Monday 2 February 2009

Jalonejalone မိတ်ဆက်

ရေးမယ် ရေးမယ်နဲ့ဗျာ... ကျွန်တော် မရေးဖြစ်ပါဘူး... အခုလဲ မအားတဲ့ကြားက ရေးလိုက်တာပါ.. ဂျလုန်း ဂျလုန်း လို့ အမည်တွင်ပါတယ်ဗျာ... သူငယ်ချင်းများက ဒီလိုပဲ ခေါ်ပါတယ်.. အခုတော့ စိတ်ရှုပ်လို့ ကတုံးတုံးထားတယ်.. တစ်ခမ်းမွှေး ရက်စက်ထားလို့... အရာအားလုံးကတော့ သူ့ဟာနဲ့သူ ပုံမှန်ဖြတ်သန်းနေကြတာပဲ... ကျွန်တော် အပါအဝင်ပေါ့... မပြောချင်ပါဘူးဆိုမှ ပြောရတော့မှာပေါ့..
၁။ ကျွန်တော်ကတော့ ကျွန်တော်ပါပဲ။ (ကျွန်တော် = ငမူး)
၂။ ရဲကြီး (အသူရာကြီး) မြန်မာစာ ဂုဏ်ထူးထွက်တာ အခုထိ အရက်မတိုက်သေးဘူး။ (အဲဒီ ခေါင်းစဉ် မတပ်ရသေးတာ.. နေ့တိုင်းတော့ သောက်နေတာပဲ)
၃။ လေးဖြူအခွေအသစ်မှာ သံယောဇဉ်ဆိုတဲ့ သီချင်းကို စာသားပြောင်းဆိုတဲ့ (Slip ဆိုတဲ့ ) ကောင်လည်း ရှိသေးဗျ။(ဒီကောင်ကလဲ ခပ်ကြောင်ကြောင်ပါပဲ)
၎။ XyBo ကတော့ ခေါက်ဆွဲခြောက်စားပြီးဝတာ သူတစ်ယောက်ပဲရှိတယ်ဆိုပဲ ကြွေးကြော်နေလေရဲ့။ (ခေါက်ဆွဲခြောက်တောင် နပ်မမှန်လို့ အခု စကွဲ နဲ့ ဖွဲနု စားနေရတယ် )
၅။ ရူပါရှိတယ်.. ဒေါင်ရှိတယ်နော်.. သွားမစမ်းနဲ့.. လက်သီးပြင်းတယ်။ (ဘိုထက်၏ မူးတိုင်းပြောစကား)
၆။ မောင်သိဟ်ကတော့ ပုံမှန်ပါပဲ။
(စောက်ရူးထတာက လွဲလို့)
၇။ ကိုပိုးဟပ်ကြီးကတော့ သူ့ကိုယ်သူ အကြီးဆုံးဆိုပြီး လူသိအောင် နှုတ်ခမ်းမွှေးတွေထားတာ သမိန်ပေါသွပ်လိုလို ဘာလိုလို။ (တကယ်တော့ မတူပါဘူး... ကြောင်နဲ့ပဲ တူတာပါ)

ကျွန်တော်လည်း ဥာဏ်နီဥာဏ်နက်ကတော့ အဆင်သင့်ပါပဲဗျာ ဒါပေမယ့် ချစ်သူကို လွမ်းနေလို့ နောက်မှပဲ ထပ်တွေ့ကြတာပေါ့.... ကျေးဇူးအများကြီးတင်ပါတယ် ခင်ညာ..

မှတ်ချက်။ ကွင်းစကွင်းပိတ်ထဲက စာသားများ အယ်ဒီတာ XyBo ထပ်ဖြည့်၍ ဘိုထက် ပြန်လည်တည်းဖြတ်သည်။

2 comments:

ADMIN said...

ဘလော့စာမျက်နှာပေါ်တွင် ကိုယ်ရေးကိုယ်တာကိစ္စများ ထုတ်ပေါ်ပြောဆိုခြင်းအား လုံးဝ သည်းခံလိမ့်မယ်မဟုတ်!!!!

Anonymous said...

အကိုကြီး SLIP ရေ..အကို့စကားကို လုံးဝထောက်ခံတယ်ဗျာ..စာရေးသူက သူ့အကြောင်းတော့ မပြောဘူး..သူများတွေကိုတော့နှိပ်ကွပ်ထားတယ်..မတရားဘူး

Related Posts Plugin for WordPress, Blogger...