Tuesday 24 February 2009

အုန်းသီးနှင့် တူသော မိန်းမပျိုလေးများ


"မိန်းမ" ဆိုတာ တစ်ကယ်တော့ "အုန်းသီး" တစ်လုံးလိုပါပဲ… အထဲ ထဲက အသားကို စားရဖို့ အတွက် အဆင့်ဆင့် ဖြတ်တောက် ခုတ်ပိုင်းရပါတယ်။ ပထမဦးဆုံး အုန်းသီးစားချင်ပြီးဆို ရင်တော့ ဓားကောင်းကောင်း တစ်လက်တော့ လိုပြီပေါ့ဗျာ၊ ဘာလို့ လဲဆိုတော့ အပေါ်ခွံ ကနဲနဲမာတယ်လေ… ငှက်ပျောသီးကို အခွံနွှာ စားသလိုမျိုး မလွယ်ဘူးဗျ….ထားပါတော့ အရင်ဆုံးဓားသုံးပေါ့ ဗျာ… ပထမအဆင့် အခွံနွှာပြီးတော့ ဒုတိယ အဆင့် မှာတော့ လက် နဲနဲဝင်တယ် ခင်မျ… အုန်းသီးအမျှင်တွေလေ.. လက်အားများမသန်လို့ ကတော့ တော်တော်နဲ့  ပြီးမှာမဟုတ်ဘူး…ဆွဲဆွဲဖြဲရတာ…ပြီးပြီဆိုတာနဲ့  အချောသတ်ပေါ့ဗျာ.. အုန်းသီး ကို အချောသတ် အဆင့်ပေါ့.. ဒါကတော့နဲနဲလွယ်တယ်ခင်မျ.. ဓားနဲ့ ဟိုခြစ်ဒီခြစ်.. ပန်းပုထုသလိုပါပဲ… အချောသတ် ပြီးပြီဆိုတာနဲ့ သူ့ ညီမ မိညိုကို ထပ်သတ်ကျတာပေါ့ဗျာ……… အဲ.. မှားလို့ .. အဲလို အချောသတ်ပြီးပြီဆိုတာနဲ့  နောက်ဆုံအဆင့်ကတော့ ခွဲဖို့  ပေါ့ဗျာ.....။

ဒီအဆင့်မှာတော့ နဲနဲပညာသား ပါတယ်ခင်မျ…မခွဲတတ်လို့ကတော့လေ… အုန်းသီးက ထပ်ခြမ်းတော့ မကွဲဘူး… အစိတ်စိတ် အမွှာမွှာဖြစ်သွားမယ်… ခွဲတတ်ဖို့ တော့လိုတာပေါ့ ဗျာ..မခွဲတတ်ဘူးဆိုရင်လဲ ခွဲတတ်တဲ့ သူဆီသင်ပေါ့ဗျာ..ကျွန်တော့်ဆရာရှိတယ်..သူ့ ဆီ မှာသင်..ခွဲချင်တာနဲ့ စွပ်ဆပ်မခွဲနဲ့ အုန်း..အုန်းရေတွေ အလကား ဖြစ်ကုန်မယ်.. ခံဖို့ ခွပ် အရင်ရှာအုန်း…ခွပ်ရတော့မှ ခွဲ..အဲဒါမှအုန်းရေသောက်ရမှာ..မဟုတ်ရင် အလကားဖြစ် ကုန်မယ်…ပင်ပန်းရကျိုးမနပ်ဖြစ်သွားမယ်… ပြီးမှအုန်းသီးဖတ်လေးတွေကို နွှာစားကြပေါ့ ဗျာ..ရေငတ်လာရင် အုန်းရေလေးသောက်… ဘယ်လောက်အရသာရှိသလဲ.. ကောင်းမှ ကောင်းပဲ..
သတိ.. စားကောင်းတိုင်း စွပ်မစားနဲ့ အပူကန်မယ်၊ ချောင်းဆိုးမယ်၊ လည် ချောင်းနာမယ်…အုန်းသီး ခွဲဘူးပြီး… အုန်းသီးစားဘူးတဲ့  သူတိုင်းသိမှာပါ။
ထွေထွေထူးထူး ပြောစရာမရှိပါဘူး..အဲလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ ဆိုတာလဲမလွယ် ဘူးခင်မျ… အုန်းသီးခွာရသလို နဲနဲတော့ပင်ပန်းတယ် လက်ပေါက်ကပ်တယ်ပေါ့ဗျာ.. ဒါကလဲ ကိုယ်က ခွာနေကျ မဟုတ်တာလဲပါမှာပေါ့လေ.. အဲ. . ခွာနေကျဖြစ်တဲ့ အုန်းသီး ဆိုင်က ကောင်မျိုးတွေကျတော့လဲ မပြောတတ်ဘူး… ဟုတ်တယ်.. သူတို့ ကအုန်းသီးကို ငှက်ပျောသီးခွာသလို ခွာတာ.. အရမ်းမြန်တာ.. ဟော..တစ်လုံး..ဟော..တစ်လုံးပဲ… အင်းပေါ့လေ ဘယ်တတ်နိုင်မလဲ ကိုယ်ကအုန်းသီးစားချင်တာကို နဲနဲတော့ ပင်ပန်းမှာ ပေါ့.. ဒါပေမယ့်သတိတော့ထားရမယ်….နောက်ဆက်တွဲ အပူကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း တွေကိုလဲ ခံနိုင်ရည်ရှိရမယ်..ဒါမှ...အုန်းသီးတစ်လုံးရဲ့  အရသာကို သိမှာပေါ့…..။
အုန်းသီးရဲ့  အရသာနဲ့ ဆိုးကျိုးတွေပဲပြောနေတာ.. တစ်ကယ်တော့ဆိုးကျိုး ထက် ကောင်းကျိုးတွေက ပိုများပါတယ်…ဥပမာ မြန်မာရိုးရာ မုန့်တွေမှာအုန်းသီးမပါတဲ့  မုန့် မရှိသလောက်ပါပဲ..ရှိရင် Comment လေးပေးပါအုန်းဗျာ.. ပြောရရင်တော့ ပါလေရာ ငပိချက်ပေါ့ဗျာ..ဆိုလိုတာက သူမရှိလို့ မဖြစ်ဘူး အသုံးဝင်တယ် အသုံးတဲ့ တယ်ဆိုတဲ့ သဘောပါ။ပြီးတော့ အုန်းနို့ ခေါက်ဆွဲ၊ အုန်းဆီ၊အုန်းထမင်းပြီးတော့ အုန်းနို့ နဲ့ဓညင်းသီး အစရှိသဖြင့်ပေါ့… နောက်အများကြီးရှိပါသေးတယ်.. ရေးရင်လဲပြီးတော့မှာမဟုတ်တော့ဘူး… ကျွန်တော် ကတော့ အုန်းသီးဆိုရင် ရင့်ရင်မကြိုက်ဘူးခင်မျ.. ဇွန်းခြစ်ပဲကြိုက်တယ်… ဟီဟီ… အရည် ကလဲချိုတယ်.. အဖတ်ကလဲနုတယ်လေ.. အရမ်းအရသာရှိတာ… ခင်များတို့လဲစားဘူးပါတယ်ဗျာ…အရသာရှိတယ်… ဟုတ်တယ်ဟုတ်… ပြီးတော့ အခွံလည်းနွှာစရာ မလိုဘူး..ဓားနဲ့ တစ်ချက်တဲ တိလိုက်ရုံပဲ…ဟီဟီ.. တစ်အားအဆင်ပြေတယ်… ပြောမယ့်သာပြောရတာပါ.. လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲဟာကို ကိုယ်
ကြိုက်တာကို စားကျပေါ့.. အုန်းသီးအကြောင်းပြောနေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး.....။
ပြောချင်တာက ဒီလိုဗျ… မိန်းကလေးတွေရဲ့ အချစ်ကိုရဖို့ ဆိုတာ မလွယ်ဘူးဆိုတဲ့ သဘောပါ.. သူတို့ ရဲ့ အပြင်ပန်းက ဘယ်လောက်ပဲမာကျောနေပါစေ.သူတို့ ရဲ့ နှလုံးသား ကတော့ အုန်းသီး ဆံလေးတွေလိုဖြူစင်ပြီး၊ အုန်းရေလို့ အေးမြပါတယ်ဗျာ.. ယောက်ကျား လေးများနဲ့ အနေနဲ့ အုန်းသီးစားပြီး အုန်းရေ သောက်ချင်ရင် နဲနဲတော့ ပင်ပန်းခံရမှာပေါ့ဗျာ ကိုယ်ကဖြူစင်တဲ့ နှလုံးသားနဲ့ အေးမြတဲ့ မေတ္တာရေ ကြည် ကို လိုချင်တယ်ဆိုရင်ပေါ့နော်။

ကျွန်တော်လိုလွယ်လွယ်ကူကူစားလို့ ရတဲ့ ဇွန်းခြစ်ကိုတော့ရှောင်ပေါ့ဗျာ.. ဒါပေမယ့်.. ဟီဟီ…စားလို့ တော့ ကောင်းတယ်နော်… အလကား အတည်ပါ.. နောက်တာပါ… ဒါတောင်အုန်းသီးစားချင်လို့ ဓားနဲ့ စပြီးခွဲတဲ့ အဆင့်ပဲ ရှိသေးတယ်.. အုန်းပင်ပေါ်မတက်ခိုင်းသေးဘူး.. တက်များ တက်ခိုင်းလို့ ကတော့…ဟီဟီ…ပြောတတ်တော့ဘူးဗျာ… တက်ချင်တဲ့ သူကတော့ တက်မှာပေါ့..ကျွန်တော်ကတော့ မတက်တော့ပါဘူး… ရသေ့စိတ်ဖြေနဲ့ ပဲနေတော့မယ်… ကုသိုလ်ကံ ကောင်းရင်တော့ အုန်းပင်လဲတက်စရာ မလိုပါဘူး..အုန်းသီးလဲခွဲစရာ မလိုပါဘူး.. အဆင်သင့်လာကျွေးမယ့်သူ ရှိမှာပါဗျာ… ဒါပေမယ့်လဲ အဲဒါတော်တော်လေးကို ကံထူးတဲ့ သူပဲဖြစ်မှာပါ… ကျွန်တော်လဲ အဲဒီ အထဲပါမယ်ထင်တာပဲ..အခုထိတော့ ဘယ်သူမှ လာမကျွေးကျသေးဘူး.. ဟီဟီ.. ရေးတာလဲ တော်တော်ရှည်သွားပြီ..ဆက်ရေးရင်လဲ ဖတ်တဲ့ သူငယ်ချင်းတွေက ရှည် တယ်ဆိုပြီး မေတ္တာပို့ မှာလဲစိုးရသေးတယ်…တော်ပြီနော်..လောက်ပဲ…သူငယ်ချင်းများ အားလုံး အုန်းသီးနဲ့  အုန်းရေ စားနိုင်သောက်နိုင်ကြပါစေ… လို့ ဆုတောင်းရင်း…..

အသူရာကောင်လေး(ခေတ္တနတ်ပြည်)




1 comments:

Unknown said...

ကျွန်တော် ``ဤစာကို ဖတ်မိတာ ကိုယ့်ကိုယ် အပြစ်တင်မိပါသည်... ` အရမ်းညံ့ဖျင်းသည့်စာပေ ဖြစ်ပါသည်...

Related Posts Plugin for WordPress, Blogger...