတွေ တို ထားတာလဲ….ငါတို့ သိက္ခာကျ အောင်မလုပ် ပါနဲ့ကွာ….”
“ခွီးတဲ့မှပဲ…. ငါ့မှာ ဆိုင် တစ်ခါ ဝင်တိုင်း မျက် ခုံး တစ်ခါလှုပ်တယ်….”
“အေး….. ထပ်လှုပ်ရဦးမယ်…. ဒါနောက်ဆုံး ပဲ…..အစားအသောက်တန်းဘက် သွားပြီးရင်ပြန်မယ်….”
သူတို့ပြောမှပဲ ဒူးတောင် တုန်ချင်လာတယ်…. ဟုတ်တယ်ဗျ….. စားသောက်ကုန်တန်းက Security ပိုများတယ်….. ကောင်တာ ၁ခုကို ၂ ယောက်ကိုရှိတာ…. ကောင်တာကလည်း ၃၀ ကျော်လောက်ရှိမယ် ထင်တာပဲ…. ကျော်ရင်လည်းကျော်လောက်တယ်….. ပြီးတော့ လူကောင်ကြီးတွေကလဲ အကြီးကြီးတွေရယ်…..ဟီးဟီး….. တော်ကြာမှ ဆန်ဆာ ထပ်မြည်ရင် မပြော မဆို နဲ့ဝိုင်း သမလိုက်လို့ကတော့….. အမလေး…..မလိုက်ချင်လိုက်ချင်နဲ့လိုက်ဝင် ဖို့ဆုံး ဖြတ်လိုက် တယ်…… အပြင်ကလည်း မစောင့် ချင်ဘူး……. ကိုယ်ကလည်း စောင့်ရမှာ ပြင်းတာရယ်….. လုပ်စရာလေးလဲ ရှိတာ နဲ့ ဝင်လိုက်တယ်…… ကိုယ့်ကိုယ်မာန်တင်းရင်း…… အော် ငါလည်း တရုတ်သိုင်းကားတွေ ကြည့်ထားတာပဲ ဆိုပြီး မျက်စိ ဇုံမှိတ်ပြီး လိုက်ဝင်လိုက် တယ်……ဘာဖြစ်ဖြစ်ကွာဆိုပြီးတောပေါ့….. နောက်တစ်ခုက ခုထိ အဖြေမပေါ်သေးတဲ့ ဆန်ဆာ ကိစ္စလဲ နောက်ဆုံး အဖြေပေါ်နိုင် ကောင်းရဲ့ဆိုပြီး ဝင်လိုက်ပါတော့တယ်…..။ အထဲ ရောက်တော့လဲ လမ်းလျောက်တဲ့ ဂျိုကာပုံ ပါတဲ့ပုလင်းလေး ကိုင်ပြီး ဟိုကောင်တွေခြင်းထဲ ထည့်လိုက်တယ်…..။
“ဘာလုပ်တာတုန်း….အဲဒါဘာလုပ်တာတုန်း ”
ခြင်းထဲထည့်တုန်းတန်းလန်း အလန့်တကြားနဲ့ ဆိုက်ဘို က ခြင်းတောင်းကြီးကို သူ့ဘက်ဆွဲပြီးအတင်း ကျောက်ကန်ငြင်းပါလေရော……
“ဟ….ဆေးထည့်ပေးနေတာဟ…….မြွေထည့်ပေး တာကြနေတာပဲ….. မြင်လားလမ်းလျောက်နေတဲ့ပုံလေး…..လမ်းလျောက်တာများလို့ ညောင်းညာ ရင် ဒီဆေး သောက် ပေးရတယ် တဲ့…… မသိဘူးလား”
“အေးသိတယ်…..လကုန်ရင်တော့လာထားပဲ…..”
“ဟီးဟီး….အေးပါ….ငါကလည်းအကြွေး ရရင် ဆင်တောင် ဝယ် စီးမလို့စဉ်းစားထားတာ…..ဖြစ်တယ်ဖြစ်တယ်….”

ဆိုက်ဘို ကို အတင်းစည်းရုံးပြီးအပြင်ထွက်ဖို့ပဲ စိတ်လော နေ မိတယ်……ဘာထပ်ဖြစ်မလဲ ဆိုတာ သိချင်နေပြီလေ…..။ ပြီးသွားကြပါပြီ…… ဆရာသမားများ ဝယ်ခြမ်း လို့…… ကျွန်တောလဲ ဘုရားစာတွေ ရွတ်နေပြီလေ….. ကောင်တာ စဖြတ်ပါပြီ….. အသူရာကောင်လေး ထွက်တယ်….. အေးဆေးပါပဲ…. ဆိုက်ဘို နဲ့ ပိုးဟတ်ကြီး ဖြတ်တယ်…. အသာအယာပါပဲ…. ဘိုထက် အလှည့် ငွေရှင်းတယ်…. ထွက်တယ်…. ပုံမှန်ပဲ…..ဘိုထက်နောက် က ကျွန်တော်ကပ်လိုက် လိုက်တယ်….. ပါတာပဲ…… ကလေကဝ၊ အုတ်ကြားမြက်ပေါက်၊ ကျက်သရေယုတ် ဆန်ဆာ က အဖေ ပျောက် ကို ပြန်တွေ့သလို အော်ပါလေရော ဗျို့……။
ဝုန်းကနဲပဲ Security ၄ ၅ကောင် လောက် ပြေးကပ်လာပါလေရော…… icon တွေနဲ့ ပြောကြဆိုကြ…..ဌာနချုပ်သတင်းပို့တယ်ထင်ပါတယ်…… ကျွန်တော့်မှာ အမိမဲ့သား ရေနဲငါးလို မျက်လုံး ပေကလပ်ပေကလပ် နဲ့ ပေါ့ဗျာ….. ပြီးတော့ အဲဒီ ငနဲ ၂ကောင် ခြံရံပြီး ခေါ်သွား ပါလေရော….. ဟို ၄ ကောင်ကတော့ မျက်နှာတောင်ပြောင်ပြ နေသေးတယ်…. လက်ခါပြပြီး လိုက်သွား လိုက်သွား ဆိုပြီး အမူအယာ လုပ် ပြနေလိုက်သေးတယ်…..။ စိတ်ထဲကတော့…. ငါ့ကိုရဲလက်များ အပ်ပြီလားဆိုပြီး တွေးမိသေးတယ်…. ပြီးမှ…..အော် ဘာမှ မဖြစ်တာပဲ လိုက်သွား တော့တိတိကျကျ အဖြေတောင် သိရသေး ဆိုပြီးငြိမ်ကာ လိုက်သွား လိုက်တယ်…… အဲဒါနဲ့ ဟိုကွေ့ဒီလျောက်နဲ့ ရဲစခန်းလို အခန်းမျိုးလေး တွေ့ပါလေရော….ဝင်လိုက်တော့ ရဲ၂ယောက်….. မင်္ဂလာပါ… ဘာညာပြောပြီး လက်ကိုင်ဆန်ဆာလေး နဲ့ စစ်ပါလေရော……အိပ်ကပ်နားလဲ ရောက်ရော ထမြည်ပြန်ပါလေရော…… အံမယ် ရဲ၂ကောင် ကတွေ့ပြီးပေါ့…. အောင်နိုင်သူ အပြုံးနဲ့ ……..အင်္ကျီ ချွတ်ခိုင်းပြီး အိပ်ကပ်ထဲ နှိပ်ပါလေရော…...၂ ကောင်လုံး ဟင် ခနဲ ဖြစ်ပြီးမျက်လုံးပြူးသွား တယ်……ဘာမှလဲ မတွေ့ဘူးပေါ့…. ဘယ်တွေ့မလဲ…. ဘာမှ မှမရှိတာကြီးကိုး…… အဲဒါနဲ့ ထပ် ပြီး ဆန်ဆာ ဖတ်ပြန်ရော….မြည်တာပဲဗျို့…….. ကျွန်တော် အဲတုန်းကတောင် တွေးမိသေးတယ်….. စုန်းများ ကျီစယ်နေသလားလို့…..ဟီးဟီး….. နောက်ပြီးမှ အော်…. ဒီနိုင်ငံမှာ မရှိလောက်ပါဘူးဆိုပြီး….. သူတို့စီက ကျွန်တော့်အင်္ကျီ တောင်းပြီး ကိုယ်တိုင်ကြည့်မယ်ဆိုပြီး တောင်းလိုက်တယ်…….ပြီးတော့ ဟိုနှိုက် ဒီနှိုက် ဖြဲရမ်း ရှာတော့မှ……….ဟော တွေ့ပါပြီ…………. အိပ်ကပ်အတွင်း ဘက်မှာ ကပ်နေတာ……. မိမစစ်ဖမစစ်၊ ပလက်ဖောင်းခေါင်းအုံး၊ ဓာတ်တိုင် ရှုးပေါက် ကောင် “တံဆိပ်”……ဟုတ်ပ တံဆိပ် …… ဖြစ်တော့မှာပေါ့ ဒီအင်္ကျီက ဘိုထက် ကသူတောင်မဝတ်ရသေးတဲ့ အသစ်ကြီးကိုး…… အဲဒီတော့မှာပဲ ကျွန်တော်လဲ သက်ပြင်းချနိုင် တော့တယ်…..ဟိုရဲ၂ကောင်လဲပြုံးစိစိနဲ့ ကျွန်တော်လဲသူတို့ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့ ပါတော့တယ်…..။ အပြင်ရောက်တော့ ဟို၎ကောင် က ငုတ်တုတ် ထိုင်စောင့်နေကြတယ်…..အဖေ ခရီးသွားလို့ပြန်အလာ မုန့်မျှော်နေတဲ့ ကောင်တွေကျနေတာပဲ….။ ကျွန်တော့် ဆန်ဆာ ဇာတ်လမ်းကတော့ အဲသလိုပဲ ဗျို့……ပြောတောင်ပြောချင်တာ မဟုတ်ဘူး….. လူစုံတုန်းမလို့ ရှင်း ပြရတာ…. ခုဆို ကျွန်တော့်မှာ ဆန်ဆာဂိတ် ကိုမြင်လိုက် တာနဲ့ ဘီလူးနှစ်ကောင် ဒူးထောင်ပြီး တင်းပုတ်ကြီး ထမ်းနေတာ ကို ပဲ မြင်မြင် နေမိပါတော့တယ်ဗျာ…..ဟီးဟီး။

ခင်မင်လေးစားလျက်
သိဟ်



4 comments:

Unknown said...

no comment but so funny

သိဟ် said...

ကျေးဇူးတင်ပါတယ်ဗျာ...comment ပေးလို့ ....ပရိတ်သတ်များကို ရီစေချင်ပါတယ်...:D

Ž said...

အရမ်းရီရပါတယ်...
အများကြီးလည်း ရီသွားပါတယ် :D

Anonymous said...

It's so funny.
But one thing I am not clear is that why this new shirt ring under every sensor.
It's mean this shirt haven't pass any sensor legally. So Bo Htet not buy this shirt! Just steal from somewhere.
That's why it's ring in everywhere like that ?
Har ha ! Just a Joke.

Related Posts Plugin for WordPress, Blogger...