Wednesday 4 February 2009

ဖြတ်စာ



အို…………….ချစ်သူ
အရင်က ငါချေးထားတဲ့ ပိုက်ဆံတွေကို…
ကျေးဇူးပြုပြီး မေ့ပေးပါ။
ငါထီပေါက်ရင် ပြန်ဆပ်ပါ့မယ်လို့ 
ကတိပေးထားခဲ့တာကိုလဲ မေ့ပေးပါ။
မင်းပါးပြင်ကို နမ်းခဲ့တဲ့ 
ငါ့ရဲ့ အနမ်းတွေကိုလဲ မေ့ပေးပါ။
တစ်ကယ်တော့ ငါဟာ
မင်းဘ၀နဲ့ ထိုက်တန်သူ တစ်ယောက်
မဟုတ်တဲ့ အတွက်…
ငါနဲ့ ပတ်သတ်တာတွေအားလုံးမေ့ပစ်လိုက်ပါ…
ငါ့အတွက် ဘယ်တော့မှမျက်ရည်မကျပါနဲ့ …
ပြိတ္တာမျက်ရည် မြေမကျကောင်းဘူးဆိုတာ…
မင်းလဲသိမှာပါ…
မင်းငိုမှာစိုးလို့ နောက်လိုက်တာကို….
စိတ်မဆိုးပါနဲ့ ..
စိတ်ဆိုးချင် လဲဆိုးပါလေ…
ငါလိုချင်တာကလဲ မင်းစိတ်ဆိုးပြီးနာကြင်သွားတာကိုလိုချင်တာ…
ဒီစာကို ငါရဲ့ လက်နဲ့ ရေးတာဆိုပေမယ့် …
တစ်ကယ်တော့..၂လုံးသွေးနဲ့ ရေးတာဆိုရင် ပိုမှန်မယ်…
ကိုယ်တစ်ကယ် ခံစားရပါတယ် ချစ်သူ…..
ဒီစာလေး မင်းဆီရောက်တဲ့ အချိန်မှာ…
ကိုယ်ကတော့ မူးမှောက်လို့ ကုတင်ပေါ် ရောက်နေလောက်ပြီ…
ကိုယ့်အတွက် အကောင်းဆုံးဖြေဆေးကတော့ ….
ဒါပဲရှိတော့ တယ်လေ…
အရက် မသောက်တတ်တဲ့ ကိုယ့်အတွက်တော့..
များများစားစား သိပ်သောက်စရာမလိုပါဘူး…
တစ်လုံးလောက် ဆိုရင် ရပါပြီ…
နောက်ဆုံးအနေနဲ့ အရက်ဖိုးကို…
မင်းနာမည် နဲ့ ဆိုင်မှာမှတ်သွားခွင့်ပြုပါ…
အမြည်းကတော့ မှုန်ကြီးလက်ဘက်ပဲယူသွားတော့မယ်နော်…
မင်းလဲ မင်းအဆက်ဟောင်းကြီးဆီပြန်သွားပါတော့…
ငါလဲ အမေပေးစားတဲ့ မိန်းမပဲယူတော့မယ်…

ပေါက်စလေး(ဂွေးချောင်းခြံ)

3 comments:

မီးငယ် said...

အပြင်မှာ အဲဒီအတိုင်းသာသွားပြော......
:= :=

ဂျလုန်းဂျလုန်း said...

pyaw ohn hmar :P

Anonymous said...

Har Ha Nice !

Related Posts Plugin for WordPress, Blogger...